Facebook မှတဆင့် နိုင်ငံခြားသား အမည်နှင့်ပုံများဖြင့် အယုံသွင်းလိမ်လည်ခြင်းကြောင့် တာချီလိတ်မှ အမျိုးသမီးတစ်ဦး ငွေကျပ်(၉)သိန်းကျော် လိမ်လည်ခံရ၍ အခြားသူများလည်း အလိမ်မခံရရန် အထူးသတိထားရန် လိုအပ်နေ

Facebook မှတဆင့် နိုင်ငံခြားသား အမည်နှင့်ပုံများဖြင့် အယုံသွင်းလိမ်လည်ခြင်းကြောင့် တာချီလိတ်မှ အမျိုးသမီးတစ်ဦး ငွေကျပ်(၉)သိန်းကျော် လိမ်လည်ခံရ၍ အခြားသူများလည်း အလိမ်မခံရရန် အထူးသတိထားရန် လိုအပ်နေ
မတျ 5, 2019
By Tachileik News Agency


လူမှုကွန်ယက်စာမျက်နှာတွင် နိုင်ငံခြားသားအမည်ဖြင့် အကောင့်တစ်ခုနှင့် မိတ်ဆွေဖြစ်ပြီးနောက် အချိန်ကာလအတော်ကြာ စကားပြောဆိုဆက်သွယ်နေခဲ့ကြပြီးနောက် ငွေသားနှင့် လက်ဆောင်ပစ္စည်းများ ပို့လိုက်သဖြင့် ရန်ကုန်အခြေစိုက်ကုမ္ပဏီတွင် ထုတ်ယူရန် အဆိုပါ အမျိုးသားက ပြောဆိုလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လိမ်လည်ခံရသည့် ကာယကံရှင်၏ ပြောပြချက်အရ တစ်ဖက်တွင် ငွေလက်ခံသူ၏ အမည်မှာ ဖုန်း- 09774287***ကို ကိုင်ဆောင်သူ ဒေါ်ဝတ်ရည်ဖြိုးဆိုသူဖြစ်ပြီး ၎င်းသည် ယုံကြည်မှုကြောင့် တာချီလိတ် ကမ္ဘာဇဘဏ်ခွဲ(၁)မှ တဆင့် ကျပ်ငွေ(၉၂၀,၀၀၀)အား ၂၀၁၉ခုနှစ် မတ်လ(၄)ရက်နေ့ နံနက်ပိုင်းက လွှဲပေးလိုက်ရာ တစ်ဖက်တွင် ဒေါ်ဝတ်ရည်ဖြိုးဆိုသူမှာ ငွေအား ချက်ခြင်းထုတ်သွားခဲ့ကြောင်း ဘဏ်တွင် စုံစမ်းချက်အရ သိရ ကြောင်းနှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ နားလည်တတ်ကျွမ်းသူများနှင့် ပြောဆိုမိရာမှ လိမ်လည်ခြင်းသာ ဖြစ်ကြောင်း သိရ၍ ငွေလက်ခံသူ  ဒေါ်ဝတ်ရည်ဖြိုး အား ဖုန်းဆက်၍ ပစ္စည်းများကို မယူလိုတော့ကြောင်း၊ တာချီလိတ်မှ လွှဲလိုက်သည့် ကျပ်ငွေ (၉၂၀,၀၀၀)ကိုသာ ပြန်လည်လွှဲပေးစေလိုကြောင်း ပြောရာ ဒေါ်ဝတ်ရည်ဖြိုးဆိုသူမှာ မန်နေဂျာအား ပြောဆိုပြီးပါက ဖုန်းဆက်ပေးမည်သာဖြစ်ဆိုသော်လည်း ဖုန်းဆက်သော်လည်း မကိုင်တော့သည့်အပြင် ငွေအား ပြန်လည်လွှဲလာပေးခြင်းမရှိကြောင်း ကာယကံရှင်မှ တာချီလိတ်သတင်အေဂျင်စီသို့ ပြန်လည်ပြောပြချက်အရ သိရသည်။

