တရုတ္ - ျမန္မာစစ္ပြဲကာလက က်န္ရစ္သည့္ ေရႊတူးေဖၚသည္ဟုဆိုကာ ေငြက်ပ္သိန္း (၁၀၀) လိမ္လည္သြားသူ တရုတ္ႏိုင္ငံသား(၂)ဦးကို အမႈဖြင့္

တရုတ္ - ျမန္မာစစ္ပြဲကာလက က်န္ရစ္သည့္ ေရႊတူးေဖၚသည္ဟုဆိုကာ ေငြက်ပ္သိန္း (၁၀၀) လိမ္လည္သြားသူ တရုတ္ႏိုင္ငံသား(၂)ဦးကို အမႈဖြင့္
မတ် 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခုိင္ၿမိဳ႕တြင္ တရုတ္ - ျမန္မာစစ္ပြဲကာလအတြင္းက က်န္ရွိေနသည့္ ေရႊမ်ားရွာေဖြရန္ဟု ဆိုကာ ေရာက္ရွိလာၿပီး ျမန္မာႏုိင္ငံသားႏွင့္အတူ ေရႊမ်ား အတူရွာေဖြသည့္ တရုတ္လူမ်ိဳး(၂)ဦးက ေငြက်ပ္သိန္း(၁၀၀)လိမ္လည္သြားသျဖင့္ အေရးယူေပးရန္ ကြတ္ခုိင္ၿမိဳ႕မရဲစခန္းသို႔ ၂၀၁၉ ခုနွစ္၊ မတ္လ (၁၈)ရက္ေန႔က လာေရာက္အမႈဖြင့္တုိင္ၾကားထားေၾကာင္း သိရသည္။

ကြတ္ခိုင္ၿမိဳ႕မွ ဦးရန္ေရႊဆင္း၏ ေနအိမ္သို႔ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၀) ရက္ေန႔ နံနက္ (၁၁) နာရီဝန္းက်င္က တရုတ္အမ်ိဳးသား (၂)ဦးေရာက္လာၿပီး ေျမပံုတစ္ခုျပကာ ၎တို႔အဖိုးသည္ တရုတ္ - ျမန္မာစစ္ပြဲကာလအတြင္းက ကြတ္ခိုင္နယ္တြင္ တုိက္ပြဲဝင္ခဲ့စဥ္က တန္ဖိုးရိွပစၥည္းတစ္ခု ျမဳပ္ႏွံခဲ့သျဖင့္ ရွာေဖြရန္ေရာက္ရိွလာျခင္းျဖစ္ေၾကာင္း တရုတ္စကားျဖင့္ ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဦးရန္ေရႊဆင္း အေနျဖင့္ ၎တို႔ႏွင့္အတူ ရွာေဖြေရးတြင္ ပါဝင္ကူညီေပးပါက ယြမ္သိန္း (၂၀)ေပးမည္ျဖစ္ေၾကာင္း ေျပာသျဖင့္ ၎တို႔ထံပါလာသည့္ စက္တစ္ခုႏွင့္အတူ နယ္ေျမအတြင္း ရွာေဖြခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တ႐ုတ္လူမ်ိဳး(၂)ဦး၏ ေျမပံုျပထားသည့္ေနရာျဖစ္သည့္ ေတာင္ကုန္းတစ္ခုတြင္ စက္ကအခ်က္ျပသျဖင့္ တူးေဖၚၾကရာ အျမင့္ ႏွစ္လက္မခြဲ၊ အေလးခ်ိန္ (၂၉) က်ပ္သားခန္႔ ေရႊေရာင္ ဦးတီဘြားပုံ (၁) ခုႏွင့္ အရွည္ ႏွစ္လက္မ၊ အေလးခ်ိန္ (၅) က်ပ္ (၃) ပဲခန္႔ ေရႊေလွပစၥည္းတို႔အား ေတြ႔ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ ပစၥည္းမ်ားအား ကြတ္ခုိင္တြင္ထားခဲ့ကာ တရုတ္ႏုိင္ငံျပန္လိုသျဖင့္ က်ပ္သိန္း (၁၀၀) ေခ်းငွားေပးရန္ႏွင့္ ျပန္လာပါက က်ပ္သိန္း (၈၀)အပိုထပ္ေဆာင္းေပးမည္ျဖစ္ေၾကာင္း ေျပာဆိုသျဖင့္ ဦးရန္ေရႊဆင္းက တူးေဖၚရရိွထားသည့္ ေရႊေလွမွ ပဲ့ေနသည့္ အပိုင္းအစ (၅)မူးသားခန္႔အား ပန္းထိမ္သို႔ပို႔၍ စစ္ေဆးရာ ေရႊအစစ္ျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရသည္ဟု သိရသည္။

ဦးရန္ေရႊဆင္းက ပစၥည္းမ်ားအား လက္ခံထားလုိက္ၿပီး က်ပ္သိန္း (၁၀၀)ေပးခဲ့ရာ တရုတ္လူမ်ိဳး (၂)ဦးက အဆိုပါေငြႏွင့္အတူ ပန္းထိမ္ပို႔စစ္ထားသည့္ ေရႊ(၅)မူးသားအား တရုတ္ႏုိင္ငံတြင္ သက္ေသျပရန္ ျပန္လည္ေတာင္းယူသြားခဲ့ၾကေၾကာင္း သိရသည္။

