စည္းကမ္းမဲ့စြန္႔ပစ္အမိႈက္မ်ားရွင္းလင္းၾကသည့္ Clean up challenge လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေရပန္းစားလာေန

စည္းကမ္းမဲ့စြန္႔ပစ္အမိႈက္မ်ားရွင္းလင္းၾကသည့္ Clean up challenge လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေရပန္းစားလာေန
မတ် 11, 2019
By Tachileik News Agency

လူမႈကြန္ယက္စာမ်က္ႏွာ Facebook တြင္ လတ္တေလာေရပန္းစားလာသည့္ Challenge အျဖစ္ စည္းကမ္းမဲ့ စြန္႔ပစ္အမိႈက္မ်ား ရွင္းလင္းသည့္ Clean up challenge လုပ္ေဆာင္လာၾကသည္ကို ေတြ႔ရသည္။

ယခင္ကလည္း လူမႈကြန္ယက္စာမ်က္ႏွာတြင္ လုပ္ေဆာင္ခ်က္အမ်ိဳးမ်ိဳးျဖင့္ Challenge လုပ္ျခင္းမ်ား လုပ္ေဆာင္လာရာမွ Clean up challenge ကို ယခုရက္ပုိင္းတြင္ ျမန္မာလူမႈကြန္ယက္စာမ်က္ႏွာ အသိုင္းအဝိုင္း၌ ေတြ႔လာရျခင္းျဖစ္သည္။

#cleanupchallenge   #AcceptCleanupChallange #CleanTogether #CleanMyanmarကို ယခုရက္ပိုင္းတြင္ လုပ္ေဆာင္လာသူအမ်ားစုမွာ လူငယ္မ်ားျဖစ္ၾကသည္ကိုေတြ႔ရၿပီး မိမိတို႔ရပ္ကြက္အလုိက္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္အမိႈက္မ်ားကို မိမိတို႔အစီအစဥ္ျဖင့္ ရွင္းလင္းၾကၿပီး အမိႈက္မ်ား မရွင္းလင္းမီႏွင့္ ရွင္းလင္းၿပီးပံုမ်ားကိုတင္ကာ Challenge လုပ္ၾကျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕ အပါအဝင္ ျမန္မာတစ္ႏုိင္ငံလံုးတြင္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားရိွေနသျဖင့္ စည္းကမ္းတက် အမိႈက္စြန္႔ပစ္တတ္ေရး အသိပညာေပးမ်ားကို လုပ္ေဆာင္ေနရဆဲျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -  Clean Myanmar


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လူမှုကွန်ယက်စာမျက်နှာ Facebook တွင် လတ်တလောရေပန်းစားလာသည့် Challenge အဖြစ် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ရှင်းလင်းသည့် Clean up challenge လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။
ယခင်ကလည်း လူမှုကွန်ယက်စာမျက်နှာတွင် လုပ်ဆောင်ချက်အမျိုးမျိုးဖြင့် Challenge လုပ်ခြင်းများ လုပ်ဆောင်လာရာမှ Clean up challenge ကို ယခုရက်ပိုင်းတွင် မြန်မာလူမှုကွန်ယက်စာမျက်နှာ အသိုင်းအဝိုင်း၌ တွေ့လာရခြင်းဖြစ်သည်။

#cleanupchallenge #AcceptCleanupChallange #CleanTogether #CleanMyanmarကို ယခုရက်ပိုင်းတွင် လုပ်ဆောင်လာသူအများစုမှာ လူငယ်များဖြစ်ကြသည်ကိုတွေ့ရပြီး မိမိတို့ရပ်ကွက်အလိုက် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များကို မိမိတို့အစီအစဉ်ဖြင့် ရှင်းလင်းကြပြီး အမှိုက်များ မရှင်းလင်းမီနှင့် ရှင်းလင်းပြီးပုံများကိုတင်ကာ Challenge လုပ်ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနေသဖြင့် စည်းကမ်းတကျ အမှိုက်စွန့်ပစ်တတ်ရေး အသိပညာပေးများကို လုပ်ဆောင်နေရဆဲဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Clean Myanmar

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net