ထုိင္းနုိင္ငံမွ က်ပ္ေငြအတု (၅၅)သိန္းေက်ာ္ ဝယ္ယူလာၿပီး ေနာင္ခ်ဳိၿမိဳ႕တြင္ သံုးစြဲေနသည့္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိ

ထုိင္းနုိင္ငံမွ က်ပ္ေငြအတု (၅၅)သိန္းေက်ာ္ ဝယ္ယူလာၿပီး ေနာင္ခ်ဳိၿမိဳ႕တြင္ သံုးစြဲေနသည့္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိ
မတ် 4, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံမွ ဝယ္ယူလာသည့္ က်ပ္တစ္ေသာင္းတန္ႏွင့္ ငါးေထာင္တန္မ်ားကို သံုးစြဲေနသည့္ အမ်ိဳးသားအား ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕၌ ဖမ္းဆီးရမိၿပီးေနာက္ ေငြစကၠဴအတုမ်ားကို ထပ္မံေဖၚထုတ္ရရိွထားေၾကာင္း သိရသည္။

ေငြစကၠဴအတုမ်ားျဖင့္ ဖမ္းမိထားသည့္ သန္းထြန္းအား ေနာင္ခ်ိဳနယ္ေျမရဲစခန္းတြင္ (ပ)၄၇/၂၀၁၉၊ ျမန္မာ နိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အမႈဖြင့္စစ္ေဆးရာမွ မတ္လ (၂)ရက္ေန႔တြင္ ၎ေနထုိင္ရာ မႏၱေလးတုိင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ရွမ္းရြာႀကီးေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းရိွ သိမ္အတြင္းမွ တစ္ေသာင္းတန္အတု (၃၀၄)ရြက္ႏွင့္ ငါးေထာင္တန္အတု (၄၃၄)ရြက္တို႔အား ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕မေစ်းတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔ ညေန (၅)နာရီ (၄၅)မိနစ္က တစ္ေသာင္းတန္ေငြစကၠဴအတုမ်ားျဖင့္ ေစ်းဝယ္ေနသူအား ေတြ႔ရေၾကာင္း သတင္းေပးပို႔ခ်က္အရ ေငြအတုသံုးစြဲသူ သန္းထြန္းကို တစ္ေသာင္းတန္အတု (၃၂)ရြက္ျဖင့္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေငြတုမ်ားျဖင့္ ဖမ္းဆီးရမိသည့္ သန္းထြန္းက အဆုိပ ါေငြစကၠဴမ်ားကို ထုိင္းႏုိင္ငံဘက္မွ ဘတ္ေငြျဖင့္ ဝယ္ယူလာျခင္းျဖစ္ေၾကာင္း ထြက္ဆိုထားၿပီး အဆိုပါအမႈအား ရဲတပ္ဖြဲ႕က ဆက္လက္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံမှ ဝယ်ယူလာသည့် ကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန်များကို သုံးစွဲနေသည့် အမျိုးသားအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၌ ဖမ်းဆီးရမိပြီးနောက် ငွေစက္ကူအတုများကို ထပ်မံဖော်ထုတ်ရရှိထားကြောင်း သိရသည်။

ငွေစက္ကူအတုများဖြင့် ဖမ်းမိထားသည့် သန်းထွန်းအား နောင်ချိုနယ်မြေရဲစခန်းတွင် (ပ)၄၇/၂၀၁၉၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးရာမှ မတ်လ (၂)ရက်နေ့တွင်၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သိမ်အတွင်းမှ တစ်သောင်းတန်အတု (၃၀၄)ရွက်နှင့် ငါးထောင်တန်အတု (၄၃၄)ရွက်တို့အား ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့မဈေးတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့ ညနေ (၅)နာရီ (၄၅)မိနစ်က တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ဈေးဝယ်နေသူအား တွေ့ရကြောင်း သတင်းပေးပို့ချက်အရ ငွေအတုသုံးစွဲသူ သန်းထွန်းကို တစ်သောင်းတန်အတု (၃၂)ရွက်ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေတုများဖြင့် ဖမ်းဆီးရမိသည့် သန်းထွန်းက အဆိုပါငွေစက္ကူများကို ထိုင်းနိုင်ငံဘက်မှ ဘတ်ငွဖြေင့် ဝယ်ယူလာခြင်းဖြစ်ကြောင်း ထွက်ဆိုထားပြီး အဆိုပါအမှုအား ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net