က်န္ရိွသည့္ ေရႊထည္ပစၥည္းမ်ားကို မတ္လ (၁၃) ရက္ေန႔တြင္ လားရိႈးၿမိဳ႕ရိွ ေရႊဆိုင္တစ္ဆုိင္သုိ႔သြားစစ္ရာ ေရႊအတုမ်ားျဖစ္ေနသျဖင့္ မတ္လ (၁၈)ရက္ေန႔၌ ကြတ္ခိုင္ၿမိဳ႕မရဲစခန္းသို႔ တုိင္ၾကားရာ (ပ)၃၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၁၁၄ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် တရုတ် - မြန်မာစစ်ပွဲကာလအတွင်းက ကျန်ရှိနေသည့် ရွှေများရှာဖွေရန်ဟု ဆိုကာ ရောက်ရှိလာပြီး မြန်မာနိုင်ငံသားနှင့်အတူ ရွှေများ အတူရှာဖွေသည့် တရုတ်လူမျိုး(၂)ဦးက ငွေကျပ်သိန်း(၁၀၀)လိမ်လည်သွားသဖြင့် အရေးယူပေးရန် ကွတ်ခိုင်မြို့မရဲစခန်းသို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့က လာရောက်အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့မှ ဦးရန်ရွှေဆင်း၏ နေအိမ်သို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်က တရုတ်အမျိုးသား (၂)ဦးရောက်လာပြီး မြေပုံတစ်ခုပြကာ၎င်းတို့အဖိုးသည် တရုတ် - မြန်မာစစ်ပွဲကာလအတွင်းက ကွတ်ခိုင်နယ်တွင် တိုက်ပွဲဝင်ခဲ့စဉ်က တန်ဖိုးရှိပစ္စည်းတစ်ခု မြုပ်နှံခဲ့သဖြင့် ရှာဖွေရန်ရောက်ရှိလာခြင်းဖြစ်ကြောင်း တရုတ်စကားဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဦးရန်ရွှေဆင်း အနဖြေင့်၎င်းတို့နှင့်အတူ ရှာဖွေရေးတွင် ပါဝင်ကူညီပေးပါက ယွမ်သိန်း (၂၀)ပေးမည်ဖြစ်ကြောင်း ပြောသဖြင့်၎င်းတို့ထံပါလာသည့် စက်တစ်ခုနှင့်အတူ နယ်မြေအတွင်း ရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်လူမျိုး(၂)ဦး၏ မြေပုံပြထားသည့်နေရာဖြစ်သည့် တောင်ကုန်းတစ်ခုတွင် စက်ကအချက်ပြသဖြင့် တူးဖော်ကြရာ အမြင့် နှစ်လက်မခွဲ၊ အလေးချိန် (၂၉) ကျပ်သားခန့် ရွှေရောင် ဦးတီဘွားပုံ (၁) ခုနှင့် အရှည် နှစ်လက်မ၊ အလေးချိန် (၅) ကျပ် (၃) ပဲခန့် ရွှေလှေပစ္စည်းတို့အား တွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများအား ကွတ်ခိုင်တွင်ထားခဲ့ကာ တရုတ်နိုင်ငံပြန်လိုသဖြင့် ကျပ်သိန်း (၁၀၀) ချေးငှါးပေးရန်နှင့် ပြန်လာပါက ကျပ်သိန်း (၈၀)အပိုထပ်ဆောင်းပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ဦးရန်ရွှေဆင်းက တူးဖော်ရရှိထားသည့် ရွှေလှေမှ ပဲ့နေသည့် အပိုင်းအစ (၅)မူးသားခန့်အား ပန်းထိမ်သို့ပို့၍ စစ်ဆေးရာ ရွှေအစစ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရသည်ဟု သိရသည်။

ဦးရန်ရွှေဆင်းက ပစ္စည်းများအား လက်ခံထားလိုက်ပြီး ကျပ်သိန်း (၁၀၀)ပေးခဲ့ရာ တရုတ်လူမျိုး (၂)ဦးက အဆိုပါငွေနှင့်အတူ ပန်းထိမ်ပို့စစ်ထားသည့် ရွှေ(၅)မူးသားအား တရုတ်နိုင်ငံတွင် သက်သပြေရန် ပြန်လည်တောင်းယူသွားခဲ့ကြကြောင်း သိရသည်။

ကျန်ရှိသည့် ရွှေထည်ပစ္စည်းများကို မတ်လ (၁၃) ရက်နေ့တွင် လားရှိုးမြို့ရှိ ရွှေဆိုင်တစ်ဆိုင်သို့သွားစစ်ရာ ရွှေအတုများဖြစ်နေသဖြင့် မတ်လ (၁၈)ရက်နေ့၌ ကွတ်ခိုင်မြို့မရဲစခန်းသို့ တိုင်ကြားရာ (ပ)၃၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net