အလွကုန္ပစၥည္းမ်ား တရားမဝင္ တင္သြင္းျဖန္႔ျဖဴးေရာင္းခ်မႈမ်ားကို ဥပေဒသစ္ျဖင့္ အေရးယူေတာ့မည္ျဖစ္၍ တရားဝင္ တင္သြင္းၾကရန္ ကုန္သြယ္ေရးဦးစီးဌာနက သတိေပး

အလွကုန္ပစၥည္းမ်ား တရားမဝင္ တင္သြင္းျဖန္႔ျဖဴးေရာင္းခ်မႈမ်ားကို ဥပေဒသစ္ျဖင့္ အေရးယူေတာ့မည္ျဖစ္၍ တရားဝင္ တင္သြင္းၾကရန္ ကုန္သြယ္ေရးဦးစီးဌာနက သတိေပး
မတ် 7, 2019
By Tachileik News Agency

အလွကုန္ပစၥည္းမ်ား တရားမဝင္ တင္သြင္းျဖန္႔ျဖဴးေရာင္းခ်မႈမ်ားကို ဥပေဒအရ အေရးယူသြားမည္ျဖစ္သျဖင့္ တင္သြင္း၊ ျဖန္႔ျဖဴး၊ ေရာင္းခ်သူမ်ားအေနျဖင့္ အလွကုန္ပစၥည္း မွတ္တမ္းေလွ်ာက္ထားၾကရန္ ကုန္သြယ္ေရးဦးစီးဌာနက နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားရိွရာေဒသမ်ားမွ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားထံ အေၾကာင္းၾကားထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ နယ္စပ္ကုန္သည္မ်ားအသင္းသို႔လည္း ကုန္သြယ္ေရးဦးစီးဌာနက အဆိုပါ အေၾကာင္းၾကားစာကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔ကတည္းက ေပးပို႔ထားသျဖင့္ ေဒသတြင္း ကုန္သည္၊ လုပ္ငန္းရွင္မ်ားကို အသိေပးထားေၾကာင္း သိရသည္။

“ေတြ႕ဆံုေဆြးေႏြးပြဲေတြ လုပ္သြားမယ္။ စားသံုးသူေရးရာက အလွကုန္မတိုင္ခင္မွာ ဒီ (၄) လပိုင္းမွာ အသက္၀င္မယ့္ ကုန္ပစၥည္းေတြေပၚမွာ ျမန္မာစာနဲ႔ျဖစ္ေစ၊ ျမန္မာစာနဲ႔ အဂၤလိပ္စာနဲ႔ပူးတြဲၿပီးမွျဖစ္ေစ တင္သြင္းရမယ့္ဟာေတြ ရိွတယ္။ ၿမိဳ႕ေပၚမွာရိွတဲ့ ကုန္သည္လုပ္ငန္းရွင္ေတြ၊ စားေသာက္ကုန္ေရာင္းတဲ့ကုန္စံုဆိုင္ေတြကစ အကုန္လံုးဖိတ္ၿပီးေတာ့ အစည္းအေ၀းလုပ္ထားတယ္။ အသိလည္းေပးထားၿပီးသားေပါ့။ ဥပေဒအသက္၀င္တဲ့အခ်ိန္ ကုန္သည္ေတြ မသိဘူးျဖစ္မွာစိုးလို႔ ႀကိဳၿပီးလုပ္ေပးထားတယ္”ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္မ်ားအသင္းရံုးမွ ေဒၚေရႊဇင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကုန္သြယ္ေရးဦးစီးဌာနက အေၾကာင္းၾကားစာတြင္ အလွကုန္ပစၥည္းဥပေဒထုတ္ျပန္ေတာ့မည္ျဖစ္ရာ အဆိုပါ ဥပေဒပါ ျပစ္မႈ၊ ျပစ္ဒဏ္မ်ားအတုိင္း အေရးယူေဆာင္ရြက္ရမည္ျဖစ္သျဖင့္ အလွကုန္ပစၥည္းမ်ားကို ေရာင္းခ်ရန္ တင္သြင္း၊ ျဖန္႔ခ်ိ၊ ေရာင္းခ်ျခင္းမ်ား လုပ္ေဆာင္ပါက အလွကုန္ပစၥည္းမွတ္တမ္းတင္ ေလွ်ာက္ထားရန္ လိုအပ္ၿပီး တစ္ကိုယ္ေရအသံုးျပဳရန္အတြက္ သယ္ယူလာေသာ အလွကုန္ပစၥည္းမ်ားကို အေကာက္ခြန္ဦးစီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနတို႔၏ သက္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားနွင့္အညီ ခြင့္ျပဳေဆာင္ရြက္ႏိုင္ေၾကာင္း ေဖၚျပထားသည္။

