တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းမိသည့္ အမ်ဳိးသမီးအား စစ္ေဆးရာက အမ်ဳိးသားႏွစ္ဦးကို ထပ္မံ၍ ကြင္းဆက္ေဖာ္ထုတ္ဖမ္းမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းမိသည့္ အမ်ဳိးသမီးအား စစ္ေဆးရာက အမ်ဳိးသားႏွစ္ဦးကို ထပ္မံ၍ ကြင္းဆက္ေဖာ္ထုတ္ဖမ္းမိ
မတ် 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါးေရာင္းခ်သူအမ်ိဳးသမီးအား စိတ္ၾကြေဆးျပား (၄,၀၀၀)ျပားႏွင့္အတူ ဖမ္းမိၿပီးေနာက္ အမ်ိဳးသားႏွစ္ဦးကိုပါ ထပ္မံ၍ ကြင္းဆက္ေဖၚထုတ္ဖမ္းဆီးမိေၾကာင္း သိရသည္။

သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၆)ရက္ေန႔ ေန႔လယ္ (၂)နာရီ၀န္းက်င္က အထက(ခြဲ)ပုန္းထြန္ေက်ာင္း အေနာက္ဘက္လမ္းသြယ္တြင္ ေစာင့္ဆုိင္းဖမ္းဆီးရာ ညိဳေထြး ဆိုသည့္ အမ်ိဳးသမီးထံမွ 999 တံဆိပ္ပါ မုိင္းကိုင္စကၠဴျဖင့္ထုပ္ထားသည့္ စိတ္ၾကြေဆးျပား (၄,၀၀၀)ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါ စိတ္ၾကြေဆးျပားမ်ားအား ေရာင္းခ်ခိုင္းသူ စိုင္းထြန္းေအး (ခ) အုိက္ေအးကို အဆိုပါလမ္းသြယ္ထိပ္တြင္ ေစာင့္ဆုိင္းေနစဥ္ ဖမ္းဆီးရမိလုိက္ၿပီး ၎စီးနင္းလာသည့္ SKYDRIVE အမ်ိဳးအစား နံပါတ္မပါသည့္ ဆုိင္ကယ္ကို ရွာေဖြပံုစံျဖင့္ သိမ္းဆည္းလုိက္ေၾကာင္း ႏွင့္ ၎ေနထုိင္ရာ မိုင္းကိုးေက်းရြာအုပ္စု၊ ယန္းေက်ာက္ေက်းရြာရိွ ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးဝါးဖမ္းဆီးရမိျခင္းမရိွေၾကာင္း သိရသည္။

အဆိုပါအမႈမွ ကြင္းဆက္ေဖၚထုတ္ခ်က္အရ မူးယစ္ေဆးေရာင္းခ်ခုိင္းသူတစ္ဦးျဖစ္သည့္ ဖန္မင္ေက်းရြာအုပ္စု၊ ဟိုခိုေက်းရြာရိွ အုိက္က်ိဳင္း (ခ) စိုင္းခမ္းလီ၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အိပ္ခန္းအတြင္းမွ စိတ္ၾကြေဆးျပား (၃၇၀)ျပားႏွင့္ စိတ္ၾကြေဆးျပားသံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါး (၄၀၀၀)ျပားျဖင့္ လက္၀ယ္ေတြ႔ရွိရသူ ညိဳေထြး ႏွင့္ မူးယစ္ေဆး၀ါး တဆင့္ျပန္လည္ေရာင္းခ်ခိုင္းသူ အိုက္ေအး (ခ)စိုင္းထြန္းေအး အပါအ၀င္  စိတ္ၾကြေဆးျပားေရာင္းခ်ေပးသူ အိုက္က်ဳိင္း(ခ)စိုင္းခမ္းလီတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၄/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ျဖင့္ လည္းေကာင္း အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

ယင္းအျပင္ ေနအိမ္အတြင္းမွ စိတ္ၾကြေဆးျပား (၃၇၀)ျပားႏွင့္အတူ ဖမ္းဆီးရမိသည့္ အိုက္က်ဳိင္း(ခ)စိုင္းခမ္းလီအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၅/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္ထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးရောင်းချသူအမျိုးသမီးအား စိတ်ကြွဆေးပြား (၄,ဝဝဝ)ပြားနှင့်အတူ ဖမ်းမိပြီးနောက် အမျိုးသားနှစ်ဦးကိုပါ ထပ်မံ၍ ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးမိကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မတ်လ (၆)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်က အထက(ခွဲ)ပုန်းထွန်ကျောင်း အနောက်ဘက်လမ်းသွယ်တွင် စောင့်ဆိုင်းဖမ်းဆီးရာ ညိုထွေး ဆိုသည့် အမျိုးသမီးထံမှ 999 တံဆိပ်ပါ မိုင်းကိုင်စက္ကူဖြင့်ထုပ်ထားသည့် စိတ်ကြွဆေးပြား (၄,ဝဝဝ)ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ စိတ်ကြွဆေးပြားများအား ရောင်းချခိုင်းသူ စိုင်းထွန်းအေး (ခ) အိုက်အေးကို အဆိုပါလမ်းသွယ်ထိပ်တွင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိလိုက်ပြီး၎င်းစီးနင်းလာသည့် SKYDRIVE အမျိုးအစား နံပါတ်မပါသည့် ဆိုင်ကယ်ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းလိုက်ကြောင်း နှင့်၎င်းနေထိုင်ရာ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းကျောက်ကျေးရွာရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။

အဆိုပါအမှုမှ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးရောင်းချခိုင်းသူတစ်ဦးဖြစ်သည့် ဖန်မင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ အိုက်ကျိုင်း (ခ) စိုင်းခမ်းလီ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၃၇၀)ပြားနှင့် စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး (၄၀၀၀)ပြားဖြင့် လက်ဝယ်တွေ့ရှိရသူ ညိုထွေး နှင့် မူးယစ်ဆေးဝါး တဆင့်ပြန်လည်ရောင်းချခိုင်းသူ အိုက်အေး (ခ)စိုင်းထွန်းအေး အပါအဝင် စိတ်ကြွဆေးပြားရောင်းချပေးသူ အိုက်ကျိုင်း(ခ)စိုင်းခမ်းလီတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့် လည်းကောင်း အမှုဖွင့်လိုက်ကြောင်း သိရသည်။

ယင်းအပြင် နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၃၇၀)ပြားနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ကျိုင်း(ခ)စိုင်းခမ်းလီအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net