BHS English School ေက်ာင္းသားေက်ာင္းသူမ်ား သဲပံုေစတီပြဲက်င္းပ

BHS English School ေက်ာင္းသားေက်ာင္းသူမ်ား သဲပံုေစတီပြဲက်င္းပ
မတ် 19, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ Bright House English Pre-School မွ ေက်ာင္းသား ေက်ာင္းသူေလးမ်ားက တေပါင္းလသဲပံုေစတီပြဲအျဖစ္ မဟာျမတ္မုိးႏွင္းေစတီဝန္းအတြင္း ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၈)ရက္ေန႔က သဲပံုေစတီမ်ားလွဴဒါန္းၾကသည္။

 BHS English School က ေက်ာင္းသားေက်ာင္းသူမ်ားအား ရာသီအလုိက္ပြဲေတာ္မ်ားအေၾကာင္းကို သိရိွေစရန္ ရာသီအလုိက္ပြဲေတာ္မ်ား က်င္းပေပးေလ့ရိွၿပီး တေပါင္းလ သဲပံုေစတီပြဲကို KG ၊ Pre KG၊ Pre 1 & 2 Classes မ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ား ပါဝင္ၾကျခင္းျဖစ္သည္။

ဗုဒၶဘာသာဝင္မ်ားသည္ တေပါင္းလ၌ ျမစ္၊ေခ်ာင္းကမ္းပါး သဲေသာင္ျပင္မ်ားတြင္ သဲျဖင့္ေစတီပံုျပဳလုပ္ပူေဇာ္သည့္ သဲပံုေစတီပြဲကို က်င္းပေလ့ရိွၾကျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ Bright House English Pre-School မှ ကျောင်းသား ကျောင်းသူလေးများက တပေါင်းလသဲပုံစေတီပွဲအဖြစ် မဟာမြတ်မိုးနှင်းစေတီဝန်းအတွင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့က သဲပုံစေတီများလှူဒါန်းကြသည်။

 BHS English School က ကျောင်းသားကျောင်းသူများအား ရာသီအလိုက်ပွဲတော်များအကြောင်းကို သိရှိစေရန် ရာသီအလိုက်ပွဲတော်များ ကျင်းပပေးလေ့ရှိပြီး တပေါင်းလ သဲပုံစေတီပွဲကို KG၊ Pre KG၊ Pre 1 & 2 Classes များမှ ကျောင်းသားကျောင်းသူများ ပါဝင်ကြခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များသည် တပေါင်းလ၌ မြစ်၊ချောင်းကမ်းပါး သဲသောင်ပြင်များတွင် သဲဖြင့်စေတီပုံပြုလုပ်ပူဇော်သည့် သဲပုံစေတီပွဲကို ကျင်းပလေ့ရှိကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net