မူးယစ်ဆေးရောင်းဝယ်မှု သိသိသာသာလျော့ကျခြင်းမရှိသဖြင့် အများအပြားရောင်းသူနှင့် ထုတ်လုပ်သူများ ဖမ်းမိရေး ပြည်ထဲရေးကို လွှတ်တော်တွင် မေးမြန်း
မူးယစ်ဆေးရောင်းဝယ်မှု သိသိသာသာလျော့ကျခြင်းမရှိသဖြင့် အများအပြားရောင်းသူနှင့် ထုတ်လုပ်သူများ ဖမ်းမိရေး ပြည်ထဲရေးကို လွှတ်တော်တွင် မေးမြန်း
မတျ 4, 2019
By Tachileik News Agency
တွင် ပြည်သူလူထုကပါ မူးယစ်ဆေးဝါးဖမ်းဆီးရေးကို တက်ကြွစွာ ပါဝင်နေကြကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဖောင်းပြင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေက ကြယ်ပွင့်ပြမေးခွန်းတွင် ထည့်သွင်းတင်ပြသွားသည်။
အဆိုပါမေးခွန်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖြေကြားရာတွင် ၁၉၉၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးအထူးနှိမ်နှင်းရေးရဲတပ်ဖွဲ့များက နယ်မြေအလိုက် ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ပူးပေါင်း ဖမ်းဆီးမှုများလည်းရှိနေသည့်အပြင် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှုများကိုလည်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးဖမ်းဆီးရေးကို ပြည်ထဲရေးဝန်ကြီးဌာနအပြင် တပ်မတော်ကလည်း ဖမ်းဆီးရမိမှုများရှိနေပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်လည်း အများပြည်သူအနေဖြင့် လုံခြုံစိတ်ချစွာသတင်းပေးတိုင်ကြားနိုင်မည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးမှုများရှိနေသော်လည်း မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းမှာ သိသိသာသာ လျော့ကျ သွားခြင်းမရှိသဖြင့် မူးယစ်ဆေးအများအပြား ရောင်းချသူများနှင့် ထုတ်လုပ်သူများအား ဖမ်းဆီး ရမိရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွင်းဆက်များ ချိတ်ဆက်ဖမ်းဆီးပေးရန် ပြည်သူ့လွှတ်တော်တွင် တင်ပြဆွေးနွေးသည်။
သက်ဆိုင်ရာ ပြည်ထဲရေးဌာနက မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုအပြင် နိုင်ငံတော်သမ္မတရုံး၌ မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာနကိုပါ ဖွင့်လှစ်လိုက်၍ ဖမ်းဆီးရမိမှုများ တိုးလာသည့်အပြင် ဒေသအချို့
တွင် ပြည်သူလူထုကပါ မူးယစ်ဆေးဝါးဖမ်းဆီးရေးကို တက်ကြွစွာ ပါဝင်နကြေကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဖောင်းပြင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေက ကြယ်ပွင့်ပြမေးခွန်းတွင် ထည့်သွင်းတင်ပြသွားသည်။
“ကျွန်တော့်မဲဆန္ဒနယ်က လူထုဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အားတက်သရော ဆောင်ရွက်နကြေတာ တွေ့ရပါတယ်။ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအနေနဲ့ လူထုနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ တွေ့ရှိရင် ဖမ်းဆီးပြီး သက်ဆိုင်ရာ ဖမ်းဆီးရေးအဖွဲ့များထံ အပ်နှံခြင်း၊ တိကျစွာ သတင်းပေးတိုင်ကြားခြင်း၊ လိုအပ်ပါက ဖမ်းဆီးရေးအဖွဲ့နှင့်ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးခြင်းစသဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်ပေးနကြေတာ အမှုပေါင်း (၅၈)မှုအထိ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းအား သိသိသာသာ လျော့ကျသွားတယ်လို့ မထင်ရပါဘူး။ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းဟာ ငွေကြေးအရင်းအနှီးများစွာ မလိုအပ်ဘဲ ပုံစံအမျိုးမျိုးနဲ့ ရှင်သန်နေတဲ့ အရောင်းအဝယ်လောကဖြစ်နေပါတယ်။ တဖြည်းဖြည်းနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာမှာ ထိခို်က်ခံစားရတာဖြစ်ပါတယ်။ ကျွန်တော့်ဒေသက ဖောင်းပြင်က တောင်ဖက်အစွန်းက မိုင်းကျောင်းကျေးရွာအုပ်စု၊ ရွာသာရွာမှာဆိုရင် ဘိန်းဖြူစတင်ရောက်ရှိတဲ့ ၂၀၁၆ ခုနှစ်ကနေစပြီး အခုအချိန်ထိ (၃၄)ဦး သေဆုံးပြီး အမျိုးသား (၃၂)ဦးနဲ့ အမျိုးသမီး (၂)ဦးဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် (၂၀)ကနေ (၅၅)ကြား အရွယ်တွဖြေစ်လို့ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်လည်း ဆုံးရှုံးရပါတယ်”ဟု ဖောင်းပြင် မဲဆန္ဒနယ်၏ ဦးထွန်းဝေက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းတင်ပြသွားခြင်းဖြစ်သည်။
အဆိုပါမေးခွန်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖြကြေားရာတွင် ၁၉၉၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးအထူးနှိမ်နှင်းရေးရဲတပ်ဖွဲ့များက နယ်မြေအလိုက် ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ပူးပေါင်း ဖမ်းဆီးမှုများလည်းရှိနေသည့်အပြင် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှုများကိုလည်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်း ဖြကြေားခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးဖမ်းဆီးရေးကို ပြည်ထဲရေးဝန်ကြီးဌာနအပြင် တပ်မတော်ကလည်း ဖမ်းဆီးရမိမှုများရှိနပြေီး ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်လည်း အများပြည်သူအနဖြေင့် လုံခြုံစိတ်ချစွာသတင်းပေးတို်င်ကြားနိုင်မည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net