တာခ်ီလိတ္တြင္ ေဒၚလာေငြအတုမ်ားျဖင့္ ေငြလာလဲသူ ထိုင္းႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ေဒၚလာေငြအတုမ်ားျဖင့္ ေငြလာလဲသူ ထိုင္းႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ
မတ် 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္တြင္းရိွ ေငြလဲဆိုင္တစ္ဆိုင္တြင္ အေမရိကန္ေဒၚလာေငြ လာေရာက္လဲလွယ္သည့္ ထိုင္းႏိုင္ငံသားတစ္ဦးထံမွ ေဒၚလာ (၁၀၀) တန္အတု (၁၉) ရြက္ကိုဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

"ေငြလဲတဲ့သူဆီမွာလည္း ေငြစစ္တဲ့ဟာေလးေတြ ဘာေလးေတြရိွမွာေပါ့။ အတုမွန္းေတာ့ သိတာေပါ့။ ဒါေပမယ့္ မသကၤာလို႔ဆိုၿပီး လွမ္းၿပီးေတာ့ ကြ်န္ေတာ္တို႔ကို လွမ္းၿပီးေတာ့ ဖုန္းဆက္တာ။   SB အဖြဲ႕ေတြ၊ CID အဖြဲ႕ေတြနဲ႔ သက္ေသေတြနဲ႔ ကြ်န္ေတာ္တို႔ နယ္ထိန္းအဖြဲ႕ေတြ သြားၾကတာေပါ့။ သူ႔ကိုစစ္လိုက္ေတာ့ ေဒၚလာေငြအတု (၁၉) ရြက္ေတြ႕တယ္။ (၁၀၀) တန္ေတြ။ CID အဖြဲ႕မွာ စစ္ေဆးတဲ့စက္ေတြရိွတယ္ေလ။ အဓိက က ေငြႀကိဳးေပါ့။ မီးနဲ႔ထိုးၾကည့္လိုက္ရင္ ေငြႀကိဳးေတြ ေပၚမေပၚသိသာတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဒုတိယနယ္ထိန္းေခါင္းေဆာင္ ရဲအရာခံေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာေလာ့ရပ္ကြက္အတြင္းရွိ ေငြလဲဆိုင္တြင္ ၂၀၁၉ခုႏွစ္ မတ္လ (၁၂) ရက္ေန႔ ညေန(၃) နာရီ၀န္းက်င္အခ်ိန္က ႏိုင္ငံသား Mr. Ekka Phone Kaew Thong ဆိုသူထံက ေမရိကန္ေဒၚလာ (၁၀၀) တန္ေငြစကၠဴအတု (၁၉) ရြက္၊ လက္ကိုင္ဖုန္း (၁) လံုးႏွင့္ ႏိုင္ငံကူးစာအုပ္တို႔ကို သတင္းေပးလာခ်က္အရ ေတြ႔ရိွသိမ္းဆည္းရမိျခင္းျဖစ္သည္။

အေမရိကန္ေငြစကၠဴအတုမ်ားျဖင့္ ဖမ္းဆီးရရိွသည့္ ထိုင္းႏိုင္ငံသားအား တာခ်ီလိတ္ၿမို႕မရဲစခန္းတြင္ (ပ)၁၃၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၈၉-ခ/ ၄၈၉-ဂ ျဖင့္ အမႈဖြင့္ထားရွိေၾကာင္း ၎သည္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ေနထုိင္သူျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ တာလော့ရပ်ကွက်တွင်းရှိ ငွေလဲဆိုင်တစ်ဆိုင်တွင် အမေရိကန်ဒေါ်လာငွေ လာရောက်လဲလှယ်သည့် ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဒေါ်လာ (၁၀၀) တန်အတု (၁၉) ရွက်ကိုဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

"ငွေလဲတဲ့သူဆီမှာလည်း ငွေစစ်တဲ့ဟာလေးတွေ ဘာလေးတွေရှိမှာပေါ့။ အတုမှန်းတော့ သိတာပေါ့။ ဒါပေမယ့် မသင်္ကာလို့ဆိုပြီး လှမ်းပြီးတော့ ကျွန်တော်တို့ကို လှမ်းပြီးတော့ ဖုန်းဆက်တာ။ SB အဖွဲ့တွေ၊ CID အဖွဲ့တွေနဲ့ သက်သေတွေနဲ့ ကျွန်တော်တို့ နယ်ထိန်းအဖွဲ့တွေ သွားကြတာပေါ့။ သူ့ကိုစစ်လိုက်တော့ ဒေါ်လာငွေအတု (၁၉) ရွက်တွေ့တယ်။ (၁၀၀) တန်တွေ။ CID အဖွဲ့မှာ စစ်ဆေးတဲ့စက်တွေရှိတယ်လေ။ အဓိက က ငွကြေိုးပေါ့။ မီးနဲ့ထိုးကြည့်လိုက်ရင် ငွကြေိုးတွေ ပေါ်မပေါ်သိသာတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ ဒုတိယနယ်ထိန်းခေါင်းဆောင် ရဲအရာခံကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာလော့ရပ်ကွက်အတွင်းရှိ ငွေလဲဆိုင်တွင် ၂၀၁၉ခုနှစ် မတ်လ (၁၂) ရက်နေ့ ညနေ(၃) နာရီဝန်းကျင်အချိန်က နိုင်ငံသား Mr. Ekka Phone Kaew Thong ဆိုသူထံက မေရိကန်ဒေါ်လာ (၁၀၀) တန်ငွေစက္ကူအတု (၁၉) ရွက်၊ လက်ကိုင်ဖုန်း (၁) လုံးနှင့် နိုင်ငံကူးစာအုပ်တို့ကို သတင်းပေးလာချက်အရ တွေ့ရှိသိမ်းဆည်းရမိခြင်းဖြစ်သည်။

အမေရိကန်ငွေစက္ကူအတုများဖြင့် ဖမ်းဆီးရရှိသည့် ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၃၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၈၉-ခ/ ၄၈၉-ဂ ဖြင့် အမှုဖွင့်ထားရှိကြောင်း၎င်းသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net