တာချီလိတ်မြို့ဝင်မုဒ်ဦးရှိ မီးတိုင်များတွင် ဖြုတ်ခိုးခံရသည့် Timer များကို ပြန်လည်တပ်ဆင်ပြီး မြို့အဝင်မီးလင်းရေး စတင် လုပ်ဆောင်နေ

တာချီလိတ်မြို့ဝင်မုဒ်ဦးရှိ မီးတိုင်များတွင် ဖြုတ်ခိုးခံရသည့် Timer များကို ပြန်လည်တပ်ဆင်ပြီး မြို့အဝင်မီးလင်းရေး စတင် လုပ်ဆောင်နေ
ဖေဖော်ဝါရီ 20, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဝင်မုဒ်ဦးဘေးရှိ မီးတိုင် (၄) ခုတွင် ဖြုတ်ခိုးခံခဲ့ရသည့် Timer များ တပ်ဆင်ခြင်း၊ မီးလုံးများ လဲလှယ်ခြင်းများ လုပ်ဆောင်နေပြီး မြို့ဝင်မုဒ်ဦးဝန်းကျင် မီးလင်းရေးအတွက် မီးတိုင်စိုက်ခြင်း လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မြို့တွင်းလမ်းမီးများကို နေ့နှင့်ည သတ်မှတ်အချိန်များတွင် ဖွင့်ပိတ်ဖြင့် အချိန်အကန့်အသတ်ပေးရန် တပ်ဆင်ထားသည့် တစ်ခုလျှင် ဘတ်(၁၂၀၀)တန်ဖိုးရှိ Timer များအနက် (၂)ခုမှာ ဖြုတ်ခိုးခံရသဖြင့် ပြန်လည်တပ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။




နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်၏ အဓိကမြို့အဝင်လမ်းမကြီးနေရာတွင် လမ်းမီးမရှိသဖြင့် ၂၀၁၆ခုနှစ် ဇွန်လ(၂၂)ရက်က မြို့ဝင်ဆိုင်းဘုတ်အား မီးရှို့ခံရခြင်း၊ ညပိုင်းတွင် ဖြတ်သန်းသွားသည့် မော်တော် ယာဉ်များအား မှောင်ရိပ်ခို၍ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးခြင်းနှင့် လူငယ်များ အုပ်စုဖွဲ့ခိုက်ရန်ပွားခြင်းတို့ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် မီးလင်းရေးကော်မတီက လမ်းမီးများ စိုက်ထူပေးနေပြီး ကျသင့်မီတာခကိုလည်း ကော်မတီက ကျခံမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဝင်မုဒ်ဦးဘေးရှိ မီးတိုင် (၄) ခုတွင် ဖြုတ်ခိုးခံခဲ့ရသည့် Timer များ တပ်ဆင်ခြင်း၊ မီးလုံးများ လဲလှယ်ခြင်းများ လုပ်ဆောင်နပြေီး မြို့ဝင်မုဒ်ဦးဝန်းကျင် မီးလင်းရေးအတွက် မီးတိုင်စိုက်ခြင်း လုပ်ငန်းများဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

မြို့တွင်းလမ်းမီးများကို နေ့နှင့်ည သတ်မှတ်အချိန်များတွင် ဖွင့်ပိတ်ဖြင့် အချိန်အကန့်အသတ်ပေးရန် တပ်ဆင်ထားသည့် တစ်ခုလျှင် ဘတ်(၁၂၀၀)တန်ဖိုးရှိ Timer များအနက် (၂)ခုမှာ ဖြုတ်ခိုးခံရသဖြင့် ပြန်လည်တပ်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။

“မြို့ထဲက မှောင်တဲ့နေရာတွေ ခရိုင်ဆေးရုံရှေ့တို့၊ ဘိုးဘွားရိပ်သာတို့၊ ကျွန်တော်တို့ဒီကချင်ရွာတို့ အဲဒီလိုမှောင်တဲ့ နေရာတွေကို လိုက်ကြည့်ထားပါတယ်။ အဲဒီနေရာတွေမှာလဲ ကျွန်တော်တို့ (၂) ကိုင်းဖြင့် (၂) ကိုင်းပေါ့။ (၄) ကိုင်းဖြင့် (၄) ကိုင်း (၅၀၀) ဝပ်တွေ ကျွန်တော်တို့ ထပ်ပြီးတော့ ကြိုးစား တပ်ဆင်သွားဖို့ရှိပါတယ်” ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ပြောကြားထားခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူး အစဉ်အဆက်က ဥက္ကဌအဖြစ် တာဝန်ယူပြီး ဖွဲ့စည်းဆောင်ရွက်နေသည့် မြို့မီးလင်းရေး ကော်မတီသည် (၁၅)နှစ်တာကာလ အတွင်း မြို့ဝင် ဆိုင်းဘုတ်များ၊ လေဆိပ်နှင့် အချို့လမ်းပိုင်းများတွင် လျှပ်စစ်မီးသွယ် တန်းနိုင်ခြင်း မရှိသေးသည့်အပြင် ပြန်လည်ရောင်းချသည့် မီတာခဈေးနှုန်း ကြီးမြင့်သဖြင့် ဒေသတွင်းမှ တင်ပြတောင်းဆိုမှုများရှိလာရာ အသစ်ပြန်လည် ဖွဲ့စည်းထားသည့် မီးလင်းရေးကော်မတီက ၂၀၁၈ ခုနှစ် နှစ်ကုန်မှစ၍ မီတာခ လျှော့ချနိုင်ရေးနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် မီးသွယ်တန်းနိုင်ရေးကို ဆောင်ရွက် လာခြင်းဖြစ်သည်။

လက်ရှိတွင် လေယာဉ်ကွင်းမှ မြို့ဝင်ဆိုင်းဘုတ်အထိ မီးမလင်းသည့် နေရာများတွင် လမ်းမီးများ သွယ်တန်းနိုင်ရန် အတွက် မီးတိုင် (၁၁) တိုင် စိုက်ထူထားပြီး မတ်လ ပထမပတ်တွင် မီးသီးများ တပ်ဆင်ခြင်းနှင့် မီးကြိုးများသွယ်တန်းခြင်း လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်၏ အဓိကမြို့အဝင်လမ်းမကြီးနေရာတွင် လမ်းမီးမရှိသဖြင့် ၂၀၁၆ခုနှစ် ဇွန်လ(၂၂)ရက်က မြို့ဝင်ဆိုင်းဘုတ်အား မီးရှို့ခံရခြင်း၊ ညပိုင်းတွင် ဖြတ်သန်းသွားသည့် မော်တော် ယာဉ်များအား မှောင်ရိပ်ခို၍ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးခြင်းနှင့် လူငယ်များ အုပ်စုဖွဲ့ခိုက်ရန်ပွားခြင်းတို့ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် မီးလင်းရေးကော်မတီက လမ်းမီးများ စိုက်ထူပေးနပြေီး ကျသင့်မီတာခကိုလည်း ကော်မတီက ကျခံမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~