တာခ်ီလိတ္တြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရသည့္ ထုိင္းႏုိင္ငံသားမွာ ေငြလာယူရန္ ဖုန္းဆက္ေခၚသျဖင့္ သြားရာမွ အသတ္ခံခဲ့ရ

တာခ်ီလိတ္တြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရသည့္ ထုိင္းႏုိင္ငံသားမွာ ေငြလာယူရန္ ဖုန္းဆက္ေခၚသျဖင့္ သြားရာမွ အသတ္ခံခဲ့ရ
ဖေဖော်ဝါရီ 9, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၈)ရက္ေန႔ ည (၉)နာရီေက်ာ္က ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ ထုိင္းႏိုင္ငံသား ေလး(ခ) Mr.Wuttichai Gobua သည္ ေငြလာယူရန္ ဖုန္းဆက္ေခၚသျဖင့္ သြားရာမွ အသတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

 ေလး(ခ) Mr.Wuttichai Gobua သည္ ေနအိမ္တြင္ရိွေနစဥ္ ပိုက္ဆံလာယူရန္ ဖုန္းဆက္ေခၚသျဖင့္ ည(၉)နာရီဝန္းက်င္၌ ေနအိမ္မွ ကားျဖင့္ထြက္သြားခဲ့ၿပီးေနာက္ ဖုန္းအဆက္အသြယ္မရေတာ့ျခင္းျဖစ္ေၾကာင္း ၎၏ဇနီးျဖစ္သူက ေျပာၾကားထားသည္ဟု သိရသည္။

ခင္ပြန္းျဖစ္သူထြက္သြားၿပီး မၾကာမီ ဖုန္းဆက္ၾကည့္ရာ ဖုန္းမကိုင္ေတာ့သျဖင့္ ဇနီးျဖစ္သူက လိုက္သြားရာ 1 G 1 ဟိုတယ္ေရွ႕လမ္းမေပၚတြင္ ခင္ပြန္းျဖစ္သူ၏ကားကိုေတြ႔ရၿပီး ကားနံေဘးတြင္ ခင္ပြန္းျဖစ္သူမွာ ပက္လက္အေနအထားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးရာ က်ည္ခြံ (၃)ခု၊ အမ်ိဳးသမီးစီးဖိနပ္တစ္ရံႏွင့္ ဖုန္းတစ္လံုးတို႔ကို သိမ္းဆည္းရမိထားၿပီး အမႈအားဆက္လက္စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္မႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၆၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္ စံုစမ္းေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ (၁၈)ရက္အတြင္း ေသနတ္ပစ္ခတ္မႈ(၃)ခုျဖစ္ပြားခဲ့ရာ လူ (၂)ဦးေသဆံုးၿပီး တစ္ဦး အျပင္းအထန္ဒဏ္ရာရသြားခဲ့ကာ ပစ္ခတ္မႈမ်ားမွ က်ဴးလြန္သူမ်ားမွာ လြတ္ေျမာက္ေနဆဲျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ထိုင်းနိုင်ငံသားမှာ ငွေလာယူရန် ဖုန်းဆက်ခေါ်သဖြင့် သွားရာမှ အသတ်ခံခဲ့ရ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ည (၉)နာရီကျော်က သေနတ်ဖြင့် ပစ်သတ်ခံရသည့် ထိုင်းနိုင်ငံသား လေး(ခ) Mr.Wuttichai Gobua သည် ငွေလာယူရန် ဖုန်းဆက်ခေါ်သဖြင့် သွားရာမှ အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 လေး(ခ) Mr.Wuttichai Gobua သည် နေအိမ်တွင်ရှိနေစဉ် ပိုက်ဆံလာယူရန် ဖုန်းဆက်ခေါ်သဖြင့် ည(၉)နာရီဝန်းကျင်၌ နေအိမ်မှ ကားဖြင့်ထွက်သွားခဲ့ပြီးနောက် ဖုန်းအဆက်အသွယ်မရတော့ခြင်းဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူက ပြောကြားထားသည်ဟု သိရသည်။

ခင်ပွန်းဖြစ်သူထွက်သွားပြီး မကြာမီ ဖုန်းဆက်ကြည့်ရာ ဖုန်းမကိုင်တော့သဖြင့် ဇနီးဖြစ်သူက လိုက်သွားရာ 1 G 1 ဟိုတယ်ရှေ့လမ်းမပေါ်တွင် ခင်ပွန်းဖြစ်သူ၏ကားကိုတွေ့ရပြီး ကားနံဘေးတွင် ခင်ပွန်းဖြစ်သူမှာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးရာ ကျည်ခွံ (၃)ခု၊ အမျိုးသမီးစီးဖိနပ်တစ်ရံနှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိထားပြီး အမှုအားဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၆၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် (၁၈)ရက်အတွင်း သေနတ်ပစ်ခတ်မှု(၃)ခုဖြစ်ပွားခဲ့ရာ လူ (၂)ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရသွားခဲ့ကာ ပစ်ခတ်မှုများမှ ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~