တာခ်ီလိတ္ၿမိဳ႕တြင္ အမိႈက္စနစ္တက်စြန္႔ပစ္တတ္ရန္ အသိပညာေပး (၃)လ လုပ္ေဆာင္ၿပီးပါက က်ပ္(၅၀၀၀၀)အထိ အေရးယူလို႔ရသည္ စည္ပင္ဥပေဒျဖင့္ ထိထိေရာက္ေရာက္ ဒဏ္ရိုက္အေရးယူျခင္း စတင္ေတာ့မည္

တာခ်ီလိတ္ၿမိဳ႕တြင္ အမိႈက္စနစ္တက်စြန္႔ပစ္တတ္ရန္ အသိပညာေပး (၃)လ လုပ္ေဆာင္ၿပီးပါက က်ပ္(၅၀၀၀၀)အထိ အေရးယူလို႔ရသည္ စည္ပင္ဥပေဒျဖင့္ ထိထိေရာက္ေရာက္ ဒဏ္ရိုက္အေရးယူျခင္း စတင္ေတာ့မည္
မတ် 1, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံႏွင့္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ အမိႈက္ စနစ္တက်စြန္႔ပစ္တတ္ရန္ အသိပညာေပးျခင္းႏွင့္ စည္းကမ္းမဲ့ စြန္႔ပစ္ထားသည့္ အမိႈက္မ်ား ရွင္းလင္းျခင္းကို ဌာနဆိုင္ရာမ်ား၊ လူမႈေရး အသင္းအဖြဲ႕မ်ားႏွင့္ ၿမိဳ႕ေနလူထုပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ(၉)ရက္မွစတင္ကာ အပတ္စဥ္ စေနေန႔တိုင္း ေဆာင္ရြက္ကာ ထိထိေရာက္ေရာက္ ဒဏ္ရုိက္ျခင္းကိုလည္း ေဆာင္ရြက္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ၿမိဳ႕ဧရိယာအတြင္း စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္မႈမ်ားကို အေရးယူထားျခင္း မရိွေသးဘဲ ပညာေပးကာလ (၃) လတာ ၿပီးစီးခ်ိန္မွစတင္ကာ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္သူမ်ားကို စည္ပင္သာယာေရးဥပေဒျဖင့္ ဒဏ္ေၾကးေကာက္ခံ အေရးယူေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ဌာနရဲ႕ အားနည္းခ်က္ေပါ့။ ငဲ့ညႇာၿပီးေတာ့ ဒဏ္မရိုက္တာပါ။ ပထမ (၃) လပတ္ အသိပညာေပးမႈ လုပ္ၿပီးသြားရင္ စည္းကမ္းမဲ့အမိႈက္ပစ္တဲ့သူေတြကို အေရးယူသြားမွာပါ။ ကၽြန္ေတာ္တို႔ မ်က္စိမိွတ္ၿပီး အေရးယူသြားရမွာေပါ့။ ကၽြန္ေတာ္တို႔ကို ဓာတ္ပံုမွတ္တမ္းေတြနဲ႔ ေပးပို႔တိုင္ၾကားရင္ အေကာင္းဆံုးပါပဲ။ ပထမ (၃) လပတ္ကိုေတာ့ ပညာေပးကာလသတ္မွတ္ၿပီးေတာ့ ဒုတိယ (၃) လပတ္မွာ အေရးယူသြား မွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕စည္ပင္သာယာေရးေကာ္မတီ အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း အမိႈက္မ်ားစနစ္တက်စြန္႔ပစ္ေရးႏွင့္ ၿမိဳ႕သန္႔ရွင္းသာယာလွပေရးအတြက္ ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၂၈) ရက္ေန႔က ေတြ႔ဆံုၿပီး အပတ္စဥ္ စေနေန႔တုိင္း အမိႈက္ စနစ္တက်စြန္႔ပစ္ေရးပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ စီစဥ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“လူမႈေရးအသင္းအဖြဲ႕လိုက္ ပူေပါင္းပါဝင္မယ့္ စာရင္းေတြ ေပးထားၾကတယ္။ ကၽြန္ေတာ္တုိ႔အဖြဲ႕ကလည္း (၁၀)ဦး စာရင္းေပးထားတယ္။ လိုတဲ့ေနရာ ဝင္ရမွာေပါ့။ အားလံုးပါၾကတယ္။ အဓိက စနစ္တက် အမိႈက္ပစ္ၾကဖို႔လိုမယ္။ အမိႈက္ကားပံုမွန္လာဖို႔လိုမယ္။ အမိႈက္ပံုးေတြ၊ အမိႈက္စြန္႔ပစ္ရမယ့္ေနရာေတြ သတ္မွတ္ေပးထားဖို႔လိုမယ္။လူတိုင္းလူတိုင္းစည္ကမ္းရွိဖို႔လိုမယ္ ထင္တယ္ဗ်”ဟု မဇၨိ်မလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕၌ အမိႈက္သိမ္းျခင္းလုပ္ငန္းကို စည္ပင္သာယာေရးဌာနထံမွ လုပ္ပိုင္ခြင့္ရထားသည့္ ပုဂၢလိကကုမၸဏီက ေဆာင္ရြက္ေနေသာ္လည္း ရပ္ကြက္မ်ား၊ ေစ်းမ်ားႏွင့္ ေခ်ာင္း၊ေျမာင္းမ်ားတြင္ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္မႈမ်ား ရိွေနျခင္းျဖစ္သည္။

စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားကို ရွမ္းျပည္နယ္စည္ပင္သာယာေရးဥပေဒ ပုဒ္မ (၇၇) အရ စီမံခန္႔ခြဲေရးျပစ္ဒဏ္ကိုခ်မွတ္ႏိုင္ၿပီး ေငြက်ပ္ (၅၀၀၀၀) အထိဒဏ္ေငြေပးေဆာင္ရမည္ျဖစ္ကာ လက္ရိွတြင္ ျပစ္မႈျပစ္ဒဏ္မ်ားကို တိုးျမႇင့္ႏိုင္ရန္အတြက္ တင္ျပထားေၾကာင္းသိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမှိုက် စနစ်တကျစွန့်ပစ်တတ်ရန် အသိပညာပေးခြင်းနှင့် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များ ရှင်းလင်းခြင်းကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့နေလူထုပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ် မတ်လ(၉)ရက်မှစတင်ကာ အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ကာ ထိထိရောက်ရောက် ဒဏ်ရိုက်ခြင်းကိုလည်း ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့ဧရိယာအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို အရေးယူထားခြင်း မရှိသေးဘဲ ပညာပေးကာလ (၃) လတာ ပြီးစီးချိန်မှစတင်ကာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို စည်ပင်သာယာရေးဥပဒဖြေင့် ဒဏ်ကြေးကောက်ခံ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနရဲ့ အားနည်းချက်ပေါ့။ ငဲ့ညှာပြီးတော့ ဒဏ်မရိုက်တာပါ။ ပထမ (၃) လပတ် အသိပညာပေးမှု လုပ်ပြီးသွားရင် စည်းကမ်းမဲ့အမှိုက်ပစ်တဲ့သူတွေကို အရေးယူသွားမှာပါ။ ကျွန်တော်တို့ မျက်စိမှိတ်ပြီး အရေးယူသွားရမှာပေါ့။ ကျွန်တော်တို့ကို ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပေးပို့တိုင်ကြားရင် အကောင်းဆုံးပါပဲ။ ပထမ (၃) လပတ်ကိုတော့ ပညာပေးကာလသတ်မှတ်ပြီးတော့ ဒုတိယ (၃) လပတ်မှာ အရေးယူသွား မှာပါ”ဟု တာချီလိတ်မြို့စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က တွေ့ဆုံပြီး အပတ်စဉ် စနေနေ့တိုင်း အမှိုက် စနစ်တကျစွန့်ပစ်ရေးပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ကြခြင်းဖြစ်ကြောင်း သိရသည်။

“လူမှုရေးအသင်းအဖွဲ့လိုက် ပူပေါင်းပါဝင်မယ့် စာရင်းတွေ ပေးထားကြတယ်။ ကျွန်တော်တို့အဖွဲ့ကလည်း (၁၀)ဦး စာရင်းပေးထားတယ်။ လိုတဲ့နေရာ ဝင်ရမှာပေါ့။ အားလုံးပါကြတယ်။ အဓိက စနစ်တကျ အမှိုက်ပစ်ကြဖို့လိုမယ်။ အမှိုက်ကားပုံမှန်လာဖို့လိုမယ်။ အမှိုက်ပုံးတွေ၊ အမှိုက်စွန့်ပစ်ရမယ့်နေရာတွေ သတ်မှတ်ပေးထားဖို့လိုမယ်။လူတိုင်းလူတိုင်းစည်ကမ်းရှိဖို့လိုမယ် ထင်တယ်ဗျ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့၌ အမှိုက်သိမ်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးဌာနထံမှ လုပ်ပိုင်ခွင့်ရထားသည့် ပုဂ္ဂလိကကုမ္ပဏီက ဆောင်ရွက်နေသော်လည်း ရပ်ကွက်များ၊ ဈေးများနှင့် ချောင်း၊မြောင်းများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနခြေင်းဖြစ်သည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ ပုဒ်မ (၇၇) အရ စီမံခန့်ခွဲရေးပြစ်ဒဏ်ကိုချမှတ်နိုင်ပြီး ငွေကျပ် (၅၀၀၀၀) အထိဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကာ လက်ရှိတွင် ပြစ်မှုပြစ်ဒဏ်များကို တိုးမြှင့်နိုင်ရန်အတွက် တင်ပြထားကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမှိုက် စနစ်တကျစွန့်ပစ်တတ်ရန် အသိပညာပေးခြင်းနှင့် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များ ရှင်းလင်းခြင်းကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့နေလူထုပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ် မတ်လ(၉)ရက်မှစတင်ကာ အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ကာ ထိထိရောက်ရောက် ဒဏ်ရိုက်ခြင်းကိုလည်း ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့ဧရိယာအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို အရေးယူထားခြင်း မရှိသေးဘဲ ပညာပေးကာလ (၃) လတာ ပြီးစီးချိန်မှစတင်ကာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို စည်ပင်သာယာရေးဥပဒဖြေင့် ဒဏ်ကြေးကောက်ခံ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနရဲ့ အားနည်းချက်ပေါ့။ ငဲ့ညှာပြီးတော့ ဒဏ်မရိုက်တာပါ။ ပထမ (၃) လပတ် အသိပညာပေးမှု လုပ်ပြီးသွားရင် စည်းကမ်းမဲ့အမှိုက်ပစ်တဲ့သူတွေကို အရေးယူသွားမှာပါ။ ကျွန်တော်တို့ မျက်စိမှိတ်ပြီး အရေးယူသွားရမှာပေါ့။ ကျွန်တော်တို့ကို ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပေးပို့တိုင်ကြားရင် အကောင်းဆုံးပါပဲ။ ပထမ (၃) လပတ်ကိုတော့ ပညာပေးကာလသတ်မှတ်ပြီးတော့ ဒုတိယ (၃) လပတ်မှာ အရေးယူသွား မှာပါ”ဟု တာချီလိတ်မြို့စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က တွေ့ဆုံပြီး အပတ်စဉ် စနေနေ့တိုင်း အမှိုက် စနစ်တကျစွန့်ပစ်ရေးပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ကြခြင်းဖြစ်ကြောင်း သိရသည်။

“လူမှုရေးအသင်းအဖွဲ့လိုက် ပူပေါင်းပါဝင်မယ့် စာရင်းတွေ ပေးထားကြတယ်။ ကျွန်တော်တို့အဖွဲ့ကလည်း (၁၀)ဦး စာရင်းပေးထားတယ်။ လိုတဲ့နေရာ ဝင်ရမှာပေါ့။ အားလုံးပါကြတယ်။ အဓိက စနစ်တကျ အမှိုက်ပစ်ကြဖို့လိုမယ်။ အမှိုက်ကားပုံမှန်လာဖို့လိုမယ်။ အမှိုက်ပုံးတွေ၊ အမှိုက်စွန့်ပစ်ရမယ့်နေရာတွေ သတ်မှတ်ပေးထားဖို့လိုမယ်။လူတိုင်းလူတိုင်းစည်ကမ်းရှိဖို့လိုမယ် ထင်တယ်ဗျ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့၌ အမှိုက်သိမ်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးဌာနထံမှ လုပ်ပိုင်ခွင့်ရထားသည့် ပုဂ္ဂလိကကုမ္ပဏီက ဆောင်ရွက်နေသော်လည်း ရပ်ကွက်များ၊ ဈေးများနှင့် ချောင်း၊မြောင်းများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနခြေင်းဖြစ်သည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ ပုဒ်မ (၇၇) အရ စီမံခန့်ခွဲရေးပြစ်ဒဏ်ကိုချမှတ်နိုင်ပြီး ငွေကျပ် (၅၀၀၀၀) အထိဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကာ လက်ရှိတွင် ပြစ်မှုပြစ်ဒဏ်များကို တိုးမြှင့်နိုင်ရန်အတွက် တင်ပြထားကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~