ကယားျပည္နယ္ရိွ ဌာေနတုိင္းရင္းသားစာေပ (၆)ခု၏ သင္ရိုးညႊန္းတမ္းမ်ားကို ယူနီဆက္ဖ္အကူအညီျဖင့္ ေရးဆြဲၿပီးစီးသြား၍ လာမည့္ပညာသင္ႏွစ္ စတင္သင္ၾကားမည္

ကယားျပည္နယ္ရိွ ဌာေနတုိင္းရင္းသားစာေပ (၆)ခု၏ သင္ရိုးညႊန္းတမ္းမ်ားကို ယူနီဆက္ဖ္အကူအညီျဖင့္ ေရးဆြဲၿပီးစီးသြား၍ လာမည့္ပညာသင္ႏွစ္ စတင္သင္ၾကားမည္
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency
ယူနီဆက္ဖ္အကူအညီျဖင့္ ျပည္နယ္(၅)ခုတြင္ ဌာေနတုိင္းရင္းသားစာေပမ်ားကို သင္ရိုးညႊန္းတမ္းေရးဆြဲေနရာ ကယားျပည္နယ္က ပထမဆံုးၿပီးစီးသြားၿပီျဖစ္၍ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္တြင္ ဌာေနတိုင္းရင္းသားစာေပ (၆)မ်ိဳးကို ေက်ာင္းခ်ိန္အတြင္း စတင္ထည့္သြင္းသင္ၾကားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ရိွ ဌာေနတုိင္းရင္းသားစာေပ (၆)မ်ိဳး၏ သင္ရိုးညႊန္းတမ္းကို ျပည္နယ္အစိုးရကလည္း အတည္ျပဳတင္ျပေပးထားၿပီးျဖစ္၍ ေက်ာင္းခ်ိန္အတြင္း သင္ၾကားႏုိင္ရန္ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ျပည္နယ္အေျခခံပညာဦးစီးဌာနထံမွ သိရသည္။

" လက္႐ွိမွာေရးဆြဲထားတဲ့ သင္႐ုိးၫႊန္းတမ္းေတြနဲ႔ ဒီစာေတြကို ျပည္နယ္အစိုးရရဲ႕ဝန္ႀကီးမ်ားအစည္းအေ၀းမွာအတည္ျပဳ လိုက္ၿပီျဖစ္တယ္။ ဆက္ၿပီးေတာ့ ျမန္မာႏိုင္ငံသင္႐ုိးၫႊန္းတမ္း၊ အမ်ိဳးသားသင္႐ုိးၫႊန္းတမ္းေကာ္မတီကို ကြၽန္ေတာ္တို႔က ဆက္ၿပီးအတည္ျပဳခ်က္ရယူၿပီးရင္ ဒါပုံႏွိပ္တဲ့အဆင့္ကို ေရာက္မွာ ျဖစ္ပါတယ္။ ဦးတည္ခ်က္ကေတာ့ ၂၀၁၉-၂၀၂၀ မွာ ကယားျပည္နယ္ရဲ႕ အေျခခံပညာေက်ာင္းမ်ားမွာ ေက်ာင္းခ်ိန္အတြင္းမွာ ေဒသသင္႐ုိး ျဖစ္တဲ့ျမန္မာလိုေဒသ သင္႐ုိးေကာ တိုင္းရင္းသား ဘာသာစာေပကိုေကာ သင္ၾကားႏိုင္ေအာင္ လုပ္ေဆာင္ေနျခင္း ျဖစ္ပါတယ္ " ဟု ျပည္နယ္အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴး ဦး စိုးလြင္က ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၁)ရက္ေန႔က ေျပာသည္။