ပြောလာ၍ တာချီလိတ်နေ အမျိုးသမီးမှာ တကယ်ထင်မိသွားရာက ကနဦးအနေဖြင့် ကျပ်ငွေ(၉၂၀,၀၀၀)ကို ဘဏ်မှာ တဆင့် လွှဲပေးလိုက်ခြင်း ဖြစ်ကြောင်းနှင့် အကောင့်တုဖြင့် ပြောလာသည့် အမျိုးသားမှာ တစ်ဖက်လူအား ယုံကြည်ရန်အတွက် အင်္ဂလိပ်စကားဖြင့် ပြောလာသည် အသံဖိုင်များလည်းရှိကြောင်းနှင့် ပူးပေါင်းလိမ်လည်သူ နှင့် ပြောဆိုထားသည့် အသံဖိုင်များလည်းရှိကြောင်း သိရသည်။

လူမှုကွန်ယက်မှတစ်ဆင့် ရင်းနှီးမှုရယူကာ ငွေကြေးအမြောက်အများ လိမ်လည်ရယူမှုများ မကြာခဏဖြစ်ပွားနေပြီး ထိုင်းနိုင်ငံတွင်လည်း ထိုင်းအမျိုးသမီးများနှင့် အွန်လိုင်းမှတစ်ဆင့် အချစ်ဇာတ်လမ်းများဆင်၍ ယခုလို နည်းတူ ငွေကြေးလိမ်လည်ရယူကြသည့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ထိုင်းနိုင်ငံသား စုစုပေါင်း (၁၄)ဦး အပါအ၀င် မြန်မာနိုင်ငံသူ အမျိုးသမီး(၂)ဦးတို့အား၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်ကး ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ရဖူးသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နေ အမျိုးသမီးတစ်ဦးအား နိုင်ငံခြားသားအမည်အကောင့်တစ်ခုဖြင့် လူမှုကွန်ယက်စာမျက်နှာ(facebook)မှ အချစ်ဇာတ်လမ်းခင်းကာ ငွေကျပ် (၉)သိန်းကျော်အား ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက်နေ့က KBZ ဘဏ်အကောင့်သို့ လိမ်လည်လွှဲပို့ခိုင်းပြီး အမျိုးသမီးတစ်ဦးအမည်ဖြင့် လက်ခံရယူသွားကာ အဆက်အသွယ် မရတော့ကြောင်း သိရသည်။

လူမှုကွန်ယက်စာမျက်နှာတွင် နိုင်ငံခြားသားအမည်ဖြင့် အကောင့်တစ်ခုနှင့် မိတ်ဆွဖြေစ်ပြီးနောက် အချိန်ကာလအတော်ကြာ စကားပြောဆိုဆက်သွယ်နေခဲ့ကြပြီးနောက် ငွေသားနှင့် လက်ဆောင်ပစ္စည်းများ ပို့လိုက်သဖြင့် ရန်ကုန်အခြေစိုက်ကုမ္ပဏီတွင် ထုတ်ယူရန် အဆိုပါ အမျိုးသားက ပြောဆိုလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ၎င်းနှင့်စကားပြောဆိုပြီး အချစ်ဇာတ်လမ်းခင်းနေသည့် အမျိုးသား၏ နေရပ်လိပ်စာ၊ အလုပ်အကိုင်စသည့် အချက်အလက်များကို မသိရသည့်အပြင် ရန်ကုန်ရှိ ပစ္စည်းထုတ်ရမယ့် ကုမ္ပဏီ၏ လိပ်စာ၊ အချက်အလက်များ၊ ငွေလွှဲလက်ခံမည့် အမျိုးသမီးတို့ကို မသိရဘဲ တစ်ဘက်မှ ပေးပို့လာသည့် ဘဏ်အကောင့်ဖြင့် တာချီလိတ် KBZ ဘဏ်မှ လွှဲပို့ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လိမ်လည်ခံရသည့် ကာယကံရှင်၏ ပြောပြချက်အရ တစ်ဖက်တွင် ငွေလက်ခံသူ၏ အမည်မှာ ဖုန်း- 09774287***ကို ကိုင်ဆောင်သူ ဒေါ်ဝတ်ရည်ဖြိုးဆိုသူဖြစ်ပြီး၎င်းသည် ယုံကြည်မှုကြောင့် တာချီလိတ် ကမာ္ဘဇဘဏ်ခွဲ(၁)မှ တဆင့် ကျပ်ငွေ(၉၂၀,ဝဝဝ)အား ၂၀၁၉ခုနှစ် မတ်လ(၄)ရက်နေ့ နံနက်ပိုင်းက လွှဲပေးလိုက်ရာ တစ်ဖက်တွင် ဒေါ်ဝတ်ရည်ဖြိုးဆိုသူမှာ ငွေအား ချက်ခြင်းထုတ်သွားခဲ့ကြောင်း ဘဏ်တွင် စုံစမ်းချက်အရ သိရ ကြောင်းနှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ နားလည်တတ်ကျွမ်းသူများနှင့် ပြောဆိုမိရာမှ လိမ်လည်ခြင်းသာ ဖြစ်ကြောင်း သိရ၍ ငွေလက်ခံသူ ဒေါ်ဝတ်ရည်ဖြိုး အား ဖုန်းဆက်၍ ပစ္စည်းများကို မယူလိုတော့ကြောင်း၊ တာချီလိတ်မှ လွှဲလိုက်သည့် ကျပ်ငွေ (၉၂၀,ဝဝဝ)ကိုသာ ပြန်လည်လွှဲပေးစေလိုကြောင်း ပြောရာ ဒေါ်ဝတ်ရည်ဖြိုးဆိုသူမှာ မန်နေဂျာအား ပြောဆိုပြီးပါက ဖုန်းဆက်ပေးမည်သာဖြစ်ဆိုသော်လည်း ဖုန်းဆက်သော်လည်း မကိုင်တော့သည့်အပြင် ငွေအား ပြန်လည်လွှဲလာပေးခြင်းမရှိကြောင်း ကာယကံရှင်မှ တာချီလိတ်သတင်အေဂျင်စီသို့ ပြန်လည်ပြောပြချက်အရ သိရသည်။

