ျမဴထူထပ္သျဖင့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ကို နာရီဝက္ေက်ာ္ ေလယာဥ္အတက္အဆင္းရပ္ဆုိင္းခဲ့ရ၍ ခရီးစဥ္အခ်ိန္အေျပာင္းအလဲရိွႏုိင္

ျမဴထူထပ္သျဖင့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ကို နာရီဝက္ေက်ာ္ ေလယာဥ္အတက္အဆင္းရပ္ဆုိင္းခဲ့ရ၍ ခရီးစဥ္အခ်ိန္အေျပာင္းအလဲရိွႏုိင္
ဖေဖော်ဝါရီ 25, 2019
By 🌸
ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရိလ (၂၅)ရက္ေန႔ နံနက္ပိုင္းက ျမဴထူထပ္စြာက်ဆင္းသျဖင့္ နာရီဝက္ေက်ာ္ ေလယာဥ္အတက္အဆင္း ေခတၱရပ္ဆုိင္းလုိက္ရသျဖင့္ ေလယာဥ္ခ်ိန္မ်ား အေျပာင္းအလဲရိွႏုိင္ေၾကာင္း ေလဆိပ္ကသတင္းထုတ္ျပန္ထားသည္။

ျမဴထူထပ္စြာက်ဆင္းမႈေၾကာင့္ နံနက္ (၇)နာရီ (၂၀)မိနစ္မွစ၍ ေလယာဥ္အတက္အဆင္းမ်ားကို ရပ္ဆုိင္းခဲ့ရၿပီး နံနက္ (၈)နာရီေက်ာ္တြင္ ပံုမွန္အတုိင္း ျပန္လည္ခြင့္ျပဳထားေၾကာင္း သိရသည္။

နံနက္ပိုင္းေလယာဥ္အတက္အဆင္းပိတ္ခဲ့ရသျဖင့္ ေလယာဥ္ခရီးစဥ္အခ်ိန္ အေျပာင္းအလဲျဖစ္ႏုိင္၍ ခရီးသည္မ်ားအေနျဖင့္ သက္ဆုိင္ရာေလေၾကာင္းလုိင္းမ်ားထံ ဆက္သြယ္စံုစမ္းၾကရန္ကိုလည္း ေလဆိပ္က သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြူထူထပ်သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နာရီဝက်ကျော် လေယာဉ်အတက်အဆင်းရပ်ဆိုင်းခဲ့ရ၍ ခရီးစဉ်အချိန်အပြောင်းအလဲရှိနိုင်
*************
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရိလ (၂၅)ရက်နေ့ နံနက်ပိုင်းက မြူထူထပ်စွာကျဆင်းသဖြင့် နာရီဝက်ကျော် လေယာဉ်အတက်အဆင်း ခေတ္တရပ်ဆိုင်းလိုက်ရသဖြင့် လေယာဉ်ချိန်များ အပြောင်းအလဲရှိနိုင်ကြောင်း လေဆိပ်ကသတင်းထုတ်ပြန်ထားသည်။

မြူထူထပ်စွာကျဆင်းမှုကြောင့် နံနက် (၇)နာရီ (၂၀)မိနစ်မှစ၍ လေယာဉ်အတက်အဆင်းများကို ရပ်ဆိုင်းခဲ့ရပြီး နံနက် (၈)နာရီကျော်တွင် ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုထားကြောင်း သိရသည်။

နံနက်ပိုင်းလေယာဉ်အတက်အဆင်းပိတ်ခဲ့ရသဖြင့် လေယာဉ်ခရီးစဉ်အချိန် အပြောင်းအလဲဖြစ်နိုင်၍ ခရီးသည်များအနေဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ ဆက်သွယ်စုံစမ်းကြရန်ကိုလည်း လေဆိပ်က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~