၂၀၁၈ ခုႏွစ္၊ ဧၿပီလ မွစ၍ ဒီဇင္ဘာလထိ ယူနီဆက္ဖ္အကူအညီျဖင့္ ျပည္နယ္(၅)ခုတြင္ ဌာေနတုိင္းရင္းသားဘာသာ သင္ရိုးညႊန္းတမ္းမ်ား ေရးဆြဲေနရာ ကယားျပည္နယ္က ကယား ၊ ကယန္း၊ ကေယာ ၊ ေဂဘား ၊ မႏုမေနာႏွင့္ ယင္းတလဲ စာေပမ်ားကို သင္ရိုးညႊန္းတမ္းေရးဆြဲထားျခင္းျဖစ္ေၾကာင္း သိရသည္။

ဌာေနတုိင္းရင္းသားစာေပသင္ၾကားေရးအတြက္ ဆရာ၊ဆရာမမ်ားကို အစိုးရကခန္႔ထားေပးမည္ျဖစ္ၿပီး ဆရာျဖစ္သင္တန္းမ်ားလည္း ပို႔ခ်ေပးသြားမည္ျဖစ္ရာ လက္ရိွတြင္ အေထာက္အပံ့မရေသးသည့္ ဌာနတုိင္းရင္းသားဘာသာမ်ားအတြက္ ျပည္နယ္အစိုးရႏွင့္ ညိႇႏိႈင္းေဆာင္ရြက္ထားေၾကာင္း ကေယာစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႔မွ ေဒၚေအာ္ေလဗီယာထံမွ သိရသည္။

" တစ္ခ်ိဳ႕တိုင္းရင္းသားေတြဆို သင္သာသင္ေနရတယ္ ဥပေဒလုပ္ထုံးလုပ္နည္းေတြ မသိေတာ့ လစာေတြမရေသးတာ ေတြ႐ွိတယ္။ ဒါေတြကို အခြင့္ေရးေတြ ရလာဖို့္သေဘာတူထား တာေတြ႐ွိတယ္။ လာမယ့္ ၂၀၁၉-၂၀၂၀ ေက်ာင္းခ်ိန္မဖြင့္မီ အခ်ိန္မွာ ကြၽန္မတို႔ တိုင္းရင္းသား ဆရာ ၊ဆရာမေတြကို ခန္႔ေပးဖို႔ ခ်လည္းခ်ေပးဖို႔႐ွိတယ္ ကြၽန္မတို႔ ဆရာမေတြကေတာ့ ေလွ်ာက္ထားၿပီးေနၾကၿပီေပါ့ ။ ေက်ာင္းခ်ိန္အတြင္း လာမည့္ႏွစ္မွာ သင္ၾကားခြင့္ရဖို႔ ေမွ်ာ္လင့္တယ္ " ဟု ကေယာစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႔မွ ေဒၚေအာ္ေလဗီယာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္တြင္ ဌာေနတိုင္းရင္းသားမ်ိဳးႏြယ္စု (၆)ခု၏စာေပမ်ားအျပင္ ကယားျပည္နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ ႐ွမ္းႏွင့္ ပအိုဝ္းဘာသာမ်ားကိုလည္း သင္ၾကားေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်ရှိ ဌာနေတိုင်းရင်းသားစာပေ (၆)ခု၏ သင်ရိုးညွှန်းတမ်းများကို ယူနီဆက်ဖ်အကူအညီဖြင့် ရေးဆွဲပြီးစီးသွား၍ လာမည့်ပညာသင်နှစ် စတင်သင်ကြားမည်
**************
ယူနီဆက်ဖ်အကူအညီဖြင့် ပြည်နယ်(၅)ခုတွင် ဌာနေတိုင်းရင်းသားစာပေများကို သင်ရိုးညွှန်းတမ်းရေးဆွဲနေရာ ကယားပြည်နယ်က ပထမဆုံးပြီးစီးသွားပြီဖြစ်၍ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ဌာနေတိုင်းရင်းသားစာပေ (၆)မျိုးကို ကျောင်းချိန်အတွင်း စတင်ထည့်သွင်းသင်ကြားတော့မည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ရှိ ဌာနေတိုင်းရင်းသားစာပေ (၆)မျိုး၏ သင်ရိုးညွှန်းတမ်းကို ပြည်နယ်အစိုးရကလည်း အတည်ပြုတင်ပြပေးထားပြီးဖြစ်၍ ကျောင်းချိန်အတွင်း သင်ကြားနိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်နယ်အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

