တာခ်ီလိတ္ၿမိဳ႕ စိုက္ပ်ိဳးေရးသံုးပစၥည္းေစ်းကြက္တြင္ သတ္မွတ္ခ်က္မညီေသာပစၥည္းမ်ား မရိွေစရန္ ဌာန(၇)ခုပါဝင္သည့္အဖြဲ႕က ပံုမွန္စစ္ေဆးမည္

တာခ်ီလိတ္ၿမိဳ႕ စိုက္ပ်ိဳးေရးသံုးပစၥည္းေစ်းကြက္တြင္ သတ္မွတ္ခ်က္မညီေသာပစၥည္းမ်ား မရိွေစရန္ ဌာန(၇)ခုပါဝင္သည့္အဖြဲ႕က ပံုမွန္စစ္ေဆးမည္
ဖေဖော်ဝါရီ 27, 2019
By 🌸
သတ္မွတ္ခ်က္မ်ားႏွင့္ မကိုက္ညီသည့္ စိုက္ပ်ိဳးေရးသံုးေဆး၊ ဓါတ္ေျမၾသဇာႏွင့္ မ်ိဳးေစ့မ်ား ေစ်းကြက္တြင္ေရာင္းခ်မႈ မရိွေစေရးအတြက္ စစ္ေဆးအေရးယူမည့္ ေကာ္မတီတစ္ရပ္ကို ထိုင္း-ျမန္မာနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ဌာန (၇)ခုပူးေပါင္းပါဝင္ဖြဲ႕စည္းထားေၾကာင္း သိရသည္။

“ေကာ္မတီအေနနဲ႔ တိုင္ပင္ထားတာေတာ့ ပထမအႀကိမ္ဆို သတိေပးေပါ့။ ဒုတိယအႀကိမ္ဆိုရင္ေတာ့ တရားစြဲမယ္ဆို ၿပီးေတာ့။ အဲဒီလိုေတာ့ ကၽြန္ေတာ္တို႔ေကာ္မတီေပါ့ စစ္ေဆးေရးအဖြဲ႕ ဖြဲ႕ေပးထားတာရိွတယ္။ အၿမဲတမ္းစစ္ရမွာဆိုေတာ့ ေနာက္တစ္ႀကိမ္ဆိုလို႔ရိွရင္ စိုက္ပ်ိဳးေရးမွာ ဥပေဒရိွတယ္။ အဲဒီဥပေဒနဲ႔အညီအေရးယူရမွာ။ ပထမအႀကိမ္ကေတာ့ ကၽြန္ေတာ္တို႔ေခၚၿပီးေတာ့ သတိေပးမွတ္တမ္းထိုးမွာေပါ့။ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ တရားစြဲေတာ့မွာ။ အဲဒီအခါမွာေတာ့ စိုက္ပ်ိဳးေရးက ထုတ္ျပန္ထားတဲ့ ဥပေဒ၊ နည္းဥပေဒအတိုင္းပဲ စြဲဆိုသြားမွာပါ။ တရားလိုကေတာ့ စိုက္ပ်ိဳးေရးကပဲျဖစ္မွာ ေပါ့”ဟုတာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၂၆) ရက္ေန႔တြင္ ေျပာသည္။

အဆိုပါေကာ္မတီ၏ ပထမဆံုးအႀကိမ္စစ္ေဆးမႈအျဖစ္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၂၁) ရက္ေန႔က  တာခ်ီလိတ္ၿမိဳ႕ရိွ ဓာတ္ေျမၾသဇာ ျဖန္႔ျဖဴးေရာင္းခ်သည့္ ဆိုင္ (၄) ဆိုင္ကို ေရွာင္တခင္၀င္ေရာက္စစ္ေဆးခဲ့ရာ သက္မွတ္ခ်က္မ်ားႏွင့္ မကိုက္ညီသည့္ ဓာတ္ေျမၾသဇာ၊ ပိုးသတ္ေဆးႏွင့္ မ်ိဳးေစ့မ်ားေရာင္းခ်သည့္ ဆုိင္(၃)ဆုိင္ စစ္ေဆးေတြ႔ရိွရသျဖင့္ ထပ္မံေရာင္းခ်ျခင္းမျပဳရန္ ခံဝန္လက္မွတ္ေရးထိုးခုိင္းထားေၾကာင္း သိရသည္။

