ထုိင္းႏုိင္ငံတြင္ ေသဒဏ္ခ်မွတ္ခံထားရသည့္ ဝင္းႏွင့္ေဇာ္တို႔ ေထာင္အတြင္း က်န္းမာစြာရိွေန

ထုိင္းႏုိင္ငံတြင္ ေသဒဏ္ခ်မွတ္ခံထားရသည့္ ဝင္းႏွင့္ေဇာ္တို႔ ေထာင္အတြင္း က်န္းမာစြာရိွေန
ဖေဖော်ဝါရီ 26, 2019
By 🌸
ထုိင္းႏုိင္ငံ၊ လိပ္ကြ်န္းလူသတ္မႈႏွင့္ပတ္သက္၍ လြန္ခဲ့သည့္ (၄)ႏွစ္ခန္႔က ေသဒဏ္ခ်မွတ္ ခံထားရသည့္ ျမန္မာအလုပ္သမား လူငယ္ႏွစ္ဦးျဖစ္ေသာ ေမာင္ေဇာ္လင္းႏွင့္ ေမာင္ဝင္းေဇာ္ထြန္း (ေဝၿဖိဳး)တို႔ ႏွစ္ဦးကို HRDF ႏွင့္ ေရွ႕ေနအဖြဲ႕တို႔က သြားေရာက္ေတြ႔ဆံုၿပီး လိုအပ္သည္မ်ား ပံ့ပိုးေပးထားေၾကာင္း ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔တြင္ MWRN က သတင္းထုတ္ျပန္သည္။
အက်ဥ္းေထာင္အတြင္းရိွ ၎တို႔ႏွစ္ဦးကို ကူညီပံ့ပိုးေပးေနသည့္ HRDF ႏွင့္ ေရွ႕ေနအဖြဲ႕တို႔က အစားအစာ၊ အသံုးအေဆာင္တို႔အျပင္ တစ္ဦးလွ်င္ ဘတ္ (၃၀၀၀)စီ စာရင္းသြင္းေပးခဲ့ေၾကာင္း သိရသည္။
ယခင္က ၎တို႔ႏွစ္ဦးကို အခန္းခြဲထားရာမွ လက္ရိွတြင္ တစ္ခန္းထဲတြင္ အတူထားရိွသည္ကို ေတြ႔ခဲ့ရၿပီး က်န္းမာေရးေကာင္းမြန္ေနသည္ဟု သြားေရာက္ေတြ႔ဆံုခဲ့သည့္ ေရွ႕ေနအဖြဲ႕ႏွင့္ HRDF မွ မဇာတို႔ထံမွ သိရသည္။
၎တို႔အား ကူညီပံ့ပိုးေနသူမ်ားအား ေက်းဇူးတင္ေၾကာင္းနွင့္ ဖတ္လိုသည့္စာအုပ္မ်ားကိုလည္း ထပ္မံမွာယူထားေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံေတာင္ပိုင္း ဆူရတ္ဌာနီခရိုင္အတြင္းရိွ ခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၂၀၁၄ ခုႏွစ္ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသား (၂) ဦး အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ျမန္မာလူငယ္ (၂) ဦးျဖစ္သည့္ ကိုေဇာ္လင္းႏွင့္ ကို၀င္းေဇာ္ထြန္းတို ့အား ေကာ္စမြီခ႐ုိင္တရား႐ုံးက ၂၀၁၅ ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေသဒဏ္ စီရင္ခ်က္ခ်လိုက္ၿပီးေနာက္ ထိုင္းႏိုင္ငံ ႏြန္ထဘူရီခရိုင္ အတြင္းရိွ ဘန္ခြမ္အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ထားျခင္းျဖစ္သည္။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော်တို့ ထောင်အတွင်း ကျန်းမာစွာရှိနေ
**********
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ လွန်ခဲ့သည့် (၄)နှစ်ခန့်က သေဒဏ်ချမှတ် ခံထားရသည့် မြန်မာအလုပ်သမား လူငယ်နှစ်ဦးဖြစ်သော မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်း (ဝေဖြိုး)တို့ နှစ်ဦးကို HRDF နှင့် ရှေ့နေအဖွဲ့တို့က သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များ ပံ့ပိုးပေးထားကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့တွင် MWRN က သတင်းထုတ်ပြန်သည်။

အကျဉ်းထောင်အတွင်းရှိ ၎င်းတို့နှစ်ဦးကို ကူညီပံ့ပိုးပေးနေသည့် HRDF နှင့် ရှေ့နေအဖွဲ့တို့က အစားအစာ၊ အသုံးအဆောင်တို့အပြင် တစ်ဦးလျှင် ဘတ် (၃၀၀၀)စီ စာရင်းသွင်းပေးခဲ့ကြောင်း သိရသည်။

ယခင်က ၎င်းတို့နှစ်ဦးကို အခန်းခွဲထားရာမှ လက်ရှိတွင် တစ်ခန်းထဲတွင် အတူထားရှိသည်ကို တွေ့ခဲ့ရပြီး ကျန်းမာရေးကောင်းမွန်နေသည်ဟု သွားရောက်တွေ့ဆုံခဲ့သည့် ရှေ့နေအဖွဲ့နှင့် HRDF မှ မဇာတို့ထံမှ သိရသည်။

၎င်းတို့အား ကူညီပံ့ပိုးနေသူများအား ကျေးဇူးတင်ကြောင်းနှင့် ဖတ်လိုသည့်စာအုပ်များကိုလည်း ထပ်မံမှာယူထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာလူငယ် (၂) ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် စီရင်ချက်ချလိုက်ပြီးနောက် ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် အတွင်းရှိ ဘန်ခွမ်အကျဉ်းထောင်တွင် အကျဉ်းချထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~