လားရိႈးၿမိဳ႕တြင္ တားျမစ္ဓါတ္ေျမၾသဇာမ်ား ဖမ္းဆီးရမိထားမႈကို အေရးယူႏုိင္ရန္ ဆက္လက္ေဆာင္ရြက္သြားမည္

လားရိႈးၿမိဳ႕တြင္ တားျမစ္ဓါတ္ေျမၾသဇာမ်ား ဖမ္းဆီးရမိထားမႈကို အေရးယူႏုိင္ရန္ ဆက္လက္ေဆာင္ရြက္သြားမည္
ဖေဖော်ဝါရီ 6, 2019
By 🌸
တင္သြင္းေရာင္းခ်ခြင့္ ပိတ္ပင္ထားသည့္ ဝက္ဝံတံဆိပ္ ဓါတ္ေျမၾသဇာအိတ္ေပါင္း (၅၂၇)အိတ္ကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလက ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕ရွိ ဓါတ္ေျမၾသဇာဂိုေထာင္ႏွင့္ အေရာင္းဆိုင္မ်ားမွ သိမ္းဆည္းရမိထားရာ ဆက္လက္အေရးယူႏိုင္ရန္အတြက္ စိုက္ပိ်ဳးေရးဦးစီးဌာနထံ တင္ျပထားၿပီျဖစ္ေၾကာင္း သိရသည္။

“သိမ္းဆည္းအေရးယူဖို႔ တင္ျပထားတဲ့ဝက္ဝံတံဆိပ္ ဓာတ္ေျမၾသဇာက လံုးဝတားျမစ္ထားတ့ဲ အမိ်ဳးအစားျဖစ္တယ္။ တစ္ျခားေဒသေတြမွာ သံုးတာသိပ္မေတြ႔ရဘူး။ လက္က်န္ပစၥည္းေတြလို႔ ဂိုေထာင္တာဝန္ရိွသူေတြဆီက သိရတယ္။ တစ္ျခားဂိုေထာင္ေတြမွာေတာ့ မေတြ႔ရဘူး။ တ႐ုတ္ႏိုင္ငံကေန ဝင္ေရာက္လာတာလို႔ ယူဆရပါတယ္”ဟု ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕ စက္မႈႀကီးၾကပ္ဦးစီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ၿမိဳ႕နယ္က်န္းမာေရး၊ ၿမိဳ႕နယ္စည္ပင္သာယာေရး၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈဌာန၊ ပညာေရးဌာန၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ စားသံုးသူေရးရာဦးစီးဌာန၊ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးဌာနတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၁၅) ရက္ေန႔က စစ္ေဆးရာမွ ေတြ႔ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အဖြဲ႔စံုနဲ႔ စစ္ေဆးမႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့စဥ္က ေနရာ (၅) ခုမွာေတြ႔ရတဲ့ သံုးစြဲဖို႔တားျမစ္ထားတဲ့ ေျမၾသဇာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဥပေဒအတိုင္း ဆက္လက္ အေရးယူႏိုင္ဖို႔ စိုက္ပ်ိဳးေရးဌာနကို တင္ျပလိုက္ပါၿပီ။ P2O5 ပါဝင္မႈ (၁၆) ရာခိုင္ႏႈန္းျဖစ္ေနတဲ့ ဝက္ဝံတံဆိပ္ ေျမၾသဇာအိတ္ေတြနဲ႔ ပတ္သက္ၿပီး အစည္းအေဝး ဆံုးျဖတ္ခ်က္အတိုင္း အဲဒါေတြကို သိမ္းဆည္းၿပီး သတ္မွတ္ထားတဲ့ ဥပေဒ ေတြအတိုင္း ဆက္လက္အေရးယူေပးဖို႔ အျငင္းပြားမႈ ေျဖရွင္းေရးဌာနအေနနဲ႔ ဒီေန႔ပဲ စာတင္လိုက္ပါၿပီ" ဟု ခရိုင္အျငင္းပြားမႈ ေျဖရွင္းေရးဌာန၊ စားသံုးသူေရးရာ ဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေဖေဖၚဝါရီလ (၄)ရက္ေန႔က ေျပာၾကားသည္။

