ဟိုတယ္မ်ားတြင္ စာရြက္ျဖင့္ ေပးပို႔သည့္ ဧည့္စာရင္းစနစ္အစား အြန္လိုင္းဧည့္စာရင္းတိုင္ၾကားမႈစနစ္အျဖစ္ ေျပာင္းလဲႏိုင္ရန္ တာခ်ီလိတ္တြင္ သင္တန္းေပး

ဟိုတယ္မ်ားတြင္ စာရြက္ျဖင့္ ေပးပို႔သည့္ ဧည့္စာရင္းစနစ္အစား အြန္လိုင္းဧည့္စာရင္းတိုင္ၾကားမႈစနစ္အျဖစ္ ေျပာင္းလဲႏိုင္ရန္ တာခ်ီလိတ္တြင္ သင္တန္းေပး
မတ် 7, 2019
By Tachileik News Agency

ဟိုတယ္မ်ားတြင္ တည္းခိုသည့္ ဧည့္သည္မ်ား၏ ဧည့္သည္စာရင္းကို သက္ဆုိင္ရာဌာနမ်ားသို႔ အြန္လုိင္းစနစ္ျဖင့္ ေပးပို႔ျခင္းသို႔ ေျပာင္းလဲရန္ အြန္လိုင္းဧည့္စာရင္းတိုင္ၾကားမႈစနစ္ သင္ၾကားေပးေနရာ ၂၀၁၉ ခုႏွစ္၊ မတ္လ (၇)ရက္ေန႔က ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွဟိုတယ္မ်ားကို သင္ၾကားေပးေၾကာင္း သိရသည္။

"အရင္အစဥ္အဆက္က စာရြက္နဲ႔သြားခဲ့တာကေန e-Government စနစ္နဲ႔သြားဖို႔အတြက္ ယခင္ကတည္းက စခဲ့တာေပါ့။ ရုတ္တရက္ အေကာင္အထည္ မေဖာ္ေသးဘဲနဲ႔ တျဖည္းျဖည္း ကၽြန္ေတာ္တို႔ စာရြက္နဲ႔တစ္ဆင့္၊ အြန္လိုင္းနဲ႔တစ္ဆင့္ သြားၿပီးေတာ့ အခ်ိန္ကာလတစ္ခုေရာက္ရင္ စာရြက္နဲ႔ပို႔တဲ့စနစ္ဖ်က္သိမ္းသြားမယ္ေပါ့"ဟု ဟိုတယ္ႏွင့္ခရီးသြားလာေရး ညႊန္ၾကားမႈဦးစီးဌာန (တာခ်ီလိတ္ရံုးခြဲ)မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေတဇာမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အြန္လိုင္းဧည့္စာရင္းတုိင္ၾကားမႈစနစ္ သင္တန္းကို ရန္ကုန္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလက လည္းေကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ လည္းေကာင္း၊ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလတြင္ ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီး၊ ေညာင္ေရႊ၊ ကေလာၿမိဳ႕မ်ားႏွင့္ မတ္လတြင္ တာခ်ီလိတ္၊ က်ိဳင္းတံုၿမိဳ႕မ်ား၌ ဟိုတယ္ႏွင့္ခရီးသြားလာေရး ညႊန္ၾကားမႈဦးစီးဌာနက သင္တန္းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ဟိုတယ္အလံုးေပါင္း (၁,၅၀၀)ေက်ာ္ ရိွပါတယ္။ ဒီဟိုတယ္ေတြက သတင္းေပးပို႔ဖို႔ရာ အတြက္ စာရြက္ေတြကို ဟိုတယ္တစ္လံုးက (၈) ရြက္ကေန (၁၀) ရြက္အထိ ေန႔စဥ္ထုတ္ရတယ္။ အဲဒီစာရြက္ေတြရဲ႕ ကုန္က်စရိတ္ကို ဟိုတယ္ဘက္က က်ခံရတယ္။ ဒီစာရြက္ေတြက ကၽြန္ေတာ္တို႔ႏိုင္ငံမွာ ထုတ္တဲ့ စာရြက္ေတြ မဟုတ္ဘဲနဲ႔ႏိုင္ငံျခားကေန၀ယ္ယူရတယ္။ တစ္ႏွစ္တစ္ႏွစ္ကို မတ္ထရစ္တန္ (၂၂) တန္ေလာက္ရိွတဲ့ စာရြက္ေတြကို ဧည့္စာရင္းေပးပို႔ဖို႔အတြက္ ရည္ရြယ္ၿပီးသံုးရတာေပါ့။ ေငြေၾကးေတြဆံုးရံူးတယ္။ လုပ္အားေတြဆံုးရံူးတယ္။ ဒီစာရြက္ေတြကိုေရာက္ေအာင္သြားပို႔ရတဲ့အတြက္ အခ်ိန္ေတြဆံုးရံူးတယ္။ အြန္လိုင္းစနစ္ကို ေျပာင္းသံုးလိုက္မယ္ဆိုရင္ အခ်ိန္အား၊ ေငြအား၊ စာရြက္ကုန္က်မႈ အကုန္လံုးသက္သာသြားမွာေပါ့”ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕နည္းပညာအၾကံေပး ဦးသာထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စနစ္မွာ ဌာနဆုိင္ရာမ်ားအေနျဖင့္လည္း စာရင္းအင္းလုပ္ေဆာင္ရာႏွင့္ အခ်က္အလက္သိမ္းဆည္းရာတြင္ ပိုမိုလြယ္ကူအဆင္ေျပေစမည္ျဖစ္သျဖင့္ ေျပာင္းလဲႏုိင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္လည္း သင္တန္းမ်ား ဆက္လက္ပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အြန္လိုင္းဧည့္စာရင္းတုိင္ၾကားသည့္စနစ္ကို ရန္ကုန္ၿမိဳ႕ရိွ ဟိုတယ္ (၃၄၀)ေက်ာ္၊ ကယားျပည္နယ္ရိွ ဟိုတယ္ (၂၇) လံုးႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ဟိုတယ္ (၁၇၀) ေက်ာ္တို႔တြင္ စတင္သံုးစြဲေနၿပီး (၈၀) ရာခိုင္ႏႈန္းေက်ာ္က အဆိုပါ စနစ္ကို အသံုးျပဳေနေၾကာင္း သိရသည္။

