သႀကၤန္ကာလေနရပ္ျပန္မည့္ ျမန္မာ၊ လာအိုႏွင့္ ကေမၻာဒီးယားလုပ္သားမ်ားကို ထုိင္းႏုိင္ငံက Re -entry တံဆိပ္ထုရန္မလိုဘဲ (၂၅)ရက္ၾကာ အခမဲ့ဝင္ထြက္ခြင့္ျပဳ

သႀကၤန္ကာလေနရပ္ျပန္မည့္ ျမန္မာ၊ လာအိုႏွင့္ ကေမၻာဒီးယားလုပ္သားမ်ားကို ထုိင္းႏုိင္ငံက Re -entry တံဆိပ္ထုရန္မလိုဘဲ (၂၅)ရက္ၾကာ အခမဲ့ဝင္ထြက္ခြင့္ျပဳ
ဖေဖော်ဝါရီ 21, 2019
By 🌸
ထိုင္းႏုိင္ငံတြင္း အလုပ္လုပ္ကိုင္ခြင့္ပတ္စ္ပို႔ (သို႔) စီအိုင္စာအုပ္ကိုင္ေဆာင္ထားသည့္ လာအို၊ ကေမၻာဒီးယားႏွင့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၅)ရက္ေန႔မွစ၍ ေနရပ္ျပန္ရာတြင္ RE-ENTRY (အျပန္တုံးႀကီး) ထုစရာမလိုဘဲ တရားဝင္နယ္စပ္ဂိတ္မ်ားမွ အထြက္တံဆိပ္တုံးထုကာ ထြက္ခြာခြင့္ ရရိွမည္ျဖစ္ၿပီး ဧၿပီလ (၃၀)ရက္ေန႔တြင္ ထုိင္းႏိုင္ငံတြင္း ျပန္လည္ဝင္ေရာက္ရန္လိုအပ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္းမွ ျမန္မာ၊ လာအိုႏွင့္ ကေမၻာဒီးယားလုပ္သားမ်ား သႀကၤန္ကာလ ေနရပ္ျပန္ရာတြင္ အခေၾကးေငြ မကုန္က်ဘဲ ျပန္ႏုိင္ရန္ ခြင့္ျပဳလိုက္ေၾကာင္း ေဖေဖၚဝါရီလ (၂၀)ရက္ေန႔က ေရႊ႕ေျပာင္းလုပ္သားမ်ား စီမံခန္႔ခြဲေရးႏွင့္ လူကုန္ကူးမႈတိုက္ဖ်က္ေရးဆပ္ေကာ္မတီအစည္းအေဝးအၿပီးတြင္ အလုပ္သမားေရးရာ ဝန္ႀကီးက  မီဒီယာမ်ားအား ေျပာၾကားလုိက္ျခင္းျဖစ္ေၾကာင္း The Nation သတင္းတြင္ ေဖၚျပထားသည္။

ႏုိင္ငံျခားသားလုပ္သားမ်ားအေနျဖင့္ ေနရပ္ျပန္ရာတြင္ အသက္ (၁၈)ႏွစ္ေအာက္ကေလးမ်ားကို အတူေခၚေဆာင္ခြင့္ျပဳထားေၾကာင္းလည္း ဝန္ႀကီးက ထပ္ေလာင္းေျပာၾကားသည္။

အခေၾကးေငြကင္းလြတ္ခြင့္ျပဳထားသည့္ ဧၿပီလ (၃၀)ရက္ေန႔ထက္ ေက်ာ္လြန္ၿပီးမွ ျပန္လာသူမ်ားအေနျဖင့္ Re –entry ဗီဇာတံုးထုရန္လုိအပ္ၿပီး ဘတ္ (၂၀၀၀)က်သင့္မည္ျဖစ္ေၾကာင္း ဝန္ႀကီးက သတိေပးထားသည္။

ထိုင္းႏိုင္ငံတြင္း အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာ၊ လာအိုႏွင့္ ကေမၻာဒီးယားလုပ္သားမ်ား၏ သႀကၤန္ပိတ္ရက္ ေနရပ္ျပန္ေရးအတြက္ Re – entry ေၾကးကင္းလြတ္ခြင့္ကို ထုိင္းႏုိင္ငံက ႏွစ္စဥ္ ရက္အကန္႔အသတ္ျဖင့္ခြင့္ျပဳေလ့ရိွၿပီး ၂၀၁၈ ခုႏွစ္ သႀကၤန္ကာလအတြင္းက ေရႊ႕ေျပာင္းလုပ္သားေပါင္း (၂၄၀၂၅၁)ဦး ေနရပ္ျပန္ခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္ သႀကၤန္ကာလတြင္လည္း ထုိင္းႏုိင္ငံတြင္းမွ ေရႊ႕ေျပာင္းလုပ္သား သံုးသိန္းနီးပါး ေနရပ္ျပန္ဖြယ္ရိွသည္ဟု ဝန္ႀကီးဌာနက ခန္႔မွန္းထားေၾကာင္း သိရသည္။

