ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရေပူစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိသည့် ပစ္စည်းများအနက် စားသုံးရန်နှင့် သုံးစွဲရန် မသင့်ပစ္စည်းများ ဖျက်ဆီးရှင်းလင်း
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရေပူစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိသည့် ပစ္စည်းများအနက် စားသုံးရန်နှင့် သုံးစွဲရန် မသင့်ပစ္စည်းများ ဖျက်ဆီးရှင်းလင်း
မတျ 25, 2019
By Tachileik News Agency
တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့သို့ ကုန်သွယ်ရေးလမ်းကြောင်းရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိ ဖမ်းဆီးရမိသည့်အမှုပေါင်း (၂၂)မှုမှ စားသုံးရန်၊ သုံးစွဲရန်မသင့်သည့် ဘီယာဗူးများ၊ ဘီယာပုလင်းများ၊ SPY ဝိုင်ပုလင်းများ၊ အလှကုန်ပစ္စည်းများ၊ ကာမအားတိုးဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ စီးကရက်များ၊ တိရိစ္ဆာန် အသားအားတိုး ဖြည့်စွက်အစားအစာများအား ဖျက်ဆီးပစ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိထားသည့် တရားမဝင် သယ်ဆောင်လာသည့် ပစ္စည်းများအနက် စားသုံးရန်၊ သုံးစွဲရန်မသင့်သည့်ပစ္စည်းများကို ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးတွင် ဖျက်ဆီးလိုက်သည်။
"ရေပူစစ်ဆေးရေးစခန်းကို ဖြတ်သန်းသွားကြတဲ့ ပို့ကုန်ပစ္စည်းတွေ၊ သွင်းကုန်ပစ္စည်းတွေမှာ လိုင်စင်တွေ ပါမစ်တွေနဲ့ ကိုက်ညီမှုရှိ မရှိ စစ်ဆေးရပါတယ်။ အဲဒီမှာ လိုင်စင်မရှိတာတွေ၊ ပါမစ်မရတဲ့ပစ္စည်းတွေနဲ့ သုံးစွဲဖို့ စားသုံးဖို့ မသင့်တဲ့ပစ္စည်းတွေကို သိမ်းဆည်းပြီးတော့ ဖျက်ဆီးတာဖြစ်ပါတယ်။ ဒီဘက်က FDA အပါအဝင် သက်ဆိုင်ရာ ထောက်ခံချက်ရရှိပြီးသား အစားအစာ၊ အသုံးအဆောင်တွေကို အကောက်ခွန်မဲ့ဝင်ရောက်လာလို့ ဖမ်းဆီးရမိရင်တော့ မြို့နယ်ရုံးမှာ ရွေးယူဒဏ်ငွေနဲ့ ပြန်ရွေးစေပါတယ်" ဟု ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးဖကြေိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့သို့ ကုန်သွယ်ရေးလမ်းကြောင်းရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိ ဖမ်းဆီးရမိသည့်အမှုပေါင်း (၂၂)မှုမှ စားသုံးရန်၊ သုံးစွဲရန်မသင့်သည့် ဘီယာဗူးများ၊ ဘီယာပုလင်းများ၊ SPY ဝိုင်ပုလင်းများ၊ အလှကုန်ပစ္စည်းများ၊ ကာမအားတိုးဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ စီးကရက်များ၊ တိရိစာ္ဆန် အသားအားတိုး ဖြည့်စွက်အစားအစာများအား ဖျက်ဆီးပစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးစခန်းမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ဖမ်းဆီးရမိသည့် တရားမဝင် ပစ္စည်းများအနက် စားသုံးရန်နှင့် သုံးစွဲရန်မသင့်သည့် ပစ္စည်းများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့က ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net