တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုင္းဟိရြာအ၀င္လမ္းတြင္ ဆိုင္ကယ္စီးလာသည့္ အမ်ဳိးသမီးတစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုင္းဟိရြာအ၀င္လမ္းတြင္ ဆိုင္ကယ္စီးလာသည့္ အမ်ဳိးသမီးတစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
မတ် 9, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုင္းဟိရြာအ၀င္လမ္းတြင္ ဆိုင္ကယ္စီးလာသည့္ အမ်ဳိးသမီးတစ္ဦးအား မူးယစ္ေဆး၀ါးသတင္းအရ စစ္ေဆးရွာေဖြရာက စိတ္ၾကြေဆးျပား စုစုေပါင္း အျပားတစ္ေသာင္းကို ေတြ႔ရွိရ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ပန္ဟတ္ - မိုင္းဟိေက်းရြာသြားသည့္ ကားလမ္းေပၚ မိုင္းဟိရြာ အ၀င္တြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ မူးယစ္ေဆး၀ါး သတင္းအရ ၂၀၁၉ခုႏွစ္ မတ္လ(၉)ရက္ေန႔ ညေန(၄)နာရီ(၄၅)မိနစ္၀န္းက်င္အခ်ိန္က  ေစာင့္ဆိုင္းေနစဥ္ ႀကိဳတင္သတင္းရရွိထားသူ အသက္(၅၆)ႏွစ္ရွိ  ေဒၚနန္းေက်ာက္ဆိုသူသည္ ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာစဥ္ ၎အား ရပ္တန္႔ စစ္ေဆးရွာေဖြရာက မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ေဒၚနန္းေက်ာက္ဆိုသူအား စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ဆိုင္ကယ္ေရွ႕ျခင္းထဲ၌ ထည့္ထားသည့္ ၾကြပ္ၾကြပ္အိတ္အတြင္းမွာ 999 စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၀၀၀၀)ျပားကို ေတြ႔ရွိ ရရွိျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ လက္၀ယ္ေတြ႔ရွိရသူ ေဒၚနန္းေက်ာက္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉)က)ျဖင့္ အမႈဖြင့္အေရးယူထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့နယ်အတွင်း မိုင်းဟိရွာအဝင်လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြား စုစုပေါင်း အပြားတစ်သောင်းကို တွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ် - မိုင်းဟိကျေးရွာသွားသည့် ကားလမ်းပေါ် မိုင်းဟိရွာ အဝင်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ မူးယစ်ဆေးဝါး သတင်းအရ ၂၀၁၉ခုနှစ် မတ်လ(၉)ရက်နေ့ ညနေ(၄)နာရီ(၄၅)မိနစ်ဝန်းကျင်အချိန်က စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသူ အသက်(၅၆)နှစ်ရှိ ဒေါ်နန်းကျောက်ဆိုသူသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာစဉ်၎င်းအား ရပ်တန့် စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ဒေါ်နန်းကျောက်ဆိုသူအား စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဆိုင်ကယ်ရှေ့ခြင်းထဲ၌ ထည့်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှာ 999 စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၀၀၀၀)ပြားကို တွေ့ရှိ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဒေါ်နန်းကျောက်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉)က)ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net