တာချီလိတ်တွင် ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်နေစဉ် ဖမ်းမိသည့် ထိုင်းနိုင်ငံသားတစ်ဦး နှင့် မြန်မာနိုင်ငံသားနှစ်ဦးအား လိုင်စင်မဲ့ကားမောင်းနှင်မှုဖြင့် အမှုဖွင့်
တာချီလိတ်တွင် ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်နေစဉ် ဖမ်းမိသည့် ထိုင်းနိုင်ငံသားတစ်ဦး နှင့် မြန်မာနိုင်ငံသားနှစ်ဦးအား လိုင်စင်မဲ့ကားမောင်းနှင်မှုဖြင့် အမှုဖွင့်
မတျ 3, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသား (၂)ဦးတို့ကို လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့် ဖမ်းဆီးရမိသဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ တို့ဖြင့် အမှုဖွင့်ထားပြီး  လဝကဥပဒေတို့ဖြင့် အရေးယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၁၈/၂၀၁၉၊ ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်အမှုဖွင့်ထားပြီး လဝကဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသား (၂)ဦးတို့ကို လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့် ဖမ်းဆီးရမိသဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ လဝကဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနို်င်ငံသားနှင့် မြန်မာနိုင်ငံသား (၂)ဦးတို့ကို လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့် ဖမ်းဆီးရမိသဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ တို့ဖြင့် အမှုဖွင့်ထားပြီး လဝကဥပဒေတို့ဖြင့် အရေးယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ဝိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းရှေ့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂)ရက်နေ့ ည(၁၀)နာရီဝန်းကျင်က ပိတ်ဆို့ စစ်ဆေးမှုလုပ်နေသည့် ရဲတပ်ဖွဲ့က SHN နံပါတ်တပ်ထားသည့် Crown Royal Saloon တစ်စီးအား စစ်ဆေးရာ အသက်(၂၅)နှစ်အရွယ် စိုင်းခမ်းပင်း၊ အသက် (၂၄)နှစ်အရွယ် ထိုင်းနိုင်ငံသား ချိုင်းနလုံ၊ အသက် (၂၆)နှစ် အရွယ် စိုင်းစီဝမ်းတို့အား တွေ့ရပြီး၎င်းတို့အား စစ်ဆေးရာ ထိုင်းနိုင်ငံသား ချိုင်းနလုံသည် ညနေ (၅)နာရီအချိန်က မယ်ဆိုင်ချောင်းအား ဖြတ်၍ တရားမဝင် ဝင်ရောက်လာသူဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
"လဝက က လာစစ်ဆေးဦးမှာဗျ။ သူတို့စစ်ပြီးတော့မှ အမှုဖွင့်မယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သူရိန်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
၎င်းတို့ စီးနင်းလာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ်နေသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်း လိုက်ကြောင်း သိရသည်။
ချိုင်းနလုံနှင့် စိုင်းစီဝမ်း၊ စိုင်းခမ်းပင်းတို့သည် လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက အသိမိတ်ဆွေများဖြစ်လာပြီး တာချီလိတ်နှင့် မယ်ဆိုင် အပြန်အလှန်သွားလာလည်ပတ်ကြကာ ချိုင်းနလုံသည် မတ်လ (၂)ရက်နေ့က ရေချောင်းမှ တရားမဝင်ဖြတ်ကူးလာကာ တာချီလိတ်တွင် ညပိုင်းလည်ပတ်ရန် ထွက်လာကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၁၈/၂၀၁၉၊ ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်အမှုဖွင့်ထားပြီး လဝကဥပဒဖြေင့် ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနို်င်ငံသားနှင့် မြန်မာနိုင်ငံသား (၂)ဦးတို့ကို လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့် ဖမ်းဆီးရမိသဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ လဝကဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~