မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆး၀ါး၊အလွကုန္ႏွင့္ သက္တမ္းလြန္ စားေသာက္ကုန္မ်ားကို တာခ်ီလိတ္ ၿမိဳ႕မေစ်းတြင္ ေရွာင္တခင္စစ္ေဆးမႈအတြင္း ေတြ႕ရွိ

မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆး၀ါး၊အလွကုန္ႏွင့္ သက္တမ္းလြန္ စားေသာက္ကုန္မ်ားကို တာခ်ီလိတ္ ၿမိဳ႕မေစ်းတြင္ ေရွာင္တခင္စစ္ေဆးမႈအတြင္း ေတြ႕ရွိ
မတ် 11, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္း)ေစ်းတြင္ ေရွာင္တခင္စစ္ေဆးရာ မွတ္ပံုတင္ထားျခင္း မရိွသည့္ အလွကုန္မ်ား၊ ေဆး၀ါးမ်ားႏွင့္ သက္တမ္းလြန္ စားေသာက္ကုန္မ်ဳိးစံုကိုစစ္ေဆးေတြ႕ရိွရေၾကာင္း သိရသည္။

အလွကုန္ဆိုင္၊ ေဆးဆိုင္၊ ကုန္ေျခာက္ဆိုင္၊ မုန္႔မ်ိဳးစံုႏွင့္ စားေသာက္ကုန္အေရာင္းဆိုင္၊ မုန္ညွင္းခ်ဥ္၊ ၾကက္သြန္ခ်ဥ္စသည့္ လက္လုပ္ခ်ဥ္အေရာင္းဆိုင္ (၁၃) ဆိုင္ကို၂၀၁၉ ခုႏွစ္ မတ္လ (၁၁) ရက္ေန႔က စစ္ေဆးျခင္းျဖစ္သည္။

"အလွကုန္ဆိုလို႔ရိွရင္ သံုးစြဲရန္မသင့္ေၾကျငာထားတဲ့ အလွကုန္ေတြရယ္၊ ေဆး၀ါးဆိုရင္ သံုးစြဲရန္မသင့္
ေၾကျငာထားတဲ့ ေဆး၀ါးေတြရယ္၊ ကုန္စံုဆိုင္ေတြမွာဆိုရင္ ရက္လြန္တို႔၊ ပ်က္စီးတို႔၊ ဆိုးေဆးပါတဲ့ ပစၥည္းေတြကို အဓိကထားစစ္ေဆးပါတယ္။ ကၽြန္ေတာ္တို႔က ပံုမွန္အားျဖင့္မစစ္ပါဘူး။ အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနက ဒါေတြဒါေတြ စားသံုးရန္မသင့္တဲ့ အစားအေသာက္ေတြ၊ ဒါေတြဒါေတြက သံုးစြဲရန္မသင့္တဲ့အလွကုန္ေတြ၊ ဒီဥစၥာေတြက သံုးစြဲရန္မသင့္တဲ့ေဆး၀ါးေတြဆိုၿပီးေတာ့ အေၾကာင္းၾကားလာရင္ကၽြန္ေတာ္တို႔က ခရိုင္အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးေကာ္မတီကိုတင္ျပၿပီးေတာ့ အဖြဲ႕လိုက္ဆင္းစစ္ပါတယ္"ဟု အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)မွ ဦးစီးအရာရိွ ဦးေအာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေရွာင္တခင္၀င္ေရာက္ စစ္ေဆးရာတြင္ မွတ္ပံုတင္ထားျခင္း မရိွသည့္ အလွကုန္မ်ား၊ ေဆး၀ါးမ်ား၊ သက္တမ္းလြန္မုန္မ်ိဳးစံုကို စစ္ေဆးေတြ႕ရိွခဲ့ရၿပီး ယင္းတို႔ကိုသိမ္းဆည္းခဲ့ျခင္းမရိွဘဲ ဆက္လက္မေရာင္းခ်ရန္ ဆိုင္ပိုင္ရွင္မ်ားကို အသိပညာေပးခဲ့ၿပီး အလွကုန္ပစၥည္း (၃) မ်ိဳးကို ေနျပည္ေတာ္တြင္ ဓာတ္ခြဲစမ္းသပ္ႏိုင္ရန္၀ယ္ယူခဲ့ေၾကာင္းသိရသည္။

