တာခ်ီလိတ္တြင္ ေနအိမ္အတြင္း မူးယစ္ေဆး၀ါးသံုးစြဲေနသည့္ ထိုင္းႏုိင္ငံသား (၃)ဦး ႏွင့္ ျမန္မာႏိုင္ငံသားတစ္ဦးတို႔ကို ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ေနအိမ္အတြင္း မူးယစ္ေဆး၀ါးသံုးစြဲေနသည့္ ထိုင္းႏုိင္ငံသား (၃)ဦး ႏွင့္ ျမန္မာႏိုင္ငံသားတစ္ဦးတို႔ကို ဖမ္းဆီးရမိ
မတ် 1, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏုိင္ငံသား (၃)ဦး ႏွင့္ ျမန္မာႏုိင္ငံသားတစ္ဦးတို႔အား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ၍ မူးယစ္ေဆး၀ါးအမႈျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမို႕၊ ရန္ေအာင္ေျမရပ္ကြက္၊ သေျပၿခံလမ္းသြယ္အတြင္းရိွ ေနအိမ္တစ္လံုးအား ၂၀၁၉ခုႏွစ္ မတ္လ(၁)ရက္ေန႔  နံနက္(၁၀)နာရီခြဲ၀န္းက်င္အခ်ိန္က ပူးေပါင္းအဖြဲ႔ျဖင့္ ၀င္ေရာက္ စစ္ေဆးရွာေဖြရာမွ ထိုင္းႏိုင္ငံသား (၃) ဦးႏွင့္ ျမန္မာႏိုင္ငံသား (၁) ဦးတို႔ကို မူးယစ္ေဆး၀ါးမ်ားျဖင့္ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ ၀င္ေရာက္ရွာေဖြရာ ေလာ္ရာ အပါအ၀င္ ထိုင္းႏိုင္ငံသား (၃) ဦးသည္ ေနအိမ္ဧည့္ခန္းအတြင္း မူးယစ္ေဆး၀ါး သံုးစြဲေနသည္ကို ေတြ႕ရိွရၿပီး ၎တို႔ေရွ႕ရွိ ခရမ္းေရာင္ေကာ္ဘူးအတြင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြရူးသြပ္ ေဆးျပား (၄) ျပား၊ နီညိဳေရာင္ (၄) ျပားႏွင့္ အစိမ္းေရာင္ (၂) ျပား စုစုေပါင္း (၁၀) ျပားကို သိမ္းဆီးရမိ ခဲ့ေၾကာင္း၊ ၎တို႔၏ အိပ္ခန္းမ်ားအတြင္း ၀င္ေရာက္ရွာေဖြရာ ဘတ္ (၁,၀၀၀) တန္ အရြက္(၂၀) စုစုေပါင္း (၂၀,၀၀၀) ဘတ္၊ လက္ကိုင္ဖုန္း (၅) လံုးႏွင့္ ေနအိမ္ေရွ႕တြင္ ရပ္ထားသည့္ ဆိုင္ကယ္ (၂) စီးတို႔ကို ရွာေဖြေတြ႔ရွိရာမွ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားျဖင့္ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသား Mr. Aree Rakamit၊ Mr. Muhammatnase Toh-yoh၊ Mr. Ismaael Tohm တု႔ိ (၃)ဦးႏွင့္ ျမန္မာႏိုင္ငံသား ေလာ္ရာတို႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၃၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)/၂၀(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။

ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသား သံုးဦးသည္ ထိုင္းႏုိင္ငံ ဖူးခက္ခရိုင္ ႏွင့္ ရဲလခရိုင္တို႔တြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား (၃)ဦး နှင့် မြန်မာနိုင်ငံသားတစ်ဦးတို့အား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ၍ မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ သပြခြေံလမ်းသွယ်အတွင်းရှိ နေအိမ်တစ်လုံးအား ၂၀၁၉ခုနှစ် မတ်လ(၁)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် စစ်ဆေးရှာဖွေရာမှ ထိုင်းနိုင်ငံသား (၃) ဦးနှင့် မြန်မာနိုင်ငံသား (၁) ဦးတို့ကို မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ လော်ရာ အပါအဝင် ထိုင်းနိုင်ငံသား (၃) ဦးသည် နေအိမ်ဧည့်ခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသည်ကို တွေ့ရှိရပြီး၎င်းတို့ရှေ့ရှိ ခရမ်းရောင်ကော်ဘူးအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား (၄) ပြား၊ နီညိုရောင် (၄) ပြားနှင့် အစိမ်းရောင် (၂) ပြား စုစုပေါင်း (၁၀) ပြားကို သိမ်းဆီးရမိ ခဲ့ကြောင်း၊၎င်းတို့၏ အိပ်ခန်းများအတွင်း ဝင်ရောက်ရှာဖွေရာ ဘတ် (၁,ဝဝဝ) တန် အရွက်(၂၀) စုစုပေါင်း (၂၀,ဝဝဝ) ဘတ်၊ လက်ကိုင်ဖုန်း (၅) လုံးနှင့် နေအိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် (၂) စီးတို့ကို ရှာဖွေတွေ့ရှိရာမှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား Mr. Aree Rakamit၊ Mr. Muhammatnase Toh-yoh၊ Mr. Ismaael Tohm တို့ (၃)ဦးနှင့် မြန်မာနိုင်ငံသား လော်ရာတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၃၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား သုံးဦးသည် ထိုင်းနိုင်ငံ ဖူးခက်ခရိုင် နှင့် ရဲလခရိုင်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net