တာခ်ီလိတ္ၿမိဳ႕ သန္႔ရွင္းသာယာေရး တစ္ႏွစ္တာစီမံခ်က္ကို ဆုေပးဒဏ္ေပးစနစ္ျဖင့္ ေဆာင္ရြက္မည္

တာခ်ီလိတ္ၿမိဳ႕ သန္႔ရွင္းသာယာေရး တစ္ႏွစ္တာစီမံခ်က္ကို ဆုေပးဒဏ္ေပးစနစ္ျဖင့္ ေဆာင္ရြက္မည္
မတ် 2, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ သန္႔ရွင္းသာယာေရးစီမံခ်က္ကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၉)ရက္ေန႔မွစ၍ တစ္ႏွစ္တာ ကာလအတြင္း ဆုေပးဒဏ္ေပးစနစ္ျဖင့္ ေဆာင္ရြက္မည္ျဖစ္ၿပီး ျပည္သူလူထု ပူးေပါင္း ပါဝင္လာေရးကို ဦးတည္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္သူလူထု ပူးေပါင္းပါ၀င္ႏိုင္တဲ့ လုပ္ငန္းေပါ့။ ျပည္သူေတြနဲ႔ ဌာနဆိုင္ရာေတြနဲ႔ ပူးေပါင္းၿပီး လုပ္ကိုင္ႏိုင္တဲ့ လုပ္ငန္းေပါ့။ ၿမိဳ႕အတြက္လည္း အက်ိဳးျဖစ္ထြန္းမယ့္ဟာေပ့ါ။ လုပ္ႏိုင္ကိုင္ႏိုင္တဲ့ ကိစၥလည္းျဖစ္ဖို႔ မလုပ္ႏိုင္၊ မကိုင္ႏိုင္တဲ့ဟာကို စီမံခ်က္ဆြဲၿပီးေတာ့ လုပ္မယ္ဆို မေအာင္ျမင္ႏိုင္ဘူးေပါ့။ ျပည္သူနဲ႔လည္း နီးနီးစပ္စပ္ျဖစ္ၿပီးေတာ့ ျပည္သူက စိတ္ပါ၀င္စားတဲ့ လုပ္ငန္းျဖစ္ၿပီးေတာ့ ၿမိဳ႕အတြက္လည္း တကယ္အက်ိဳးရိွတဲ့ဟာျဖစ္ဖို႔ ရည္ရြယ္တာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စီမံခ်က္ကို၂၀၁၉ ခုႏွစ္ မတ္လမွစတင္ကာ အပတ္စဥ္ စေနေန႔တုိင္းေဆာင္ရြက္မည္ျဖစ္ၿပီး စီမံခ်က္ကို (၃)စီပိုင္းျခားၿပီး အဆင့္ဆင့္လုပ္ေဆာင္သြားကာ ေနာက္ဆံုး စတုတၳ (၃) လပတ္တြင္ ရပ္ကြက္အလိုက္၊ လမ္းအလိုက္ အသန္႔ရွင္းဆံုးဆုမ်ား ေရြးခ်ယ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္ တစ္ဖက္ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တုိ႔၏ သန္႔ရွင္းသပ္ရပ္မႈပိုင္းတြင္ ကြာဟေနသျဖင့္ ၿမိဳ႕လူထုအေနျဖင့္ အမိႈက္မ်ား စနစ္တက်စြန္႔ပစ္ျခင္းျဖင့္ ၿမိဳ႕သာယာလွပေရးကို စတင္ေဆာင္ရြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ သန့်ရှင်းသာယာရေးစီမံချက်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၉)ရက်နေ့မှစ၍ တစ်နှစ်တာ ကာလအတွင်း ဆုပေးဒဏ်ပေးစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူလူထု ပူးပေါင်း ပါဝင်လာရေးကို ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူလူထု ပူးပေါင်းပါဝင်နိုင်တဲ့ လုပ်ငန်းပေါ့။ ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းပေါ့။ မြို့အတွက်လည်း အကျိုးဖြစ်ထွန်းမယ့်ဟာပေါ့။ လုပ်နိုင်ကိုင်နိုင်တဲ့ ကိစ္စလည်းဖြစ်ဖို့ မလုပ်နိုင်၊ မကိုင်နိုင်တဲ့ဟာကို စီမံချက်ဆွဲပြီးတော့ လုပ်မယ်ဆို မအောင်မြင်နိုင်ဘူးပေါ့။ ပြည်သူနဲ့လည်း နီးနီးစပ်စပ်ဖြစ်ပြီးတော့ ပြည်သူက စိတ်ပါဝင်စားတဲ့ လုပ်ငန်းဖြစ်ပြီးတော့ မြို့အတွက်လည်း တကယ်အကျိုးရှိတဲ့ဟာဖြစ်ဖို့ ရည်ရွယ်တာပေါ့”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စီမံချက်ကို၂၀၁၉ ခုနှစ် မတ်လမှစတင်ကာ အပတ်စဉ် စနေနေ့တိုင်းဆောင်ရွက်မည်ဖြစ်ပြီး စီမံချက်ကို (၃)စီပိုင်းခြားပြီး အဆင့်ဆင့်လုပ်ဆောင်သွားကာ နောက်ဆုံး စတုတ္ထ (၃) လပတ်တွင် ရပ်ကွက်အလိုက်၊ လမ်းအလိုက် အသန့်ရှင်းဆုံးဆုများ ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နှင့် တစ်ဖက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တို့၏ သန့်ရှင်းသပ်ရပ်မှုပိုင်းတွင် ကွာဟနေသဖြင့် မြို့လူထုအနဖြေင့် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းဖြင့် မြို့သာယာလှပရေးကို စတင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~