"ကၽြန္ေတာ္တို႔ စားသံုးသူေရးရာဦးစီးဌာနအေနနဲ႔ သက္တမ္းလြန္ပစၥည္းေပါ့။ ေထာက္ခံခ်က္မရိွတဲ့ပစၥည္းေတြကို အဓိကထားၿပီး စစ္ေဆးခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ အဖြဲ႕ (၇) ဖြဲ႕ေပါင္းၿပီးေတာ့ စစ္ေဆးတာေပါ့။ သက္တမ္းလြန္တဲ့ပစၥည္းက (၃၊ ၄) မ်ိဳးေလာက္ေတြ႕ခဲ့ပါတယ္။ မုန္႔ေတြေတြ႕ခဲ့တယ္ေပါ့။ အဲဒါကိုကၽြန္ေတာ္တို႔က သိမ္းဆည္းတာ မလုပ္ဘဲနဲ႔ ဆိုင္ရွင္ကိုဆက္လက္မေရာင္းခ်ဖို႔ အသိပညာေပးခဲ့ပါတယ္"ဟု စားသံုးသူေရးရာဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ဦးျမင့္ေနာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေရွာင္တခင္ကြင္းဆင္းစစ္ေဆးရာတြင္ မုန္ညွင္းခ်ဥ္၊ ၾကက္သြန္ခ်ဥ္စသည့္ လက္လုပ္ခ်ဥ္မ်ားတြင္ Sodium Hydrosulfite ပါ၀င္မႈရိွ၊ မရိွကို Test Kit ျဖင့္ စစ္ေဆးခဲ့ေၾကာင္းသိရသည္။

"Sodium Hydrosulfite အသံုးျပဳၿပီးေရာင္းေနသလားလို႔ စစ္တာေပါ့။ စားသံုးရန္မသင့္တဲ့ဟာေပါ့။ ဒီဟာပါၿပီဆို အစာအိမ္နဲ႔ အူလမ္းေၾကာင္း အကုန္လံုး Side Effect ျဖစ္ေစတယ္။ ဒီဟာက Test Kit ဆိုတဲ့အတြက္ေၾကာင့္ ပါေလာက္တယ္လို႔ယူဆတဲ့အရာေပါ့။ သူတို႔လုပ္တယ္လို႔ ယူဆရင္ ဒီဟာကိုဓာတ္ခြဲခန္းပို႔စစ္ရင္ အေျဖသိရတာေပါ့။ ဒါမွမဟုတ္၀ယ္တယ္ဆိုရင္ ဘယ္က၀ယ္လည္းေပါ့။ အဲဒီမွာရိွတဲ့ ရံုးခ်ဳပ္ကို အေၾကာင္းၾကားၿပီးစစ္တာေပါ့"ဟု အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)မွ ဒုတိယႀကီးၾကပ္ေရးမွဴး(အစားအေသာက္) ေဒၚသစ္သစ္ထြန္းက ေျပာသည္။

ပူးေပါင္းစစ္ေဆးေရးအဖြဲ႕တြင္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)၊ စားသံုးသူေရးရာဦးစီးဌာန(DOCA)၊ က်န္းမာေရး၀န္ႀကီးဌာန၊ စည္ပင္သာယာေရးေကာ္မတီ၊ တိရိဆန္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ ပါ၀င္ေၾကာင္းသိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးတွင် ရှောင်တခင်စစ်ဆေးရာ မှတ်ပုံတင်ထားခြင်း မရှိသည့် အလှကုန်များ၊ ဆေးဝါးများနှင့် သက်တမ်းလွန် စားသောက်ကုန်မျိုးစုံကိုစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အလှကုန်ဆိုင်၊ ဆေးဆိုင်၊ ကုန်ခြောက်ဆိုင်၊ မုန့်မျိုးစုံနှင့် စားသောက်ကုန်အရောင်းဆိုင်၊ မုန်ညှင်းချဉ်၊ ကြက်သွန်ချဉ်စသည့် လက်လုပ်ချဉ်အရောင်းဆိုင် (၁၃) ဆိုင်ကို၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က စစ်ဆေးခြင်းဖြစ်သည်။

"အလှကုန်ဆိုလို့ရှိရင် သုံးစွဲရန်မသင့်ကြငြောထားတဲ့ အလှကုန်တွေရယ်၊ ဆေးဝါးဆိုရင် သုံးစွဲရန်မသင့်

