မယ္ဆိုင္ဘက္တြင္ လွ်ပ္စစ္ပါ၀ါလိုင္း ထိခိုက္သြား၍ တာခ်ီလိတ္ၿမိဳ႕တြင္းပိုင္း လွ်ပ္စစ္မီး ျပတ္ေတာက္သြားျခင္းျဖစ္

မယ္ဆိုင္ဘက္တြင္ လွ်ပ္စစ္ပါ၀ါလိုင္း ထိခိုက္သြား၍ တာခ်ီလိတ္ၿမိဳ႕တြင္းပိုင္း လွ်ပ္စစ္မီး ျပတ္ေတာက္သြားျခင္းျဖစ္
မတ် 9, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕အတြင္း၌ ယေန႔ ၂၀၁၉ခုနွစ္ မတ္လ(၉)ရက္ေန႔ ည(၇)နာရီခြဲ၀န္းက်င္အခ်ိန္က စ၍ လွ်ပ္စစ္မီး ျပတ္ေတာက္သြားရျခင္းမွာ ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္ရွိ ပါ၀ါလိုင္း ႏွင့္ ဆိုင္းဘုတ္ထိသြား၍ ျပတ္ေတာက္သြားရျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုလို လွ်ပ္စစ္မီးျပတ္ေတာက္သြားသည့္အတြက္ ထိုင္းဘက္မွ ျပင္ဆင္ေနလ်က္ရွိၿပီး ၾကာျမင့္ခ်ိန္မွာ အခ်ိန္(၁)နာရီ၀န္းက်င္မွ်သာ ၾကာျမင့္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

"ေရႊႀတိဂံဘက္သြားတဲ့ မီးပြိဳင့္နားမွာ ရွိတဲ့ ပါ၀ါလိုင္းေပၚ ဆိုင္းဘုတ္ထိသြားလို႔ ျပတ္သြားတာလို႔ သိရပါတယ္။ အခု သူတို႔ ျပင္ေနတယ္ ေနာက္တစ္နာရီၾကာမယ္လို႔ ေျပာပါတယ္"ဟု ၿမိဳ႕မီးလင္းေရးရံုးမွာ ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးစိုင္းခမ္းမြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ မီးလင္းေရးအပိုင္း(၂)ပိုင္းရွိရာတြင္ ယေန႔ ညမီးျပတ္သြားသည့္ အပိုင္းမွာ ၿမိဳ႕တြင္းပိုင္းသာျဖစ္ၿပီး ၿမိဳ႕ျပင္မီးလိုင္းမ်ားမွာ ပံုမွန္အတိုင္း လွ်ပ္စစ္မီး ရရွိေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့အတွင်း၌ ယနေ့ ၂၀၁၉ခုနှစ် မတ်လ(၉)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က စ၍ လျှပ်စစ်မီး ပြတ်တောက်သွားရခြင်းမှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ရှိ ပါဝါလိုင်း နှင့် ဆိုင်းဘုတ်ထိသွား၍ ပြတ်တောက်သွားရခြင်းဖြစ်ကြောင်း သိရသည်။

ယခုလို လျှပ်စစ်မီးပြတ်တောက်သွားသည့်အတွက် ထိုင်းဘက်မှ ပြင်ဆင်နေလျက်ရှိပြီး ကြာမြင့်ချိန်မှာ အချိန်(၁)နာရီဝန်းကျင်မျှသာ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

"ရွှတြေိဂံဘက်သွားတဲ့ မီးပွိုင့်နားမှာ ရှိတဲ့ ပါဝါလိုင်းပေါ် ဆိုင်းဘုတ်ထိသွားလို့ ပြတ်သွားတာလို့ သိရပါတယ်။ အခု သူတို့ ပြင်နေတယ် နောက်တစ်နာရီကြာမယ်လို့ ပြောပါတယ်"ဟု မြို့မီးလင်းရေးရုံးမှာ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် မီးလင်းရေးအပိုင်း(၂)ပိုင်းရှိရာတွင် ယနေ့ ညမီးပြတ်သွားသည့် အပိုင်းမှာ မြို့တွင်းပိုင်းသာဖြစ်ပြီး မြို့ပြင်မီးလိုင်းများမှာ ပုံမှန်အတိုင်း လျှပ်စစ်မီး ရရှိနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net