ဇန္နဝါရီလအတြင္းက လားရိႈးၿမိဳ႕နယ္အတြင္းရွိ ဓါတ္ေျမၾသဇာအေရာင္းဆိုင္ (၄) ခုႏွင့္ ဂိုေထာင္ (၁) ခုတို႔ကို စစ္ေဆးခဲ့ရာတြင္ တားျမစ္ထားသည့္ဓါတ္ေျမၾသဇာမ်ားကို ေတြ႔ခဲ့ရျခင္းျဖစ္ၿပီး အဆိုပါဓါတ္ေျမၾသဇာမွာ P2O5 ပါဝင္မႈရာခုိင္ႏႈန္းမွာ ခြင့္ျပဳပမာဏထက္မ်ားသျဖင့္ ပိတ္ပင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - စားသံုးသူေရးရာ

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးမြို့တွင် တားမြစ်ဓါတ်မြေသြဇာများ ဖမ်းဆီးရမိထားမှုကို အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်
***********
တင်သွင်းရောင်းချခွင့် ပိတ်ပင်ထားသည့် ဝက်ဝံတံဆိပ် ဓါတ်မြေသြဇာအိတ်ပေါင်း (၅၂၇)အိတ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဓါတ်မြေသြဇာဂိုထောင်နှင့် အရောင်းဆိုင်များမှ သိမ်းဆည်းရမိထားရာ ဆက်လက်အရေးယူနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနထံ တင်ပြထားပြီဖြစ်ကြောင်း သိရသည်။

“သိမ်းဆည်းအရေးယူဖို့ တင်ပြထားတဲ့ဝက်ဝံတံဆိပ် ဓာတ်မြေသြဇာက လုံးဝတားမြစ်ထားတဲ့ အမျိုးအစားဖြစ်တယ်။ တစ်ခြားဒေသတွေမှာ သုံးတာသိပ်မတွေ့ရဘူး။ လက်ကျန်ပစ္စည်းတွေလို့ ဂိုထောင်တာဝန်ရှိသူတွေဆီက သိရတယ်။ တစ်ခြားဂိုထောင်တွေမှာတော့ မတွေ့ရဘူး။ တရုတ်နိုင်ငံကနေ ဝင်ရောက်လာတာလို့ ယူဆရပါတယ်”ဟု ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ စက်မှုကြီးကြပ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန၊ ပညာရေးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့က စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဖွဲ့စုံနဲ့ စစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့စဉ်က နေရာ (၅) ခုမှာတွေ့ရတဲ့ သုံးစွဲဖို့တားမြစ်ထားတဲ့ မြေသြဇာတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်း ဆက်လက် အရေးယူနိုင်ဖို့ စိုက်ပျိုးရေးဌာနကို တင်ပြလိုက်ပါပြီ။ P2O5 ပါဝင်မှု (၁၆) ရာခိုင်နှုန်းဖြစ်နေတဲ့ ဝက်ဝံတံဆိပ် မြေသြဇာအိတ်တွေနဲ့ ပတ်သက်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အဲဒါတွေကို သိမ်းဆည်းပြီး သတ်မှတ်ထားတဲ့ ဥပဒေ တွေအတိုင်း ဆက်လက်အရေးယူပေးဖို့ အငြင်းပွားမှု ဖြေရှင်းရေးဌာနအနေနဲ့ ဒီနေ့ပဲ စာတင်လိုက်ပါပြီ" ဟု ခရိုင်အငြင်းပွားမှု ဖြေရှင်းရေးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ဖေဖေါ်ဝါရီလ (၄)ရက်နေ့က ပြောကြားသည်။

ဇန်နဝါရီလအတွင်းက လားရှိုးမြို့နယ်အတွင်းရှိ ဓါတ်မြေသြဇာအရောင်းဆိုင် (၄) ခုနှင့် ဂိုထောင် (၁) ခုတို့ကို စစ်ဆေးခဲ့ရာတွင် တားမြစ်ထားသည့်ဓါတ်မြေသြဇာများကို တွေ့ခဲ့ရခြင်းဖြစ်ပြီး အဆိုပါဓါတ်မြေသြဇာမှာ P2O5 ပါဝင်မှုရာခိုင်နှုန်းမှာ ခွင့်ပြုပမာဏထက်များသဖြင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - စားသုံးသူရေးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~