ၾကက္တိုက္ပြဲတြင္ ဆိုင္ကယ္အစီး(၄၀)၊ ၾကက္ဖ(၅)ေကာင္ႏွင့္ ၾကက္တိုက္သူ အမ်ဳိးသား (၄)ဦးကို ဖမ္းဆီးရမိ၍ ေလာင္းကစားဥပေဒျဖင့္ အမႈဖြင့္

ၾကက္တိုက္ပြဲတြင္ ဆိုင္ကယ္အစီး(၄၀)၊ ၾကက္ဖ(၅)ေကာင္ႏွင့္ ၾကက္တိုက္သူ အမ်ဳိးသား (၄)ဦးကို ဖမ္းဆီးရမိ၍ ေလာင္းကစားဥပေဒျဖင့္ အမႈဖြင့္
မတ် 9, 2019
By Tachileik News Agency

ၾကက္တိုက္ေလာင္းကစားျပဳလုပ္ေနသူ အမ်ဳိးသား(၄)ဦးႏွင့္ ဆိုင္ကယ္အစီး(၄၀)အပါအ၀င္ တိုက္ၾကက္ဖ (၅)ေကာင္တို႔ကို  မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမို႕နယ္၊ ကိုင္းေတာမေက်းရြာ၏ အေရွ႕ေတာင္ဘက္ (၁) မိုင္ခြဲခန္႔အကြာ ကေတာင္းကုန္းတြင္ သတင္းအရ ဖမ္းဆီးရမိၿပီး ရဲတပ္ဖြဲ႔မွ ၀င္ေရာက္ ဖမ္းဆီးမႈေၾကာင့္ ထြက္ေျပးသြားသည့္ ဆိုင္ကယ္ပိုင္ရွင္မ်ားကိုလည္း စံုစမ္းေနေၾကာင္း သိရသည္။

ၿမိဳင္ၿမို႕နယ္၊ ကိုင္းေတာမေက်းရြာ၏ အေရွ႕ေတာင္ဘက္ (၁) မိုင္ခြဲခန္႔အကြာ ကေတာင္းကုန္းတြင္  ၾကက္တိုက္ေလာင္းကစား ျပဳလုပ္ေနေၾကာင္း သတင္းအခိုင္အမာရရွိထားသည့္ ပခုကၠဴခရိုင္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕မွ သက္ေသမ်ားႏွင့္အတူ ၂၀၁၉ခုႏွစ္ မတ္လ(၈)ရက္ေန႔ ညေန(၄)နာရီ ၀န္းက်င္အခ်ိန္က သြားေရာက္ဖမ္းဆီးရာ  ရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႔မွ လာေရာက္ဖမ္းဆီးသည္ကို ေတြ႔ျမင္သြားသည့္ ၾကက္တိုက္ေလာင္းကစားပြဲသို႔ လာေရာက္ၾကည့္သူမ်ားမွာ ဆို္င္ကယ္မ်ားအား ထားခဲ့၍ ထြက္ေျပးသြားရာတြင္ ဆိုင္ကယ္အစီး (၄၀)က်န္ရစ္ခဲ့ၿပီး တိုက္ၾကက္ဖ(၅)ေကာင္ႏွင့္အတူ ဦးေအာင္တင္၊ ခင္ေမာင္ေရႊ၊ ဦးကံလႈိင္ ႏွင့္ ေက်ာ္ဆန္းႏိုင္တို႔အား ၾကက္တိုက္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြမ်ား၊ လက္ကိုင္ဖုန္းမ်ားျဖင့္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ၾကက္တိုက္ေလာင္းကစားျပဳလုပ္သူ ဦးကံလွိုင္ အပါအ၀င္ (၄)ဦးအား ၿမိဳင္ၿမိဳ႕မရဲစခန္းမွ (ပ)၃၆၆/၂၀၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၂(က)ျဖင့္ အေရးယူထားေၾကာင္း သိရသည္။

ေလာင္းကစားဥပေဒပုဒ္မ ၁၂(က)သည္ ျပစ္မႈထင္ရွားပါက ေထာင္(၆)လအထိ သို႔မဟုတ္ ဒဏ္ေငြ(၅၀၀၀၀)က်ပ္ အထိ ခ်မွတ္ႏိုင္သည့္ အျပင္ ျပစ္မႈႏွင့္ အက်ဳံး၀င္ေသာ သက္ေသခံပစၥည္းမ်ားႏွင့္ေငြမ်ားကို ျပည္သူ႔ဘ႑ာ အျဖစ္ သိမ္းဆည္းျခင္း ခံရမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကြက်တိုက်လောင်းကစားပြုလုပ်နေသူ အမျိုးသား(၄)ဦးနှင့် ဆိုင်ကယ်အစီး(၄၀)အပါအဝင် တိုက်ကြက်ဖ (၅)ကောင်တို့ကို မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ၏ အရှေ့တောင်ဘက် (၁) မိုင်ခွဲခန့်အကွာ ကတောင်းကုန်းတွင် သတင်းအရ ဖမ်းဆီးရမိပြီး ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသည့် ဆိုင်ကယ်ပိုင်ရှင်များကိုလည်း စုံစမ်းနေကြောင်း သိရသည်။

မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ၏ အရှေ့တောင်ဘက် (၁) မိုင်ခွဲခန့်အကွာ ကတောင်းကုန်းတွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအခိုင်အမာရရှိထားသည့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ၂၀၁၉ခုနှစ် မတ်လ(၈)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်အချိန်က သွားရောက်ဖမ်းဆီးရာ ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးသည်ကို တွေ့မြင်သွားသည့် ကြက်တိုက်လောင်းကစားပွဲသို့ လာရောက်ကြည့်သူများမှာ ဆို်င်ကယ်များအား ထားခဲ့၍ ထွက်ပြေးသွားရာတွင် ဆိုင်ကယ်အစီး (၄၀)ကျန်ရစ်ခဲ့ပြီး တိုက်ကြက်ဖ(၅)ကောင်နှင့်အတူ ဦးအောင်တင်၊ ခင်မောင်ရွှေ၊ ဦးကံလှိုင် နှင့် ကျော်ဆန်းနိုင်တို့အား ကြက်တိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ လက်ကိုင်ဖုန်းများဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြက်တိုက်လောင်းကစားပြုလုပ်သူ ဦးကံလှိုင် အပါအဝင် (၄)ဦးအား မြိုင်မြို့မရဲစခန်းမှ (ပ)၃၆၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)ဖြင့် အရေးယူထားကြောင်း သိရသည်။

လောင်းကစားဥပဒေပုဒ်မ ၁၂(က)သည် ပြစ်မှုထင်ရှားပါက ထောင်(၆)လအထိ သို့မဟုတ် ဒဏ်ငွေ(၅၀၀၀၀)ကျပ် အထိ ချမှတ်နိုင်သည့် အပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းများနှင့်ငွေများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net