ပြန်လည်မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို မတ်လ (၃၀)ရက်နေ့ နောက်ပိုင်းတွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်တော့မည်

ပြန်လည်မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို မတ်လ (၃၀)ရက်နေ့ နောက်ပိုင်းတွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်တော့မည်
မတျ 10, 2019
By Tachileik News Agency


မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီများ ပြန်လည် မှတ်ပုံတင်ခြင်းအား ၂၀၁၈ ခုနှစ် သြဂုတ်လ( ၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ အထိ (၆) လ ကာလအတွင်း အခမဲ့ပြန်လည်မှတ်ပုံတင်ပေးခဲ့သော်လည်း ပြန်လည်မှတ်ပုံမတင်သေးသော ကုမ္ပဏီများ ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီများ သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် ပြန်လည်မှတ်ပုံတင်ခြင်းကို ရန်ကုန်မြို့ရှိ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်တွင် လူကိုယ်တိုင်လာရောက်ဆောင်ရွက်နိုင်ပြီး မှတ်ပုံတင်စာရင်းတွင် ပြန်လည်ထိန်းသိမ်းခြင်းအတွက် သတ်မှတ်အခကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ်ဖြင့် ပြန်လည်မှတ်ပုံ မတင်ရသေးသည့် ကုမ္ပဏီများကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်တော့မည်ဖြစ်ရာ ကုမ္ပဏီပြန်လည်မှတ်ပုံတင်လိုသူများ ၂၀၁၉ ခုနှစ် မတ်လ (၃၀) ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီများ ပြန်လည် မှတ်ပုံတင်ခြင်းအား ၂၀၁၈ ခုနှစ် သြဂုတ်လ( ၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ အထိ (၆) လ ကာလအတွင်း အခမဲ့ပြန်လည်မှတ်ပုံတင်ပေးခဲ့သော်လည်း ပြန်လည်မှတ်ပုံမတင်သေးသော ကုမ္ပဏီများ ကျန်ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီများ သို့မဟုတ် အဖွဲ့အစည်းများအနဖြေင့် ပြန်လည်မှတ်ပုံတင်ခြင်းကို ရန်ကုန်မြို့ရှိ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်တွင် လူကိုယ်တိုင်လာရောက်ဆောင်ရွက်နိုင်ပြီး မှတ်ပုံတင်စာရင်းတွင် ပြန်လည်ထိန်းသိမ်းခြင်းအတွက် သတ်မှတ်အခကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၃၀)ရက်နေ့ နောက်ပိုင်းမှစ၍ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသော ကုမ္ပဏီများအားလုံးကို မှတ်ပုံတင်အမည်စာရင်းမှ ပယ်ဖျက်သွားတော့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net