ေကာ္မတီတြင္ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ အေကာက္ခြန္ဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးေကာ္မတီ၊ တိရစၦာန္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ စီမံကိန္းဦးစီးဌာနႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတုိ႔ ပူးေပါင္းပါဝင္ၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္းျဖန္႔ျဖဴးေရာင္းခ်ေနသည့္ ဓာတ္ေျမၾသဇာ၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး၊ မ်ိဳးေစ့မ်ားျဖန္႔ျဖဴးေရာင္းခ် ရာတြင္ ထုတ္လုပ္တင္သြင္းသည့္ကုမၸဏီအမည္၊ သက္တမ္းသက္မွတ္ခ်က္ႏွင့္ ကုန္ပစၥည္းတြင္ ပါဝင္ပစၥည္း အေၾကာင္းအရာမ်ားကို ျမန္မာဘာသာျဖင့္ေရးသားေဖၚျပရန္ ပညာေပးကာလကို ၂၀၁၈ ခုႏွစ္ ၾသဂုတ္လအထိ ေနာက္ဆံုးထား၍ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

ပညာေပးကာလကုန္ဆံုးသြားၿပီျဖစ္၍ ေစ်းကြက္အတြင္းမွ သတ္မွတ္ခ်က္ႏွင့္မညီသည့္ အဆိုပါစိုက္ပ်ိဳးေရးသံုး ပစၥည္းမ်ားအား ေရွာင္တခင္စစ္ေဆးမႈမ်ား လုပ္ေဆာင္ၿပီး အေရးယူႏုိင္ရန္ ရွမ္းျပည္နယ္အစိုးရက လမ္းညႊန္ထားရာ ျပည္နယ္ထုတ္ကုန္လံုၿခံဳစိတ္ခ်ရမႈဆုိင္ရာလုပ္ငန္းေကာ္မတီအပါအဝင္ သက္ဆုိင္ရာဌာနမ်ားက ေဆာင္ရြက္ေနျခင္းျဖစ္သည္။

စိုက္ပ်ိဳးေရးလုပ္ကိုင္သူအမ်ားစုရိွေသာ ရွမ္းျပည္နယ္တြင္ ေတာင္သူမ်ားအက်ိဳးစီးပြားကာကြယ္ေရးအတြက္ ေစ်းကြက္အတြင္းရိွ စိုက္ပ်ိဳးေရးသံုးပစၥည္းမ်ားကို လုိက္လံစစ္ေဆးရာတြင္ ထုတ္လုပ္ရက္စြဲႏွင့္ သက္တမ္းကုန္ရက္စြဲမ်ားမပါျခင္း၊ သက္တမ္းလြန္မ်ားျဖစ္ေနျခင္း၊ သက္တမ္းလြန္ကုန္ပစၥည္းမ်ားကို မူလရက္စြဲမ်ားကို ျပဳျပင္ဖံုးအုပ္ျခင္း၊ မူလအရည္အေသြးအတုိင္းမဟုတ္ဘဲ ျပဳျပင္ေရာင္းခ်ျခင္း၊  ဘူးခြံေပၚတြင္ ေဖၚျပထားသည့္ မွတ္ပံုတင္နံပါတ္မ်ားႏွင့္ ဘူးအတြင္းမွေဆးထုပ္မ်ား၏ မွတ္ပံုတင္နံပါတ္မ်ားမတူျခင္း၊ မူရင္းအမွတ္တံဆိပ္မဟုတ္ဘဲ ျပန္လည္ထုပ္ပိုးေရာင္းခ်ျခင္းႏွင့္ ျမန္မာဘာသာျဖင့္ ေဖၚျပမႈမရိွျခင္းမ်ားကို အမ်ားဆံုး စစ္ေဆးေတြ႔ရိွေနရေၾကာင္း ျပည္နယ္ထုတ္ကုန္လံုၿခံဳစိတ္ခ်ရမႈဆုိင္ရာလုပ္ငန္းေကာ္မတီထံမွ သိရသည္။