ကြငြောထားတဲ့ ဆေးဝါးတွေရယ်၊ ကုန်စုံဆိုင်တွေမှာဆိုရင် ရက်လွန်တို့၊ ပျက်စီးတို့၊ ဆိုးဆေးပါတဲ့ ပစ္စည်းတွေကို အဓိကထားစစ်ဆေးပါတယ်။ ကျွန်တော်တို့က ပုံမှန်အားဖြင့်မစစ်ပါဘူး။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဒါတွေဒါတွေ စားသုံးရန်မသင့်တဲ့ အစားအသောက်တွေ၊ ဒါတွေဒါတွေက သုံးစွဲရန်မသင့်တဲ့အလှကုန်တွေ၊ ဒီဥစ္စာတွေက သုံးစွဲရန်မသင့်တဲ့ဆေးဝါးတွေဆိုပြီးတော့ အကြောင်းကြားလာရင်ကျွန်တော်တို့က ခရိုင်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးကော်မတီကိုတင်ပြပြီးတော့ အဖွဲ့လိုက်ဆင်းစစ်ပါတယ်"ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးစီးအရာရှိ ဦးအောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှောင်တခင်ဝင်ရောက် စစ်ဆေးရာတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် အလှကုန်များ၊ ဆေးဝါးများ၊ သက်တမ်းလွန်မုန်မျိုးစုံကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ယင်းတို့ကိုသိမ်းဆည်းခဲ့ခြင်းမရှိဘဲ ဆက်လက်မရောင်းချရန် ဆိုင်ပိုင်ရှင်များကို အသိပညာပေးခဲ့ပြီး အလှကုန်ပစ္စည်း (၃) မျိုးကို နပြေည်တော်တွင် ဓာတ်ခွဲစမ်းသပ်နိုင်ရန်ဝယ်ယူခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ သက်တမ်းလွန်ပစ္စည်းပေါ့။ ထောက်ခံချက်မရှိတဲ့ပစ္စည်းတွေကို အဓိကထားပြီး စစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့ (၇) ဖွဲ့ပေါင်းပြီးတော့ စစ်ဆေးတာပေါ့။ သက်တမ်းလွန်တဲ့ပစ္စည်းက (၃၊ ၄) မျိုးလောက်တွေ့ခဲ့ပါတယ်။ မုန့်တွေတွေ့ခဲ့တယ်ပေါ့။ အဲဒါကိုကျွန်တော်တို့က သိမ်းဆည်းတာ မလုပ်ဘဲနဲ့ ဆိုင်ရှင်ကိုဆက်လက်မရောင်းချဖို့ အသိပညာပေးခဲ့ပါတယ်"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်နောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှောင်တခင်ကွင်းဆင်းစစ်ဆေးရာတွင် မုန်ညှင်းချဉ်၊ ကြက်သွန်ချဉ်စသည့် လက်လုပ်ချဉ်များတွင် Sodium Hydrosulfite ပါဝင်မှုရှိ၊ မရှိကို Test Kit ဖြင့် စစ်ဆေးခဲ့ကြောင်းသိရသည်။

"Sodium Hydrosulfite အသုံးပြုပြီးရောင်းနေသလားလို့ စစ်တာပေါ့။ စားသုံးရန်မသင့်တဲ့ဟာပေါ့။ ဒီဟာပါပြီဆို အစာအိမ်နဲ့ အူလမ်းကြောင်း အကုန်လုံး Side Effect ဖြစ်စေတယ်။ ဒီဟာက Test Kit ဆိုတဲ့အတွက်ကြောင့် ပါလောက်တယ်လို့ယူဆတဲ့အရာပေါ့။ သူတို့လုပ်တယ်လို့ ယူဆရင် ဒီဟာကိုဓာတ်ခွဲခန်းပို့စစ်ရင် အဖြေသိရတာပေါ့။ ဒါမှမဟုတ်ဝယ်တယ်ဆိုရင် ဘယ်ကဝယ်လည်းပေါ့။ အဲဒီမှာရှိတဲ့ ရုံးချုပ်ကို အကြောင်းကြားပြီးစစ်တာပေါ့"ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဒုတိယကြီးကြပ်ရေးမှူး(အစားအသောက်) ဒေါ်သစ်သစ်ထွန်းက ပြောသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ စားသုံးသူရေးရာဦးစီးဌာန(DOCA)၊ ကျန်းမာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ တိရိဆန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်ကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net