ဈေးကွက်အတွင်းမှ အလှကုန်ပစ္စည်း (၁၈)မျိုးတွင် တားမြစ်ဓါတုပစ္စည်းများ ပါဝင်ကြောင်း FDA ကြေညာ

ဈေးကွက်အတွင်းမှ အလှကုန်ပစ္စည်း (၁၈)မျိုးတွင် တားမြစ်ဓါတုပစ္စည်းများ ပါဝင်ကြောင်း FDA ကြေညာ
မတျ 6, 2019
By Tachileik News Agency


ပြည်တွင်းထုတ် မဒီ တင်းတိပ်ဝက်ခြံပျောက်ဆေးနှင့် ထုတ်လုပ်သည့်ကုမ္ပဏီဖေါ်ပြထားခြင်းမရှိသည့် နှုတ်ခမ်း ဆိုးဆေးနှင့် အလှကုန်ပစ္စည်းများဖြစ်သည့် Rose Super White Night Cream၊ Comfor Beauty Lipstick၊ Xiazhimei Matte Lipstik၊ HUDA BEAUTY Liquid Matte Lipstick No – 03၊ PEINFEN Tine Plum Color No – 01၊ 3C6 Style Nanda Lipstick၊ CHANEL Lipstick No.2 မှ No. (4)အထိ၊ 12 Colors Lipstick Comfor Beauty N0.11 နှင့် No. 7၊ MATE Beauty Model Lipstick၊ AMUSE Lipstick Liquid (4g)၊ V Lipstick 2088 – 7 (3g)နှင့် 2088 – 12(3g)၊ ထိုင်းနိုင်ငံထုတ် Ocean Dite Gluta Wink White Cream (6 g)၊ တရုတ်နိုင်ငံထုတ် AIFUBAO Crystal White Fleck Removing (A+B+C)၊ တို့တွင် ဘေးအန္တရာယ်ဖြစ်စေသဖြင့် တားမြစ်ထားသည့် ဓါတုပစ္စည်းများဖြစ်သည့် Mercury၊ Lead၊ Rhodamine B၊ Triamcinolone တို့ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူကွက်အနီကွက်ဖြစ်ခြင်းအပြင် အရေပြားမှတစ်ဆင့် စုပ်ယူပြီး ခန္ဓာကိုယ်တွင်းရောဂါများဖြစ်ပွားစေကြောင်း သိရသည်။

Mercury သည် အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်မှစုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျရောဂါဖြစ်ပွားခြင်းအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးပြီး အခြားရောဂါများဖြစ်ပွားနိုင်ကာ Rhodamine B အရောင်ဆိုးဆေးမှာ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

တင်းတိပ်ဝက်ခြံပျောက်ဆေးတွင်ပါဝင်သည့် Triamcinolone သည် အရေပြားပါးလွှာခြင်း၊ ဆဲလ်ရောင်ရမ်းခြင်း၊ အရေပြားပါးလွှာ၍ ပိုးဝင်ခြင်း၊အရေပြားဖြူဖျော့လာခြင်းအပြင် ရေရှည်သုံးစွဲပါက မျက်စိအတွင်းတိမ်၊ မျက်နှာဖောရောင်၊ ဆီချို၊ သွေးတိုး၊ ကလေးကြီးထွားမှုအဟန့်အတားဖြစ်ခြင်း၊ အရိုးပွနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီများ၊ ရောင်းချသူများအနေဖြင့် FDA မှတ်တမ်းတင်ထားခြင်းမရှိသည့် အများပြည်သူသုံးစွဲရန်မသင့်ကြေညာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်းမပြုခြင်းဖြင့် ကျင့်ဝတ်စောင့်ထိန်းကြရန်နှင့် လိုက်နာခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃ အပိုဒ်(၃) ဃ အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း FDA က သတိပေးထားသည်။