ေစ်းကြက္အတြင္းမွ စိုက္ပ်ိဳးေရးလုပ္ငန္းသံုးပစၥည္းမ်ားျဖစ္သည့္ ေဆး၊ ေျမၾသဇာ၊ မ်ိဳးေစ့မ်ား ဝယ္ယူရာတြင္ အရည္အေသြးေဖၚျပခ်က္မ်ား၊ ကုန္ပစၥည္းႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ား ေဖၚျပထားျခင္းမရိွသည့္ သတ္မွတ္ခ်က္မညီေသာ ကုန္ပစၥည္းမ်ား ေတြ႔ရိွရပါက ရွမ္းျပည္နယ္ေတာင္ပိုင္းအတြက္ ဖုန္း ၀၈၁-၂၀၁၆၈၀၄၊ ေတာင္ႀကီးခရိုင္တြင္ ဖုန္း ၀၈၁-၆၀၁၂၆၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးခရိုင္အတြက္ ဖုန္း ၀၈၂-၂၂၀၃၄၉၃၊ မူဆယ္ခရိုင္အတြက္ ဖုန္း ၀၈၂-၅၁၅၉၃၊ ေက်ာက္မဲခရိုင္အတြက္ ဖုန္း ၀၈၂-၄၀၀၆၃၊ ၀၈၂-၄၀၀၉၅၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုခရိုင္အတြက္ ဖုန္း ၀၈၄-၂၁၀၃၄ သို႔ တိုင္ၾကားႏိုင္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ကြင္းဆင္းစစ္ေဆးအေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ စိုက်ပျိုးရေးသုံးပစ္စည်းဈေးကွက်တွင် သတ်မှတ်ချက်မညီသောပစ္စည်းများ မရှိစေရန် ဌာန(၇)ခုပါဝင်သည့်အဖွဲ့က ပုံမှန်စစ်ဆေးမည်
*************
သတ်မှတ်ချက်များနှင့် မကိုက်ညီသည့် စိုက်ပျိုးရေးသုံးဆေး၊ ဓါတ်မြေသြဇာနှင့် မျိုးစေ့များ ဈေးကွက်တွင်ရောင်းချမှု မရှိစေရေးအတွက် စစ်ဆေးအရေးယူမည့် ကော်မတီတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ဌာန (၇)ခုပူးပေါင်းပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

“ကော်မတီအနေနဲ့ တိုင်ပင်ထားတာတော့ ပထမအကြိမ်ဆို သတိပေးပေါ့။ ဒုတိယအကြိမ်ဆိုရင်တော့ တရားစွဲမယ်ဆို ပြီးတော့။ အဲဒီလိုတော့ ကျွန်တော်တို့ကော်မတီပေါ့ စစ်ဆေးရေးအဖွဲ့ ဖွဲ့ပေးထားတာရှိတယ်။ အမြဲတမ်းစစ်ရမှာဆိုတော့ နောက်တစ်ကြိမ်ဆိုလို့ရှိရင် စိုက်ပျိုးရေးမှာ ဥပဒေရှိတယ်။ အဲဒီဥပဒေနဲ့အညီအရေးယူရမှာ။ ပထမအကြိမ်ကတော့ ကျွန်တော်တို့ခေါ်ပြီးတော့ သတိပေးမှတ်တမ်းထိုးမှာပေါ့။ နောက်တစ်ကြိမ်ဆိုရင်တော့ တရားစွဲတော့မှာ။ အဲဒီအခါမှာတော့ စိုက်ပျိုးရေးက ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ စွဲဆိုသွားမှာပါ။ တရားလိုကတော့ စိုက်ပျိုးရေးကပဲဖြစ်မှာ ပေါ့”ဟုတာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ပြောသည်။

