တာချီလိတ်မြို့မဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံတွင် နွေရာသီအားကစားသင်တန်း (၄)မျိုး ဖွင့်လှစ်သင်ကြားပေးနေ
တာချီလိတ်မြို့မဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံတွင် နွေရာသီအားကစားသင်တန်း (၄)မျိုး ဖွင့်လှစ်သင်ကြားပေးနေ
မတျ 12, 2019
By Tachileik News Agency
ဖွင့်လှစ်သင်ကြားပေးနေသည့် အားကစားသင်တန်း၌ ဘောလုံးအားကစားတွင် (၂၅၄) ဦး၊ ၀ူရှုးတွင် (၅၇) ဦး၊ မြန်မာ့သိုင်းတွင် (၄၇) ဦး၊ ဖူဆယ်ဘောလုံးတွင် (၄၅) ဦး တက်ရောက်သင်ကြားနေပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၂၅) ရက်နေ့အထိ (၁) လသင်တန်းပေးနေခြင်းဖြစ်ကြောင်း နှင့် ဘောလုံးအားကစားမှာ နေ့စဉ်နံနက် (၇) နာရီမှ (၉) နာရီအထိ၊ မြန်မာ့သိုင်းမှာ နံနက် (၈) နာရီမှ (၁၀) နာရီအထိ၊ ၀ူရှုးမှာ နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ၊ ဖူဆယ်ဘောလုံးမှာ နေ့လည် (၁) နာရီမှ (၂) နာရီခွဲအထိ ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် နွေရာသီ အားကစားသင်တန်းအဖြစ် ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ဝူရှုးနှင့် မြန်မာ့သိုင်းသင်တန်း (၄) မျိုးကို မြို့မဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံများတွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
"ကျွန်တော်တို့က နွေရာသီအခြေခံအားကစားသင်တန်းကို မနှစ်ကဖွင့်နကြေ အားကစားနည်းတွေရယ်။ ဒီဘက်မှာအောင်မြင်မှုရနေတဲ့ အားကစားနည်းတွေကို အဓိက ထားပြီးဖွင့်တာပေါ့။ မြန်မာ့သိုင်းကတော့ကျွန်တော် ဖွင့်တာ ဒီနှစ်ဆို ဒုတိယအကြိမ်ရှိသွားပြီ။ ဝူရှုးက ဒီနှစ်နဲ့ဆို တတိယအကြိမ်ရှိသွားပြီ။ ဖူဆယ်ဘောလုံးကတော့ ဒီဒေသမှာ အောင်မြင်နေတဲ့ အားကစားနည်းပါ။ ဘောလုံးကျတော့နှစ်စဉ် လူအများဆုံးစိတ်ဝင်စားတဲ့ အားကစားနည်းပေါ့"ဟု အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာချီလိတ် မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖွင့်လှစ်သင်ကြားပေးနေသည့် အားကစားသင်တန်း၌ ဘောလုံးအားကစားတွင် (၂၅၄) ဦး၊ ဝူရှုးတွင် (၅၇) ဦး၊ မြန်မာ့သိုင်းတွင် (၄၇) ဦး၊ ဖူဆယ်ဘောလုံးတွင် (၄၅) ဦး တက်ရောက်သင်ကြားနပြေီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၂၅) ရက်နေ့အထိ (၁) လသင်တန်းပေးနခြေင်းဖြစ်ကြောင်း နှင့် ဘောလုံးအားကစားမှာ နေ့စဉ်နံနက် (၇) နာရီမှ (၉) နာရီအထိ၊ မြန်မာ့သိုင်းမှာ နံနက် (၈) နာရီမှ (၁၀) နာရီအထိ၊ ဝူရှုးမှာ နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ၊ ဖူဆယ်ဘောလုံးမှာ နေ့လည် (၁) နာရီမှ (၂) နာရီခွဲအထိ ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net