၎င်းတို့သည် နိုင်ငံခြားမှ ပို့လာသော လက်ဆောင်ပစ္စည်းများတွင် ဒေါ်လာငွေများ အများအပြားပါဝင်သည့်အတွက် ရန်ကုန်တွင် ထုတ်ပေးရန်မှာ ကျပ်ငွေ(၄၈)သိန်းကျသင့်မည်ဖြစ်သည့်အတွက် အဆိုပါ ငွေများကို လွှဲပေးမှသာ ပေးပို့လာသော ပစ္စည်းများနှင့်အတူ ဒေါ်လာငွေများကို ရရှိမည်ဖြစ်ကြောင်း အယုံသွင်းကာ

ပြောလာ၍ တာချီလိတ်နေ အမျိုးသမီးမှာ တကယ်ထင်မိသွားရာက ကနဦးအနဖြေင့် ကျပ်ငွေ(၉၂၀,ဝဝဝ)ကို ဘဏ်မှာ တဆင့် လွှဲပေးလိုက်ခြင်း ဖြစ်ကြောင်းနှင့် အကောင့်တုဖြင့် ပြောလာသည့် အမျိုးသားမှာ တစ်ဖက်လူအား ယုံကြည်ရန်အတွက် အင်္ဂလိပ်စကားဖြင့် ပြောလာသည် အသံဖိုင်များလည်းရှိကြောင်းနှင့် ပူးပေါင်းလိမ်လည်သူ နှင့် ပြောဆိုထားသည့် အသံဖိုင်များလည်းရှိကြောင်း သိရသည်။

လူမှုကွန်ယက်မှတစ်ဆင့် ရင်းနှီးမှုရယူကာ ငွေကြေးအမြောက်အများ လိမ်လည်ရယူမှုများ မကြာခဏဖြစ်ပွားနပြေီး ထိုင်းနိုင်ငံတွင်လည်း ထိုင်းအမျိုးသမီးများနှင့် အွန်လိုင်းမှတစ်ဆင့် အချစ်ဇာတ်လမ်းများဆင်၍ ယခုလို နည်းတူ ငွေကြေးလိမ်လည်ရယူကြသည့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ထိုင်းနိုင်ငံသား စုစုပေါင်း (၁၄)ဦး အပါအဝင် မြန်မာနိုင်ငံသူ အမျိုးသမီး(၂)ဦးတို့အား၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်ကး ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ရဖူးသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net