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက အလွကုန္ပစၥည္းဥပေဒ(မူၾကမ္း)အား ၂၀၁၇ ခုႏွစ္ ေဖေဖၚဝါရီလ (၂၄)ရက္ေန႔ကတည္းက စတင္ေရးဆြဲခဲ့ျခင္းျဖစ္ၿပီး အလွကုန္ပစၥည္းမ်ား တရားမဝင္တင္သြင္း ျဖန္႔ျဖဴး ေရာင္းခ်မႈမ်ားကို အဆိုပါဥပေဒပါ ျပစ္မႈ၊ ျပစ္ဒဏ္မ်ားအတုိင္း အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အလှကုန်ပစ္စည်းများ တရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချမှုများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်သဖြင့် တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများအနဖြေင့် အလှကုန်ပစ္စည်း မှတ်တမ်းလျှောက်ထားကြရန် ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ကုန်သွယ်ရေးစခန်းများရှိရာဒေသများမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နယ်စပ်ကုန်သည်များအသင်းသို့လည်း ကုန်သွယ်ရေးဦးစီးဌာနက အဆိုပါ အကြောင်းကြားစာကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကတည်းက ပေးပို့ထားသဖြင့် ဒေသတွင်း ကုန်သည်၊ လုပ်ငန်းရှင်များကို အသိပေးထားကြောင်း သိရသည်။

“တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားမယ်။ စားသုံးသူရေးရာက အလှကုန်မတိုင်ခင်မှာ ဒီ (၄) လပိုင်းမှာ အသက်ဝင်မယ့် ကုန်ပစ္စည်းတွေပေါ်မှာ မြန်မာစာနဲ့ဖြစ်စေ၊ မြန်မာစာနဲ့ အင်္ဂလိပ်စာနဲ့ပူးတွဲပြီးမှဖြစ်စေ တင်သွင်းရမယ့်ဟာတွေ ရှိတယ်။ မြို့ပေါ်မှာရှိတဲ့ ကုန်သည်လုပ်ငန်းရှင်တွေ၊ စားသောက်ကုန်ရောင်းတဲ့ကုန်စုံဆိုင်တွေကစ အကုန်လုံးဖိတ်ပြီးတော့ အစည်းအေဝးလုပ်ထားတယ်။ အသိလည်းပေးထားပြီးသားပေါ့။ ဥပဒေအသက်ဝင်တဲ့အချိန် ကုန်သည်တွေ မသိဘူးဖြစ်မှာစိုးလို့ ကြိုပြီးလုပ်ပေးထားတယ်”ဟု တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးမှ ဒေါ်ရွှေဇင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကုန်သွယ်ရေးဦးစီးဌာနက အကြောင်းကြားစာတွင် အလှကုန်ပစ္စည်းဥပဒေထုတ်ပြန်တော့မည်ဖြစ်ရာ အဆိုပါ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအတိုင်း အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အလှကုန်ပစ္စည်းများကို ရောင်းချရန် တင်သွင်း၊ ဖြန့်ချိ၊ ရောင်းချခြင်းများ လုပ်ဆောင်ပါက အလှကုန်ပစ္စည်းမှတ်တမ်းတင် လျှောက်ထားရန် လိုအပ်ပြီး တစ်ကိုယ်ရေအသုံးပြုရန်အတွက် သယ်ယူလာသော အလှကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတို့၏ သက်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အလှကုန်ပစ္စည်းဥပဒေ(မူကြမ်း)အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ကတည်းက စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အလှကုန်ပစ္စည်းများ တရားမဝင်တင်သွင်း ဖြန့်ဖြူး ရောင်းချမှုများကို အဆိုပါဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net