ေနရပ္ျပန္မည့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ သတ္မွတ္ကာလအတြင္း Re – entry တံုးထုရန္ မလိုအပ္ေသာ္လည္း ေနာက္ဆံုးျပန္လည္ဝင္ေရာက္ရန္သတ္မွတ္ရက္ ေက်ာ္လြန္ႏုိင္ပါက Re – entry တံုးထုသြားရန္၊ အလုပ္ရွင္မ်ား၏ ခြင့္ျပဳကာလထက္ေက်ာ္လြန္ေနထုိင္ပါက အလုပ္ထုတ္ခံရျခင္းႏွင့္ အလုပ္ျပန္ဝင္ရန္အခက္အခဲျဖစ္ျခင္းမ်ား ႀကံဳေတြ႔ႏုိင္သည္ကို သတိထားရန္၊  ႏုိင္ငံကူးလက္မွတ္အပါအ၀င္ အျခားအေရးႀကီးသည့္ စာရြက္စာတမ္းမ်ားကုိ တာ၀န္ရွိသူမ်ား စစ္ေဆးစဥ္ ျပသႏုိင္ရန္အတြက္ ျပည့္စုံစြာ ယူေဆာင္သြား ၾကရန္၊ အဆိုပါစာရြက္စာတမ္းမ်ား ေပ်ာက္ဆံုးပ်က္စီးမႈႏွင့္ ႀကံဳေတြ႔ပါက ျပန္လည္ေလွ်ာက္ထားႏုိင္ရန္ အနည္းဆံုး မိတၱဴႏွစ္စံုခန္႔ကူးယူ၍ ေနရာခြဲ သိမ္းဆည္းထားရန္အျပင္ လက္ကိုင္ဖုန္းမ်ားျဖင့္ ဓါတ္ပံုရုိက္သိမ္းဆည္းျခင္းမ်ားလုပ္ေဆာင္ရန္၊ ဆက္သြယ္ရန္ လိပ္စာႏွင့္ ဖုန္းနံပါတ္ကုိ ျဖည့္သြင္းထားရန္၊ ႏွစ္နုိင္ငံ သတ္မွတ္ထားသည့္ စစ္ေဆးေရးဂိတ္မ်ားမွသာ ၀င္ထြက္ၾကရန္ႏွင့္ လူ၀င္မႈႀကီးၾကပ္ေရးဌာနမ်ားမွ ရုိက္ႏွိပ္ေသာ အ၀င္တုံး နွစ္တုံး၊ အထြက္တုံး နွစ္တုံး ျပည့္စုံျခင္းရွိမရွိ စိစစ္ရန္တို႔ကို လုပ္ေဆာင္ၾကရန္ အလုပ္သမားသံအရာရိွရံုးက သတိေပးထားသည္ကို ေတြ႔ရသည္။
Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သြင်္ကန်ကာလနေရပ်ပြန်မည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားလုပ်သားများကို ထိုင်းနိုင်ငံက Re -entry တံဆိပ်ထုရန်မလိုဘဲ  (၂၅)ရက်ကြာ အခမဲ့ဝင်ထွက်ခွင့်ပြု
*************
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်ပတ်စ်ပို့ (သို့) စီအိုင်စာအုပ်ကိုင်ဆောင်ထားသည့် လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာလုပ်သားများအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှစ၍ နေရပ်ပြန်ရာတွင် RE-ENTRY (အပြန်တုံးကြီး) ထုစရာမလိုဘဲ တရားဝင်နယ်စပ်ဂိတ်များမှ အထွက်တံဆိပ်တုံးထုကာ ထွက်ခွာခွင့် ရရှိမည်ဖြစ်ပြီး ဧပြီလ (၃၀)ရက်နေ့တွင် ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ရန်လိုအပ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းမှ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားလုပ်သားများ သြင်္ကန်ကာလ နေရပ်ပြန်ရာတွင် အခကြေးငွေ မကုန်ကျဘဲ ပြန်နိုင်ရန် ခွင့်ပြုလိုက်ကြောင်း ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့က ရွှေ့ပြောင်းလုပ်သားများ စီမံခန့်ခွဲရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆပ်ကော်မတီအစည်းအဝေးအပြီးတွင် အလုပ်သမားရေးရာ ဝန်ကြီးက  မီဒီယာများအား ပြောကြားလိုက်ခြင်းဖြစ်ကြောင်း The Nation သတင်းတွင် ဖေါ်ပြထားသည်။