ျမန္မာ - ထိုင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ဟိုတယ္ႏွင့္ တည္းခိုခန္းစုစုေပါင္း (၄၁) လံုးရိွၿပီး အခန္းေပါင္း (၁၉၀၀) ေက်ာ္၊ လူဦးေရ (၃၅၀၀) ေက်ာ္တည္းခိုႏိုင္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဟိုတယ်များတွင် တည်းခိုသည့် ဧည့်သည်များ၏ ဧည့်သည်စာရင်းကို သက်ဆိုင်ရာဌာနများသို့ အွန်လိုင်းစနစ်ဖြင့် ပေးပို့ခြင်းသို့ ပြောင်းလဲရန် အွန်လိုင်းဧည့်စာရင်းတိုင်ကြားမှုစနစ် သင်ကြားပေးနေရာ ၂၀၁၉ ခုနှစ်၊ မတ်လ (၇)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိဟိုတယ်များကို သင်ကြားပေးကြောင်း သိရသည်။

"အရင်အစဉ်အဆက်က စာရွက်နဲ့သွားခဲ့တာကနေ e-Government စနစ်နဲ့သွားဖို့အတွက် ယခင်ကတည်းက စခဲ့တာပေါ့။ ရုတ်တရက် အကောင်အထည် မဖော်သေးဘဲနဲ့ တဖြည်းဖြည်း ကျွန်တော်တို့ စာရွက်နဲ့တစ်ဆင့်၊ အွန်လိုင်းနဲ့တစ်ဆင့် သွားပြီးတော့ အချိန်ကာလတစ်ခုရောက်ရင် စာရွက်နဲ့ပို့တဲ့စနစ်ဖျက်သိမ်းသွားမယ်ပေါ့"ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အွန်လိုင်းဧည့်စာရင်းတိုင်ကြားမှုစနစ် သင်တန်းကို ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလက လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့တွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ညောင်ရွှေ၊ ကလောမြို့များနှင့် မတ်လတွင် တာချီလိတ်၊ ကျိုင်းတုံမြို့များ၌ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနက သင်တန်းပေးနခြေင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဟိုတယ်အလုံးပေါင်း (၁,၅၀၀)ကျော် ရှိပါတယ်။ ဒီဟိုတယ်တွေက သတင်းပေးပို့ဖို့ရာ အတွက် စာရွက်တွေကို ဟိုတယ်တစ်လုံးက (၈) ရွက်ကနေ (၁၀) ရွက်အထိ နေ့စဉ်ထုတ်ရတယ်။ အဲဒီစာရွက်တွေရဲ့ ကုန်ကျစရိတ်ကို ဟိုတယ်ဘက်က ကျခံရတယ်။ ဒီစာရွက်တွေက ကျွန်တော်တို့နိုင်ငံမှာ ထုတ်တဲ့ စာရွက်တွေ မဟုတ်ဘဲနဲ့နိုင်ငံခြားကနေဝယ်ယူရတယ်။ တစ်နှစ်တစ်နှစ်ကို မတ်ထရစ်တန် (၂၂) တန်လောက်ရှိတဲ့ စာရွက်တွေကို ဧည့်စာရင်းပေးပို့ဖို့အတွက် ရည်ရွယ်ပြီးသုံးရတာပေါ့။ ငွေကြေးတွေဆုံးရူံးတယ်။ လုပ်အားတွေဆုံးရူံးတယ်။ ဒီစာရွက်တွေကိုရောက်အောင်သွားပို့ရတဲ့အတွက် အချိန်တွေဆုံးရူံးတယ်။ အွန်လိုင်းစနစ်ကို ပြောင်းသုံးလိုက်မယ်ဆိုရင် အချိန်အား၊ ငွေအား၊ စာရွက်ကုန်ကျမှု အကုန်လုံးသက်သာသွားမှာပေါ့”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နည်းပညာအကြံပေး ဦးသာထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စနစ်မှာ ဌာနဆိုင်ရာများအနဖြေင့်လည်း စာရင်းအင်းလုပ်ဆောင်ရာနှင့် အချက်အလက်သိမ်းဆည်းရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေမည်ဖြစ်သဖြင့် ပြောင်းလဲနိုင်ရန် ဆောင်ရွက်နခြေင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း သင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အွန်လိုင်းဧည့်စာရင်းတိုင်ကြားသည့်စနစ်ကို ရန်ကုန်မြို့ရှိ ဟိုတယ် (၃၄၀)ကျော်၊ ကယားပြည်နယ်ရှိ ဟိုတယ် (၂၇) လုံးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဟိုတယ် (၁၇၀) ကျော်တို့တွင် စတင်သုံးစွဲနပြေီး (၈၀) ရာခိုင်နှုန်းကျော်က အဆိုပါ စနစ်ကို အသုံးပြုနေကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဟိုတယ်နှင့် တည်းခိုခန်းစုစုပေါင်း (၄၁) လုံးရှိပြီး အခန်းပေါင်း (၁၉၀၀) ကျော်၊ လူဦးရေ (၃၅၀၀) ကျော်တည်းခိုနိုင်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net