ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးအေရးယူခံရသည့္ ျမန္မာႏုိင္ငံသား(၁၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးအေရးယူခံရသည့္ ျမန္မာႏုိင္ငံသား(၁၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
မတ် 11, 2019
By Tachileik News Agency
ထိုင္းႏိုင္ငံအတြင္း နယ္ေျမေက်ာ္၀င္ေရာက္ျခင္း၊ တရားမ၀င္ ၀င္ေရာက္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ား (၁၃)ဦးကို တာခ်ီလိတ္သို႔ ထိုင္းတာ၀န္ရွိသူမ်ားမွ ၂၀၁၉ခုႏွစ္ မတ္လ(၁၁)ရက္ေန႔ ေန႔လည္ပိုင္းက လာေရာက္လႊဲေျပာင္းလာေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရၿပီး အေရးယူမႈခံယူၿပီးသည့္ အမ်ဳိးသား(၁၀)ဦးႏွင့္ အမ်ဳိးသမီး(၃)ဦး စုစုေပါင္း (၁၃)ဦးအား မယ္ဆိုင္ လ၀က ႏွင့္ အဖြဲ႔မွ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတားဘက္ရွိ တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္းေပးခဲ့ရာတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမ်ိဳးသား (၂) ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ိဳးသား (၇) ဦးႏွင့္ အမ်ိဳးသမီး (၂) ဦး၊ ရွမ္းျပည္နယ္ေျမာင္ပိုင္းမွ အမ်ိဳးသား (၁) ဦးႏွင့္ အမ်ိဳးသမီး (၁) ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

တာခ်ီလိတ္မွ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ ထုိင္းနိုင္ငံဘက္ လည္ပတ္ရာတြင္ သတ္မွတ္ ဧရိယာ ေက်ာ္လြန္သြားလာသူမ်ားအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးခံရၿပီး ျပစ္ဒဏ္ေစ့သူမ်ားကိုလည္း ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွၿပီး တစ္ခါတစ္ရံတြင္ ျမန္မာႏုိင္ငံသားအျဖစ္ အတည္ျပဳႏုိင္ျခင္းမရိွသူမ်ားကို ထုိင္းဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးရမႈမ်ားလည္းရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း နယ်မြေကျော်ဝင်ရောက်ခြင်း၊ တရားမဝင် ဝင်ရောက်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (၁၃)ဦးကို တာချီလိတ်သို့ ထိုင်းတာဝန်ရှိသူများမှ ၂၀၁၉ခုနှစ် မတ်လ(၁၁)ရက်နေ့ နေ့လည်ပိုင်းက လာရောက်လွှဲပြောင်းလာကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး အရေးယူမှုခံယူပြီးသည့် အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၁၃)ဦးအား မယ်ဆိုင် လဝက နှင့် အဖွဲ့မှ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားဘက်ရှိ တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးခဲ့ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား (၂) ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၂) ဦး၊ ရှမ်းပြည်နယ်မြောင်ပိုင်းမှ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

တာချီလိတ်မှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ထိုင်းနိုင်ငံဘက် လည်ပတ်ရာတွင် သတ်မှတ် ဧရိယာ ကျော်လွန်သွားလာသူများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သူများကိုလည်း မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိပြီး တစ်ခါတစ်ရံတွင် မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်ခြင်းမရှိသူများကို ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးရမှုများလည်းရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net