" လက်ရှိမှာရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ဒီစာတွေကို ပြည်နယ်အစိုးရရဲ့ဝန်ကြီးများအစည်းအဝေးမှာအတည်ပြု လိုက်ပြီဖြစ်တယ်။ ဆက်ပြီးတော့ မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်း၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကို ကျွန်တော်တို့က ဆက်ပြီးအတည်ပြုချက်ရယူပြီးရင် ဒါပုံနှိပ်တဲ့အဆင့်ကို ရောက်မှာ ဖြစ်ပါတယ်။ ဦးတည်ချက်ကတော့ ၂၀၁၉-၂၀၂၀ မှာ ကယားပြည်နယ်ရဲ့ အခြေခံပညာကျောင်းများမှာ ကျောင်းချိန်အတွင်းမှာ ဒေသသင်ရိုး ဖြစ်တဲ့မြန်မာလိုဒေသ သင်ရိုးကော တိုင်းရင်းသား ဘာသာစာပေကိုကော သင်ကြားနိုင်အောင် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ် " ဟု ပြည်နယ်အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦး စိုးလွင်က ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့က ပြောသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ မှစ၍ ဒီဇင်ဘာလထိ ယူနီဆက်ဖ်အကူအညီဖြင့် ပြည်နယ်(၅)ခုတွင် ဌာနေတိုင်းရင်းသားဘာသာ သင်ရိုးညွှန်းတမ်းများ ရေးဆွဲနေရာ ကယားပြည်နယ်က ကယား ၊ ကယန်း၊ ကယော ၊ ဂေဘား ၊ မနုမနောနှင့် ယင်းတလဲ စာပေများကို သင်ရိုးညွှန်းတမ်းရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ဌာနေတိုင်းရင်းသားစာပေသင်ကြားရေးအတွက် ဆရာ၊ဆရာမများကို အစိုးရကခန့်ထားပေးမည်ဖြစ်ပြီး ဆရာဖြစ်သင်တန်းများလည်း ပို့ချပေးသွားမည်ဖြစ်ရာ လက်ရှိတွင် အထောက်အပံ့မရသေးသည့် ဌာနတိုင်းရင်းသားဘာသာများအတွက် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ကယောစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်အော်လေဗီယာထံမှ သိရသည်။

" တစ်ချို့တိုင်းရင်းသားတွေဆို သင်သာသင်နေရတယ် ဥပဒေလုပ်ထုံးလုပ်နည်းတွေ မသိတော့ လစာတွေမရသေးတာ တွေရှိတယ်။ ဒါတွေကို အခွင့်ရေးတွေ ရလာဖို့်သဘောတူထား တာတွေရှိတယ်။ လာမယ့် ၂၀၁၉-၂၀၂၀ ကျောင်းချိန်မဖွင့်မီ အချိန်မှာ ကျွန်မတို့ တိုင်းရင်းသား ဆရာ ၊ဆရာမတွေကို ခန့်ပေးဖို့ ချလည်းချပေးဖို့ရှိတယ် ကျွန်မတို့ ဆရာမတွေကတော့ လျှောက်ထားပြီးနေကြပြီပေါ့ ။ ကျောင်းချိန်အတွင်း လာမည့်နှစ်မှာ သင်ကြားခွင့်ရဖို့ မျှော်လင့်တယ် " ဟု ကယောစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်အော်လေဗီယာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်တွင် ဌာနေတိုင်းရင်းသားမျိုးနွယ်စု (၆)ခု၏စာပေများအပြင် ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် ရှမ်းနှင့် ပအိုဝ်းဘာသာများကိုလည်း သင်ကြားနေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~