ညီမ၏ ခင်ပွန်းမှ ဓါးဖြင့်ထိုးသောကြောင့် ယောက်ဖဖြစ်သူ သုံးဦးအနက် နှစ်ဦးမှာ ဒဏ်ရာရရှိကာ တစ်ဦးမှာ နေရာတွင် သေဆုံး

ညီမ၏ ခင်ပွန်းမှ ဓါးဖြင့်ထိုးသောကြောင့် ယောက်ဖဖြစ်သူ သုံးဦးအနက် နှစ်ဦးမှာ ဒဏ်ရာရရှိကာ တစ်ဦးမှာ နေရာတွင် သေဆုံး
မတျ 7, 2019
By Tachileik News Agency


ဖြစ်စဉ်မှာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့၊ မြို့မကယန်းရပ်ကွက်တွင် နေထိုင်သူ ကိုစတီးဖင်း၊ ဦးကိုရီ နှင့် ကိုမာဆူးတို့ ညီအစ်ကိုသုံးဦးသည် နေအိမ်တွင် ညီမဖြစ်သူ မနန်းမူ နှင့် ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က စကားပြောနေကြစဉ် ညီမ၏ ခင်ပွန်းဖြစ်သူ သိန်းအောင်သည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဇနီးအား နေအိမ်သို့ ပြန်ရန် ခေါ်ဆောင်ရာ မလိုက်သည့်အတွက် အတင်းခေါ်ဆောင်ခြင်းကြောင့် အစ်ကိုဖြစ်သူ (၃)ဦးမှာ ယင်းသို့ မပြုလုပ်ရန် ၀င်ရောက် ဖျန်ဖြေရာမှ ယောက်ဖဖြစ်သူမှ ဓါးဖြင့်ပြန်လည်ထိုးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ညီမဖြစ်သူ မနန်းမူအား အတင်း​ခေါ်​ဆောင်​​သော​ကြောင့်​ အစ်ကိုဖြစ်သူ ဦးကိုရီမှ ဝင်​​ရောက်​ဖျန်​​ဖြေရာ ညီမဖြစ်​သူ၏ ခင်​ပွန်း ဦးသိန်း​အောင်​မှ အသင့်​ပါလာ​သော ဓား​မြှောင်ဖြင့်​ ထိုးလိုက်​ရာ ညာဘက်​ရင်​​ခေါင်း ထိုးသွင်းဒဏ်​ရာ တစ်​ချက်​ ရရှိသွား၍ ကျန်ညီအစ်ကို နှစ်ဦးဖြစ်သည့် ကိုစတီးဖင်း နှင့် ကိုမာဆူး တို့မှ ယောက်ဖဖြစ်သူထံက ဓါတ်းအား လုယူရန်ပြုလုပ်စဉ် ယောက်ဖမှ ဓါးဖြင့် ပြန်လည်၍ ထိုးလိုကသောကြောင့် ကိုမာဆူးသည် ခါးဘယ်ဘက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ​နောက်​​ကျောတွင်​ ထိုးသွင်းဒဏ်​ရာ တစ်​ချက်​ နှင့်​ ယာလက်​ တံ​တောင်​ဆစ်​ ပြတ်ရှဒဏ်​ရာ နှစ်​ချက်​ ရရှိခဲ့​ပြီး ကိုစတီးဖင်းမှာ ဘယ်ဘက်ချိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ဦးကိုရီမှာ ဓါးဖြင့် ထိုးခံရခြင်းကြောင့် နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ Unicode Version ~~~~~~~~

ညီမနှင့် ယောက်ဖဖြစ်သူတို့ စကားများနေသည်ကို ဝင်ရောက် ဖျန်ဖြေသည့် အစ်ကို(၃)ဦးသည် ယောက်ဖဖြစ်သူ၏ ဓားဖြင့် ပြန်ထိုးမှုကြောင့် တစ်ဦးမှာ သေဆုံးသွားပြီး နှစ်ဦးမှာ ဓားဒဏ်ရာများရရှိမှု ကယားပြည်နယ် နန်းမယ်ခုံမြို့တွင် မတ်လ(၆)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့၊ မြို့မကယန်းရပ်ကွက်တွင် နေထိုင်သူ ကိုစတီးဖင်း၊ ဦးကိုရီ နှင့် ကိုမာဆူးတို့ ညီအစ်ကိုသုံးဦးသည် နေအိမ်တွင် ညီမဖြစ်သူ မနန်းမူ နှင့် ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က စကားပြောနကြေစဉ် ညီမ၏ ခင်ပွန်းဖြစ်သူ သိန်းအောင်သည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဇနီးအား နေအိမ်သို့ ပြန်ရန် ခေါ်ဆောင်ရာ မလိုက်သည့်အတွက် အတင်းခေါ်ဆောင်ခြင်းကြောင့် အစ်ကိုဖြစ်သူ (၃)ဦးမှာ ယင်းသို့ မပြုလုပ်ရန် ဝင်ရောက် ဖျန်ဖြေရာမှ ယောက်ဖဖြစ်သူမှ ဓားဖြင့်ပြန်လည်ထိုးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ညီမဖြစ်သူ မနန်​းမူအား အတင်​း​ခေါ်​ဆောင်​​သော​ကြောင်​့ အစ်ကိုဖြစ်သူ ဦးကိုရီမှ ဝင်​​ရောက်​ဖျန်​​ဖြေရာ ညီမဖြစ်​သူ၏ ခင်​ပွန်​း ဦးသိန်​း​အောင်​မှ အသင်​့ပါလာ​သော ဓား​မြှောင်ဖြင်​့ ထိုးလိုက်​ရာ ညာဘက်​ရင်​​ခေါင်​း ထိုးသွင်​းဒဏ်​ရာ တစ်​ချက်​ ရရှိသွား၍ ကျန်ညီအစ်ကို နှစ်ဦးဖြစ်သည့် ကိုစတီးဖင်း နှင့် ကိုမာဆူး တို့မှ ယောက်ဖဖြစ်သူထံက ဓာတ်းအား လုယူရန်ပြုလုပ်စဉ် ယောက်ဖမှ ဓားဖြင့် ပြန်လည်၍ ထိုးလို်ကသောကြောင့် ကိုမာဆူးသည် ခါးဘယ်ဘက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ​နောက်​​ကျောတွင်​ ထိုးသွင်​းဒဏ်​ရာ တစ်​ချက်​ နှင်​့ ယာလက်​ တံ​တောင်​ဆစ်​ ပြတ်ရှဒဏ်​ရာ နှစ်​ချက်​ ရရှိခဲ့​ပြီး ကိုစတီးဖင်းမှာ ဘယ်ဘက်ချိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ဦးကိုရီမှာ ဓားဖြင့် ထိုးခံရခြင်းကြောင့် နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဦးအား ဒဏ်ရာများရရှိအောင် နှင့် တစ်ဦးအား သေဆုံးအောင် ဓားဖြင့် ထိုးခဲ့သူ အသက်(၃၇)နှစ်ရှိ သိန်းအောင်အား အရေးယူပေးနိုင်ရန်အတွက် ရဲတပ်ဖွဲ့သို့ တိုင်ကြားရာ ဒီး​မော့ဆိုမြို့မရဲစခန်​း မှ (ပ)၈/၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂/ ၃၂၆ ဖြင်​့အမှုဖွင်​့ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း ( Tachileik News Agency )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net