ပိုင္ရွင္မဲ့ သစ္မ်ိဳးစံု တန္ေပါင္း(၁၀၀)ေက်ာ္ကို တစ္ေန႔တည္းတြင္ တိုင္းေဒသႀကီးႏွစ္ခုအတြင္း သိမ္းဆည္းရမိ

ပိုင္ရွင္မဲ့ သစ္မ်ိဳးစံု တန္ေပါင္း(၁၀၀)ေက်ာ္ကို တစ္ေန႔တည္းတြင္ တိုင္းေဒသႀကီးႏွစ္ခုအတြင္း သိမ္းဆည္းရမိ
မတ် 7, 2019
By Tachileik News Agency

သစ္ေတာဦးစီးဌာနက ၂၀၁၉ ခုႏွစ္၊ မတ္လ (၆)ရက္ေန႔တြင္ မေကြးတုိင္းေဒသႀကီး ကံမၿမိဳ႕နယ္ႏွင့္ ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္ ခေပါင္းႀကိဳးဝိုင္းေတာမ်ားအတြင္း သစ္ခိုးထုတ္မႈမ်ားကို ပိုင္ရွင္မဲ့မ်ားအျဖစ္ ဖမ္းဆီးရမိထားေၾကာင္း သတင္းထုတ္ျပန္သည္။

မေကြးတုိင္းေဒသႀကီး၊ ကံမၿမိဳ႕နယ္သစ္ေတာဦးစီးဌာနႏွင့္ ရဲတပ္ဖြဲ႕တို႔ ပူးေပါင္းပါဝင္သည့္အဖြဲ႕သည္ မတ္လ (၆)ရက္ေန႔ ေန႔လယ္ (၂)နာရီ (၁၅)မိနစ္ခန္႔က ပုသိမ္-မံုရြာကားလမ္း၊ မိုင္တိုင္အမွတ္ (၁၈၈/၄) ဖာလံု၏ အေ႐ွ႕ဘက္တစ္မိုင္ခြဲခန္႔ အကြာ ေဒသအေခၚ ေပါက္ေတာကြင္းေနရာတြင္ ယာဥ္အမွတ္မပါ Hino ကား (၆)ဘီးကားေပၚမွ တရားမဝင္ပ်ဥ္းကတိုးခြဲသား (၃.၁၄၂၀)တန္အား ပိုင္ရွင္မဲ့ ဖမ္းဆီးရမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

ပဲခူးတိုင္းေဒသႀကီးတြင္ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈသ တင္းပို႔စနစ္-CMRS ျဖင့္ သတင္းေပပို႔ခ်က္အရ သစ္ေတာဝန္ထမ္းမ်ား၊ ခလရ(၅၃)မွ တပ္မေတာ္သားမ်ား၊ သစ္ေတာလုံျခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ျဖင့္ ေတာင္ငူၿမိဳ႕နယ္၊ ခေပါင္းႀကိဳးဝိုင္းအတြင္း ကြင္းဆင္းစစ္ေဆးရာ သစ္စက္ႏွင့္ သစ္လံုး၊ သစ္ခြဲသားမ်ားကို ပိုင္ရွင္မဲ့ စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

သစ္ေတာႀကိဳးဝိုင္းအတြင္း တရားမဝင္သစ္စက္ႏွင့္ ကၽြန္းသစ္ (၈၃.၃၉၈၆) တန္၊ ပ်ဥ္းကတိုး (၂၅)တန္ခန္႔တို႔ကို စစ္ေဆးေတြ႔ရိွထားသျဖင့္ လံုၿခံဳရာသို႔ အျမန္ဆံုးသယ္ယူရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - သစ္ေတာဦးစီးဌာန



~~~~~~~~⊰❂ Unicode Version ~~~~~~~~

သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ မတ်လ (၆)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ကံမမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ခပေါင်းကြိုးဝိုင်းတောများအတွင်း သစ်ခိုးထုတ်မှုများကို ပိုင်ရှင်မဲ့များအဖြစ် ဖမ်းဆီးရမိထားကြောင်း သတင်းထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် မတ်လ (၆)ရက်နေ့ နေ့လယ် (၂)နာရီ (၁၅)မိနစ်ခန့်က ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၁၈၈/၄) ဖာလုံ၏ အရှေ့ဘက်တစ်မိုင်ခွဲခန့် အကွာ ဒေသအခေါ် ပေါက်တောကွင်းနေရာတွင် ယာဉ်အမှတ်မပါ Hino ကား (၆)ဘီးကားပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၃.၁၄၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် လူထုအခြပြေု စောင့်ကြပ်ကြည့်ရှုသ တင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့ချက်အရ သစ်တောဝန်ထမ်းများ၊ ခလရ(၅၃)မှ တပ်မတော်သားများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း ကွင်းဆင်းစစ်ဆေးရာ သစ်စက်နှင့် သစ်လုံး၊ သစ်ခွဲသားများကို ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် ကျွန်းသစ် (၈၃.၃၉၈၆) တန်၊ ပျဉ်းကတိုး (၂၅)တန်ခန့်တို့ကို စစ်ဆေးတွေ့ရှိထားသဖြင့် လုံခြုံရာသို့ အမြန်ဆုံးသယ်ယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - သစ်တောဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net