တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ေခ်ာင္းတြင္ ေႏြရာသီ သႀကၤန္ကာလအတြက္ ဆိုင္းခန္မ်ား စတင္ တည္ေဆာက္ေန

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ေခ်ာင္းတြင္ ေႏြရာသီ သႀကၤန္ကာလအတြက္ ဆိုင္းခန္မ်ား စတင္ တည္ေဆာက္ေန
မတ် 5, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္စဥ္ေႏြရာသီ သႀကၤန္ကာလအျဖစ္ အပန္းေျဖေနရာ  ဖြင့္လွစ္ေလ့ရွိသည့္ ပုန္းထြန္ေခ်ာင္း(လြယ္ေတာ္ခမ္း)တြင္ ၂၀၁၉ခုႏွစ္ ေႏြရာသီအတြက္  မတ္လ(၁၇)ရက္ေန႔မွ ဧၿပီလ(၁၇)ရက္ေန႔အထိ ဆိုင္ခန္းေပါင္း (၃၀)ျဖင့္ တစ္လတာ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဆိုင္ခန္း (၃၀) ခ်ထားတယ္။ ဆိုင္ခန္းအားလံုးက ေပ (၂၀) ပတ္လည္ေပါ့။ ေပ (၄၀)၊ (၆၀) ဆိုင္ခန္းေတြလည္းပါတယ္။ ဆိုင္ခန္းခေတြက ေပ (၂၀) ကို ဘတ္ (၆,၀၀၀) ေပါ့။ ေအာက္ကေရာင္းမေကာင္းတဲ့ဆိုင္ေတြက (၂,၀၀၀)၊ (၁,၀၀၀) ေပါ့။ အဓိကေရာင္းေကာင္းတာေတာ့ တံတား(၁) နတ္စင္နားေလးေပါ့။ အရင္ႏွစ္ကထက္ ဆိုင္ခန္းငွားတာ နည္းတယ္။ မတ္လ (၄) ရက္ေန႔ကစၿပီး ပြဲမိန္႔တင္ထားတယ္။ ေစ်းဆိုင္ခန္းေတြကႀကိဳ ေဆာက္တာေပါ့။ အခုတံတားေတြေဆာက္ေပးေနတယ္။ ေရာင္းလို႔ရတာက (၁၇) ရက္ေန႔မွေရာင္းရမယ္"ဟု လြယ္ေတာ္ခမ္းအုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏွစ္စဥ္ျပဳလုပ္ေလ့ရွိသည့္ အဆိုပါေနရာတြင္  လာေရာက္သူမ်ား အႏၱရာယ္ကင္းစြာ အပန္းေျဖႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ပြဲေတာ္က်င္းပေရးေကာ္မတီ၊ ၾကက္ေျခနီတပ္ဖြဲ႕ႏွင့္ ျပည္သူ႕စစ္အဖြဲ႕တို႔ျဖင့္ လံုၿခံဳေရးကိစၥရပ္မ်ားကို ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ေရကစားသူမ်ား ေရနစ္မႈမ်ားမျဖစ္ေပၚေရးအတြက္ ေစာင့္ၾကပ္မႈမ်ားထားရွိထားမည္ျဖစ္ၿပီး အႏၱရာယ္ရွိႏိုင္မည့္ ေနရာမ်ားတြင္ ေရမကူးရန္အတြက္ တားျမစ္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

"ျဖစ္တတ္တာက တံတား (၁) နားမွာ။ သူကေရစီးနည္းနည္းၾကမ္းတယ္။ ေက်ာက္ေဆာင္ေတြနားမွာ ေရကူးကၽြမ္းတဲ့သူ (၃) ေယာက္ေလာက္ ထိုင္ေစာင့္မယ္။ ၀ါးေတြနဲ႔တားထားမယ္။ ေရကူးလို႔မရေအာင္လို႔။ ေက်ာက္ဂူေအာက္မွာ လိႈဏ္ျဖစ္ေနတယ္။ ေအာက္မွာ ေရတားတစ္ခုထားတယ္။ လိႈဏ္ထဲမွာ ေက်ာက္ခဲ ကားအစီး (၂၀) ခ်ထားတယ္။ အေပါက္ပိတ္ေအာင္ေပါ့"ဟု လြယ္ေတာ္ခမ္းအုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရိွသူတစ္ဦးက ေျပာသည္။

၂၀၀၀ခုႏွစ္မွစ တင္ၿပီး အဆိုပါေနရာတြင္ သႀကၤန္ကာလအတြင္း ေရကစားသူ မ်ားျပားခဲ့ၿပီး ဆိုင္ခန္းဖြင့္လွစ္ေရာင္းခ်မႈမ်ားရိွလာခဲ့ရာတြင္ ဆိုင္ခန္းေနရာလုယူမႈမ်ားေၾကာင့္ ရန္ပြဲမ်ားျဖစ္လာခဲ့ရာတြင္ ၂၀၀၂ ခုႏွစ္မွစတင္ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ယူၿပီး ဆိုင္ခန္းေနရာခ်ထားေပးမႈမ်ားေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ ႏွစ္စဥ္ ေႏြရာသီသႀကၤန္ကာလအျဖစ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရွိ ေဒသအေခၚ ပုန္းထြန္ေခ်ာင္းတြင္ လည္းေကာင္း၊ ဖန္မင္ေက်းရြာအုပ္စုအတြင္းရွိ မယ္ဟုတ္ေခ်ာင္းတို႔တြင္ လည္းေကာင္း ေရကစားရင္း အစားအေသာက္မ်ား ၀ယ္ယူစားေသာက္ႏုိင္ရန္ ဆိုင္ခန္းတဲမ်ားျဖင့္ ဖြင့္လွစ္ေလ့ရွိသည္။

သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


တာချီလိတ်မြို့တွင် နှစ်စဉ်နွေရာသီ သင်္ကြန်ကာလအဖြစ် အပန်းဖြေနေရာ ဖွင့်လှစ်လေ့ရှိသည့် ပုန်းထွန်ချောင်း(လွယ်တော်ခမ်း)တွင် ၂၀၁၉ခုနှစ် နွေရာသီအတွက် မတ်လ(၁၇)ရက်နေ့မှ ဧပြီလ(၁၇)ရက်နေ့အထိ ဆိုင်ခန်းပေါင်း (၃၀)ဖြင့် တစ်လတာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဆိုင်ခန်း (၃၀) ချထားတယ်။ ဆိုင်ခန်းအားလုံးက ပေ (၂၀) ပတ်လည်ပေါ့။ ပေ (၄၀)၊ (၆၀) ဆိုင်ခန်းတွေလည်းပါတယ်။ ဆိုင်ခန်းခတွေက ပေ (၂၀) ကို ဘတ် (၆,ဝဝဝ) ပေါ့။ အောက်ကရောင်းမကောင်းတဲ့ဆိုင်တွေက (၂,ဝဝဝ)၊ (၁,ဝဝဝ) ပေါ့။ အဓိကရောင်းကောင်းတာတော့ တံတား(၁) နတ်စင်နားလေးပေါ့။ အရင်နှစ်ကထက် ဆိုင်ခန်းငှါးတာ နည်းတယ်။ မတ်လ (၄) ရက်နေ့ကစပြီး ပွဲမိန့်တင်ထားတယ်။ ဈေးဆိုင်ခန်းတွေကကြို ဆောက်တာပေါ့။ အခုတံတားတွေဆောက်ပေးနေတယ်။ ရောင်းလို့ရတာက (၁၇) ရက်နေ့မှရောင်းရမယ်"ဟု လွယ်တော်ခမ်းအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်စဉ်ပြုလုပ်လေ့ရှိသည့် အဆိုပါနေရာတွင် လာရောက်သူများ အန္တရာယ်ကင်းစွာ အပန်းဖြေနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပွဲတော်ကျင်းပရေးကော်မတီ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့ဖြင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်ထားကြောင်း သိရသည်။

ရေကစားသူများ ရေနစ်မှုများမဖြစ်ပေါ်ရေးအတွက် စောင့်ကြပ်မှုများထားရှိထားမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်မည့် နေရာများတွင် ရေမကူးရန်အတွက် တားမြစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

"ဖြစ်တတ်တာက တံတား (၁) နားမှာ။ သူကရေစီးနည်းနည်းကြမ်းတယ်။ ကျောက်ဆောင်တွေနားမှာ ရေကူးကျွမ်းတဲ့သူ (၃) ယောက်လောက် ထိုင်စောင့်မယ်။ ဝါးတွေနဲ့တားထားမယ်။ ရေကူးလို့မရအောင်လို့။ ကျောက်ဂူအောက်မှာ လှိုဏ်ဖြစ်နေတယ်။ အောက်မှာ ရေတားတစ်ခုထားတယ်။ လှိုဏ်ထဲမှာ ကျောက်ခဲ ကားအစီး (၂၀) ချထားတယ်။ အပေါက်ပိတ်အောင်ပေါ့"ဟု လွယ်တော်ခမ်းအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၀၀ခုနှစ်မှစ တင်ပြီး အဆိုပါနေရာတွင် သင်္ကြန်ကာလအတွင်း ရေကစားသူ များပြားခဲ့ပြီး ဆိုင်ခန်းဖွင့်လှစ်ရောင်းချမှုများရှိလာခဲ့ရာတွင် ဆိုင်ခန်းနေရာလုယူမှုများကြောင့် ရန်ပွဲများဖြစ်လာခဲ့ရာတွင် ၂၀၀၂ ခုနှစ်မှစတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ယူပြီး ဆိုင်ခန်းနေရာချထားပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်တွင် နှစ်စဉ် နွေရာသီသင်္ကြန်ကာလအဖြစ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ဒေသအခေါ် ပုန်းထွန်ချောင်းတွင် လည်းကောင်း၊ ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ မယ်ဟုတ်ချောင်းတို့တွင် လည်းကောင်း ရေကစားရင်း အစားအသောက်များ ဝယ်ယူစားသောက်နိုင်ရန် ဆိုင်ခန်းတဲများဖြင့် ဖွင့်လှစ်လေ့ရှိသည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net