Tachileik News Agency
ဓါတ်ပုံ - FDA



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဈေးကွက်အတွင်းရောင်းချနေသည့် အလှကုန်ပစ္စည်း ( ၁၈ )မျိုးမှာ FDA၌မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ဘေးအန္တရာယ်ဖြစ်စေသော တားမြစ်ဓာတုပစ္စည်းများပါဝင်ကြောင်း FDA က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကွင်းဆင်းစစ်ဆေးမှုတွင် တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်တွင်းထုတ် မဒီ တင်းတိပ်ဝက်ခြံပျောက်ဆေးနှင့် ထုတ်လုပ်သည့်ကုမ္ပဏီဖော်ပြထားခြင်းမရှိသည့် နှုတ်ခမ်း ဆိုးဆေးနှင့် အလှကုန်ပစ္စည်းများဖြစ်သည့် Rose Super White Night Cream၊ Comfor Beauty Lipstick၊ Xiazhimei Matte Lipstik၊ HUDA BEAUTY Liquid Matte Lipstick No – 03၊ PEINFEN Tine Plum Color No – 01၊ 3C6 Style Nanda Lipstick၊ CHANEL Lipstick No.2 မှ No. (4)အထိ၊ 12 Colors Lipstick Comfor Beauty N0.11 နှင့် No. 7၊ MATE Beauty Model Lipstick၊ AMUSE Lipstick Liquid (4g)၊ V Lipstick 2088 – 7 (3g)နှင့် 2088 – 12(3g)၊ ထိုင်းနိုင်ငံထုတ် Ocean Dite Gluta Wink White Cream (6 g)၊ တရုတ်နိုင်ငံထုတ် AIFUBAO Crystal White Fleck Removing (A+B+C)၊ တို့တွင် ဘေးအန္တရာယ်ဖြစ်စေသဖြင့် တားမြစ်ထားသည့် ဓာတုပစ္စည်းများဖြစ်သည့် Mercury၊ Lead၊ Rhodamine B၊ Triamcinolone တို့ ပါဝင်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တားမြစ်ဓာတုပစ္စည်းများသည် အရပြေားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူကွက်အနီကွက်ဖြစ်ခြင်းအပြင် အရပြေားမှတစ်ဆင့် စုပ်ယူပြီး ခန္ဓာကိုယ်တွင်းရောဂါများဖြစ်ပွားစေကြောင်း သိရသည်။

Mercury သည် အရပြေားမှတစ်ဆင့် ခန္ဓာကိုယ်မှစုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျရောဂါဖြစ်ပွားခြင်းအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးပြီး အခြားရောဂါများဖြစ်ပွားနိုင်ကာ Rhodamine B အရောင်ဆိုးဆေးမှာ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

တင်းတိပ်ဝက်ခြံပျောက်ဆေးတွင်ပါဝင်သည့် Triamcinolone သည် အရပြေားပါးလွှာခြင်း၊ ဆဲလ်ရောင်ရမ်းခြင်း၊ အရပြေားပါးလွှာ၍ ပိုးဝင်ခြင်း၊အရပြေားဖြူဖျော့လာခြင်းအပြင် ရေရှည်သုံးစွဲပါက မျက်စိအတွင်းတိမ်၊ မျက်နှာဖောရောင်၊ ဆီချို၊ သွေးတိုး၊ ကလေးကြီးထွားမှုအဟန့်အတားဖြစ်ခြင်း၊ အရိုးပွနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနို်င်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီများ၊ ရောင်းချသူများအနဖြေင့် FDA မှတ်တမ်းတင်ထားခြင်းမရှိသည့် အများပြည်သူသုံးစွဲရန်မသင့်ကြေညာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်းမပြုခြင်းဖြင့် ကျင့်ဝတ်စောင့်ထိန်းကြရန်နှင့် လိုက်နာခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃ အပိုဒ်(၃) ဃ အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း FDA က သတိပေးထားသည်။

Tachileik News Agency
ဓာတ်ပုံ - FDA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net