နိုင်ငံခြားသားလုပ်သားများအနေဖြင့် နေရပ်ပြန်ရာတွင် အသက် (၁၈)နှစ်အောက်ကလေးများကို အတူခေါ်ဆောင်ခွင့်ပြုထားကြောင်းလည်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။

အခကြေးငွေကင်းလွတ်ခွင့်ပြုထားသည့် ဧပြီလ (၃၀)ရက်နေ့ထက် ကျော်လွန်ပြီးမှ ပြန်လာသူများအနေဖြင့် Re –entry ဗီဇာတုံးထုရန်လိုအပ်ပြီး ဘတ် (၂၀၀၀)ကျသင့်မည်ဖြစ်ကြောင်း ဝန်ကြီးက သတိပေးထားသည်။

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားလုပ်သားများ၏ သြင်္ကန်ပိတ်ရက် နေရပ်ပြန်ရေးအတွက် Re – entry ကြေးကင်းလွတ်ခွင့်ကို ထိုင်းနိုင်ငံက နှစ်စဉ် ရက်အကန့်အသတ်ဖြင့်ခွင့်ပြုလေ့ရှိပြီး ၂၀၁၈ ခုနှစ် သြင်္ကန်ကာလအတွင်းက ရွှေ့ပြောင်းလုပ်သားပေါင်း (၂၄၀၂၅၁)ဦး နေရပ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုနှစ် သြင်္ကန်ကာလတွင်လည်း ထိုင်းနိုင်ငံတွင်းမှ ရွှေ့ပြောင်းလုပ်သား သုံးသိန်းနီးပါး နေရပ်ပြန်ဖွယ်ရှိသည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

နေရပ်ပြန်မည့် မြန်မာလုပ်သားများအနေဖြင့် သတ်မှတ်ကာလအတွင်း Re – entry တုံးထုရန် မလိုအပ်သော်လည်း နောက်ဆုံးပြန်လည်ဝင်ရောက်ရန်သတ်မှတ်ရက် ကျော်လွန်နိုင်ပါက Re – entry တုံးထုသွားရန်၊ အလုပ်ရှင်များ၏ ခွင့်ပြုကာလထက်ကျော်လွန်နေထိုင်ပါက အလုပ်ထုတ်ခံရခြင်းနှင့် အလုပ်ပြန်ဝင်ရန်အခက်အခဲဖြစ်ခြင်းများ ကြုံတွေ့နိုင်သည်ကို သတိထားရန်၊  နိုင်ငံကူးလက်မှတ်အပါအဝင် အခြားအရေးကြီးသည့် စာရွက်စာတမ်းများကို တာဝန်ရှိသူများ စစ်ဆေးစဉ် ပြသနိုင်ရန်အတွက် ပြည့်စုံစွာ ယူဆောင်သွား ကြရန်၊ အဆိုပါစာရွက်စာတမ်းများ ပျောက်ဆုံးပျက်စီးမှုနှင့် ကြုံတွေ့ပါက ပြန်လည်လျှောက်ထားနိုင်ရန် အနည်းဆုံး မိတ္တူနှစ်စုံခန့်ကူးယူ၍ နေရာခွဲ သိမ်းဆည်းထားရန်အပြင် လက်ကိုင်ဖုန်းများဖြင့် ဓါတ်ပုံရိုက်သိမ်းဆည်းခြင်းများလုပ်ဆောင်ရန်၊ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်ကို ဖြည့်သွင်းထားရန်၊ နှစ်နိုင်ငံ သတ်မှတ်ထားသည့် စစ်ဆေးရေးဂိတ်များမှသာ ဝင်ထွက်ကြရန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနများမှ ရိုက်နှိပ်သော အဝင်တုံး နှစ်တုံး၊ အထွက်တုံး နှစ်တုံး ပြည့်စုံခြင်းရှိမရှိ စိစစ်ရန်တို့ကို လုပ်ဆောင်ကြရန် အလုပ်သမားသံအရာရှိရုံးက သတိပေးထားသည်ကို တွေ့ရသည်။
Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~