တာချီလိတ်တွင် ဂီတ၀ါသနာပါသည့် လူငယ်များအတွက် ပြိုင်ပွဲ မဟုတ်သည့် Tachileik Talent Show အစီအစဉ်၏ ဒုတိယပတ် စနေနေ့ညတွင် ယခင်က ဆက်သွယ်မေးမြန်းထားသည့် ၀ါသနာရှင် လူငယ်များလည်း လာရောက် လေ့လာနိုင်

တာချီလိတ်တွင် ဂီတ၀ါသနာပါသည့် လူငယ်များအတွက် ပြိုင်ပွဲ မဟုတ်သည့် Tachileik Talent Show အစီအစဉ်၏ ဒုတိယပတ် စနေနေ့ညတွင် ယခင်က ဆက်သွယ်မေးမြန်းထားသည့် ၀ါသနာရှင် လူငယ်များလည်း လာရောက် လေ့လာနိုင်
ဖေဖော်ဝါရီ 1, 2019
By Tachileik News Agency

တာချီလိတ်မြို့တွင် ဂီတ၀ါသနာပါသည့် လူငယ်များအား စနစ်တကျ သီဆိုနိုင်ရန်အတွက် ပြိုင်ပွဲ မဟုတ်သည့်  Tachileik Talent Show  အစီအစဉ်ကို  ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၆)ရက်နေ့ ညက စတင်ခဲ့ပြီး ဒုတိယပတ် အနေဖြင့် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာTachileik Talent Show  အဖွဲ့သို့ ဆက်သွယ်မေးမြန်းထားသော အဆို/အတီး ၀ါသနာပါသည့် လူငယ်များအနေဖြင့် လာရောက် လေ့လာကြည့်ရှုပြီး အသံစစ်ကာ စာရင်းပေးနိုင်ကြောင်း သိရသည်။


၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ဒုတိယပတ်အနေဖြင့် စတင်မည်ဖြစ်ရာ ည(၆)နာရီက စ၍ ည(၉)နာရီခွဲအထိ သတ်မှတ်ထားသည့်အတွက် Tachileik Talent Show သို့ ဆက်သွယ်မေးမြန်းထားသော ၀ါသနာရှင် လူငယ်များအနေဖြင့် လာရောက်ရန် လိုအပ်ကြောင်း သိရသည်။





Tachileik Talent Show အစီအစဉ် တွင် ပါဝင်လိုသူ ၀ါသနာရှင် လူငယ်များအနေဖြင့် ဆက်သွယ် မေးမြန်းလိုပါက ကိုအိုက်ထွန်း(အဆိုတော်) 095242273 ၊ ကိုကြီး (တေးရေး) 09250777919 နှင့် ကိုဂျော်နီ 095240445 သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ဂီတဝါသနာပါသည့် လူငယ်များအား စနစ်တကျ သီဆိုနိုင်ရန်အတွက် ပြိုင်ပွဲ မဟုတ်သည့် Tachileik Talent Show အစီအစဉ်ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ညက စတင်ခဲ့ပြီး ဒုတိယပတ် အနဖြေင့် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာTachileik Talent Show အဖွဲ့သို့ ဆက်သွယ်မေးမြန်းထားသော အဆို/အတီး ဝါသနာပါသည့် လူငယ်များအနဖြေင့် လာရောက် လေ့လာကြည့်ရှုပြီး အသံစစ်ကာ စာရင်းပေးနိုင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒုတိယပတ်အနေနဲ့ ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ ပြုလုပ်မှာပါ။ ကျွန်တော်တို့ကို အဆိုပိုင်းတို့၊ အတီးပိုင်းတို့နဲ့ ပတ်သက်ပြီး ဝါသနာပါတဲ့ လူငယ်တွေ တော်တော်များများ ဆက်သွယ် လာတာတွေ ရှိပါတယ်။ အဲ့လို ဆက်သွယ်လာကြတဲ့ လူငယ်များအနေနဲ့ ဒီ စနေနေ့မှာ လာရောက်လေ့လာ စေချင်ပါတယ်။ ကျွန်တော်တို့က အခုလို လာရောက်သူများကို ချက်ခြင်းဆိုခွင့်ပေးမှာ မဟုတ်တဲ့အတွက် အသံစစ်ဖို့လည်း လိုအပ်ပါတယ်။ အဲ့လိုတွေအတွက် မိမိတို့ သီဆိုချင်တဲ့ သီချင်းအမည် ဒါမှမဟုတ် သီချင်းနုတ်တွေ ယူလာခဲ့ဖို့လိုပါတယ်"ဟု Tachileik Talent Show Team မှ အဆိုတော်အိုက်ထွန်းက ပြောသည်။

၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ဒုတိယပတ်အနဖြေင့် စတင်မည်ဖြစ်ရာ ည(၆)နာရီက စ၍ ည(၉)နာရီခွဲအထိ သတ်မှတ်ထားသည့်အတွက် Tachileik Talent Show သို့ ဆက်သွယ်မေးမြန်းထားသော ဝါသနာရှင် လူငယ်များအနဖြေင့် လာရောက်ရန် လိုအပ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ဝါသနာရှင် လူငယ်တေးသံရှင် (၁၀)ဦးမှ သီဆိုကြမည်ဖြစ်ကြောင်း နှင့် လူငယ်များဖြင့် အသစ်ဖွဲ့စည်းထားရှိသည့် A3N Band တီးဝိုင်းအဖွဲ့ တီးခတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik Talent Show အစီအစဉ်သည် ပြိုင်ပွဲမဟုတ်ဘဲ အဆိုဝါသနာပါသူများနှင့် အတီး ဝါသနာ ပါသူများကို စနစ်တကျဖြစ်ရန်အတွက် စနေနေ့တိုင်းတွင် သီဆိုမှုများ မပြုလုပ်မိ တီးဝိုင်းများဖြင့် သီချင်း တိုက်ခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အဆိုဝါသနာပါသူများ နှင့် အတီးဝါသနာပါသူများအား Tachileik Talent Show အဖွဲ့မှ စိစစ်လက်ခံကာ ဝါသနာပါသူ လူငယ်များနှင့် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"Tachileik Talent Show ဆိုတာက ပြိုင်ပွဲ မဟုတ်ပါဘူး၊ ဝါသနာပါတဲ့ လူငယ်တွေကို စနစ်တကျ သီဆိုနိုင်အောင်၊ အတီးဝါသနာပါတဲ့ လူငယ်တွေကိုလည်း စနစ်တကျ တီးနိုင်အောင် ဝါသနာပါတူ လူငယ်အချင်းချင်း ထိတွေ့ပေးတာမျိုးတွေ လုပ်ပေးသွားမှာပါ။ စနေနေ့တိုင်း သီဆိုမှုတွေ မပြုလုပ်ခင်မှာ ကျွန်တော်တို့ စတူဒီယိုမှာ သီချင်းတိုက်တာတွေ အတီးတိုက်တာတွေ လုပ်ပေးမှာ။ တီးဝိုင်းတိုက်တာ၊ သီချင်းတိုက်တာတွေအတွက် Smile Studio က ပံ့ပိုးကူညီပေးပါတယ်၊ အဆိုဝါသနာရှင်များအနေနဲ့ ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်။ ကျွန်တော်တို့က စိစစ်လက်ခံပေးသွားမှာပါ၊" ဟု အဆိုတော် အိုက်ထွန်းက ပြောသည်။

Tachileik Talent Show အစီအစဉ်အား တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်း အနောက်ဘက်က Johnny Fitness Center ဝန်းထဲတွင် ပြုလုပ်ခြင်းဖြစ်ပြီး အပတ်စဉ် စနေနေ့ ညတိုင်း ည(၇)နာရီမှ ည(၉)နာရီခွဲအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် အခြားနေ့များတွင် ည(၇)နာရီခွဲမှ ည(၉)နာရီခွဲအထိ သီးခြားဖျော်ဖြေမှုများ လည်းရှိမည်ဖြစ်ကြောင်း သိရသည်။

Tachileik Talent Show အစီအစဉ် တွင် ပါဝင်လိုသူ ဝါသနာရှင် လူငယ်များအနဖြေင့် ဆက်သွယ် မေးမြန်းလိုပါက ကိုအိုက်ထွန်း(အဆိုတော်) 095242273၊ ကိုကြီး (တေးရေး) 09250777919 နှင့် ကိုဂျော်နီ 095240445 သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik Talent Show အစီအစဉ်အား အဆိုဝါသနာ နှင့် တီးဝိုင်းအတွက် ဝါသနာပါသူများ စိစစ်လက်ခံရေး အတွက် အဆိုတော်အိုက်ထွန်း နှင့် တေးရေး ကိုကြီးတို့က တာဝန်ယူထားပြီး၊ ဝါသနာရှင် လူငယ်များ တီးဝိုင်းတိုက်ရန် နှင့် သီချင်းတိုက်ရန် အတွက် တာချီလိတ်မြို့ Smile Studio က ပံ့ပိုး ကူညီပေးထားပြီး၊ Tachileik Talent Show အတွက် ရှိလာမည့်ကုန်ကျမှုကို Singha ဘီယာ ကုမ္ပဏီ နှင့် Johnny Fitness Center မှ ကိုဂျော်နီ နှင့် ကိုစိုင်းနော်ခမ်း တို့က တာဝန်ယူထားပြီး Tachileik Talent Show၏ Facebook Page အတွက် သတင်းပြန်ကြားရေးနှင့် ပတ်သက်၍ Tachileik News Agency မှ ကိုဇောင်း တို့က ပံ့ပိုးကူညီပေးထားခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~