အဆိုပါကော်မတီ၏ ပထမဆုံးအကြိမ်စစ်ဆေးမှုအဖြစ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့က  တာချီလိတ်မြို့ရှိ ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချသည့် ဆိုင် (၄) ဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ သက်မှတ်ချက်များနှင့် မကိုက်ညီသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များရောင်းချသည့် ဆိုင်(၃)ဆိုင် စစ်ဆေးတွေ့ရှိရသဖြင့် ထပ်မံရောင်းချခြင်းမပြုရန် ခံဝန်လက်မှတ်ရေးထိုးခိုင်းထားကြောင်း သိရသည်။

ကော်မတီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းဖြန့်ဖြူးရောင်းချနေသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့များဖြန့်ဖြူးရောင်းချ ရာတွင် ထုတ်လုပ်တင်သွင်းသည့်ကုမ္ပဏီအမည်၊ သက်တမ်းသက်မှတ်ချက်နှင့် ကုန်ပစ္စည်းတွင် ပါဝင်ပစ္စည်း အကြောင်းအရာများကို မြန်မာဘာသာဖြင့်ရေးသားဖေါ်ပြရန် ပညာပေးကာလကို ၂၀၁၈ ခုနှစ် သြဂုတ်လအထိ နောက်ဆုံးထား၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်၍ ဈေးကွက်အတွင်းမှ သတ်မှတ်ချက်နှင့်မညီသည့် အဆိုပါစိုက်ပျိုးရေးသုံး ပစ္စည်းများအား ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်ပြီး အရေးယူနိုင်ရန် ရှမ်းပြည်နယ်အစိုးရက လမ်းညွှန်ထားရာ ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီအပါအဝင် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေခြင်းဖြစ်သည်။

စိုက်ပျိုးရေးလုပ်ကိုင်သူအများစုရှိသော ရှမ်းပြည်နယ်တွင် တောင်သူများအကျိုးစီးပွားကာကွယ်ရေးအတွက် ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းများကို လိုက်လံစစ်ဆေးရာတွင် ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ရက်စွဲများမပါခြင်း၊ သက်တမ်းလွန်များဖြစ်နေခြင်း၊ သက်တမ်းလွန်ကုန်ပစ္စည်းများကို မူလရက်စွဲများကို ပြုပြင်ဖုံးအုပ်ခြင်း၊ မူလအရည်အသွေးအတိုင်းမဟုတ်ဘဲ ပြုပြင်ရောင်းချခြင်း၊  ဘူးခွံပေါ်တွင် ဖေါ်ပြထားသည့် မှတ်ပုံတင်နံပါတ်များနှင့် ဘူးအတွင်းမှဆေးထုပ်များ၏ မှတ်ပုံတင်နံပါတ်များမတူခြင်း၊ မူရင်းအမှတ်တံဆိပ်မဟုတ်ဘဲ ပြန်လည်ထုပ်ပိုးရောင်းချခြင်းနှင့် မြန်မာဘာသာဖြင့် ဖေါ်ပြမှုမရှိခြင်းများကို အများဆုံး စစ်ဆေးတွေ့ရှိနေရကြောင်း ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီထံမှ သိရသည်။

ဈေးကွက်အတွင်းမှ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဆေး၊ မြေသြဇာ၊ မျိုးစေ့များ ဝယ်ယူရာတွင် အရည်အသွေးဖေါ်ပြချက်များ၊ ကုန်ပစ္စည်းနှင့်ပတ်သက်သည့် အချက်အလက်များ ဖေါ်ပြထားခြင်းမရှိသည့် သတ်မှတ်ချက်မညီသော ကုန်ပစ္စည်းများ တွေ့ရှိရပါက ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ဖုန်း ၀၈၁-၂၀၁၆၈၀၄၊ တောင်ကြီးခရိုင်တွင် ဖုန်း ၀၈၁-၆၀၁၂၆၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်အတွက် ဖုန်း ၀၈၂-၂၂၀၃၄၉၃၊ မူဆယ်ခရိုင်အတွက် ဖုန်း ၀၈၂-၅၁၅၉၃၊ ကျောက်မဲခရိုင်အတွက် ဖုန်း ၀၈၂-၄၀၀၆၃၊ ၀၈၂-၄၀၀၉၅၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်အတွက် ဖုန်း ၀၈၄-၂၁၀၃၄ သို့ တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~