ေက်ာက္မဲစည္ပင္တြင္ အသံုးျပုရန္ မသင့္ျဖစ္ေနၿပီး ၾကမ္းခင္းေစ်း သိန္း(၄၀)ေက်ာ္တန္ဖိုးရွိသည့္ ယာဥ္ႏွင့္ စက္ပစၥည္းမ်ားကို မတ္လ (၂၅)ရက္ေန႔တြင္ ေလလံတင္မည္

ေက်ာက္မဲစည္ပင္တြင္ အသံုးျပုရန္ မသင့္ျဖစ္ေနၿပီး ၾကမ္းခင္းေစ်း သိန္း(၄၀)ေက်ာ္တန္ဖိုးရွိသည့္ ယာဥ္ႏွင့္ စက္ပစၥည္းမ်ားကို မတ္လ (၂၅)ရက္ေန႔တြင္ ေလလံတင္မည္
မတ် 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနပိုင္ ျပန္လည္အသံုးျပဳရန္မသင့္သည့္ ၾကမ္းခင္းေစ်း က်ပ္သိန္း(၄၀)ေက်ာ္တန္ဖိုးရွိ ယာဥ္ႏွင့္စက္ပစၥည္းမ်ားကို ၂၀၁၉ ခုႏွစ္ မတ္လ (၂၅)ရက္ေန႔တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီရံုး၌ ေလလံျဖင့္ေရာင္းခ်မည္ျဖစ္၍ မတ္လ (၂၁)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားနုိင္ေၾကာင္း သိရသည္။

ေရာင္းခ်မည့္ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆုိင္ကယ္ႏွင့္ စက္ပစၥည္းမ်ား၏ ၾကမ္းခင္းေစ်းမ်ားမွာ အနိမ့္ဆံုး က်ပ္သံုးေသာင္းမွ က်ပ္ဆယ္သိန္းအထိရိွၿပီး အသက္(၁၈)ႏွစ္ျပည့္ၿပီးသူ ျမန္မာႏုိင္ငံသားတုိင္း ဝယ္ယူခြင့္ရိွေၾကာင္း သိရသည္။

ေလလံတင္ေရာင္းခ်မည့္ပစၥည္းမ်ားတြင္ အီဆူဇူးယာဥ္၊ ေထာ္လာဂ်ီ၊ ကင္တာယာဥ္၊ ဆုိင္ကယ္၊ ေျမတူးစက္၊ ဟိုင္းလတ္ယာဥ္တုိ႔ပါဝင္မည္ျဖစ္ၿပီး Lot.8 ခုျဖင့္ ေလလံတင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေလွ်ာက္လႊာမ်ားကို မတ္လ(၈)ရက္ေန႔မွစ၍ ဝယ္ယူေလွ်ာက္ထားႏုိင္ၿပီး ႏုိင္ငံသားစိစစ္ေရးကဒ္မိတၱဴ၊ အိမ္ေထာင္စုစာရင္းမိတၱဴ၊ စည္ပင္သာယာခြန္ေၾကြးက်န္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေထာက္ခံခ်က္ႏွင့္ ျပစ္မႈကင္းရွင္းေၾကာင္း ရဲစခန္းေထာက္ခံခ်က္တုိ႔ျဖင့္ ပူးတြဲတင္ျပရန္လိုအပ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနပိုင် ပြန်လည်အသုံးပြုရန်မသင့်သည့် ကြမ်းခင်းဈေး ကျပ်သိန်း(၄၀)ကျော်တန်ဖိုးရှိ ယာဉ်နှင့်စက်ပစ္စည်းများကို ၂၀၁၉ ခုနှစ် မတ်လ (၂၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ လေလံဖြင့်ရောင်းချမည်ဖြစ်၍ မတ်လ (၂၁)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ရောင်းချမည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် စက်ပစ္စည်းများ၏ ကြမ်းခင်းဈေးများမှာ အနိမ့်ဆုံး ကျပ်သုံးသောင်းမှ ကျပ်ဆယ်သိန်းအထိရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားတိုင်း ဝယ်ယူခွင့်ရှိကြောင်း သိရသည်။

လေလံတင်ရောင်းချမည့်ပစ္စည်းများတွင် အီဆူဇူးယာဉ်၊ ထော်လာဂျီ၊ ကင်တာယာဉ်၊ ဆိုင်ကယ်၊ မြေတူးစက်၊ ဟိုင်းလတ်ယာဉ်တို့ပါဝင်မည်ဖြစ်ပြီး Lot.8 ခုဖြင့် လေလံတင်ပေးမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနဖြေင့် လျှောက်လွှာများကို မတ်လ(၈)ရက်နေ့မှစ၍ ဝယ်ယူလျှောက်ထားနိုင်ပြီး နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ စည်ပင်သာယာခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ဖြင့် ပူးတွဲတင်ပြရန်လိုအပ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net