တပ္မေတာ္ယာဥ္ေပၚက ယူသြားသည့္ စစ္အသံုးအေဆာင္ ပစၥည္းမ်ားအား ျပန္မေပးပါက ျပင္းထန္စြာ အေရးယူမည္ျဖစ္ေၾကာင္း တပ္မေတာ္က RCSS/SSA အဖြဲ႔အား သတိေပး

တပ္မေတာ္ယာဥ္ေပၚက ယူသြားသည့္ စစ္အသံုးအေဆာင္ ပစၥည္းမ်ားအား ျပန္မေပးပါက ျပင္းထန္စြာ အေရးယူမည္ျဖစ္ေၾကာင္း တပ္မေတာ္က RCSS/SSA အဖြဲ႔အား သတိေပး
ဖေဖော်ဝါရီ 14, 2019
By Tachileik News Agency

တပ္မေတာ္၏ အပစ္ရပ္ေၾကျငာထားသည့္နယ္ေျမတြင္ ပါဝင္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းပ်ဥ္းႏွင့္ က်ိဳင္းတံုၾကား ျပည္ေထာင္စုကားလမ္းမႀကီးေပၚ၌ RCSS/SSA အဖြဲ႔က  စစ္ယာဥ္တစ္စီးေပၚတြင္ ပါရွိသည့္ အသံုးအေဆာင္ ပစၥည္းမ်ားကို ယူေဆာင္သြားသည့္အတြက္ တပ္မေတာ္ထံ အျမန္ဆံုးျပန္ေပးရန္ အေၾကာင္းၾကားထားေၾကာင္း သိရသည္။
 
မိုင္းပ်ဥ္းႏွင့္ က်ိဳင္းတံုၾကားတြင္ ဆက္ေၾကးေကာက္ေနသည့္ RCSS/SSA အဖြဲ႔မွ အင္အား (၅၀) ဦးခန္႔သည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၁၂) ရက္ေန႔က တပ္ရင္း (၂)ရင္းမွ ယာယီတာ၀န္အၿပီး ေတာင္ႀကီးမွ က်ိဳင္းတံု သုိ႔ ျပန္လာသည့္ တပ္ရင္းမွဴး ႏွစ္ဦး စီးနင္းလာေသာ ၁/၄ တန္ စစ္ယာဥ္ (၁) စီး အား တားဆီး၍ ယာဥ္ေပၚ ပါရွိသည့္ အသံုးအေဆာင္္ပစၥည္းမ်ားကို သိမ္းဆည္းသြားခဲ့ျခင္းျဖစ္သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က  ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ ရက္စြဲျဖင့္ သတင္း ထုတ္ျပန္ထားျခင္းျဖစ္သည္။

ယင္းကဲ့သုိ႔ ေဆာင္ရြက္ျခင္းသည္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္(NCA)အား ခ်ိဳးေဖါက္ရာေရာက္ၿပီး တပ္မေတာ္က စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းေပးထားသည့္ ထုတ္ျပန္ခ်က္ကို ခ်ိဳးေဖါက္ရာေရာက္သည္ဟု သတင္းထုတ္ျပန္မႈတြင္ ေဖၚျပထားသည္။

RCSS/SSA  အဖြဲ႕အေနျဖင့္ တပ္မေတာ္သုိ႔ ပစၥည္းမ်ား အျမန္ဆံုးျပန္လည္ေပးအပ္ရန္ အေၾကာင္း ၾကားထားကာ ျပန္လည္ ေပးအပ္ျခင္းမရွိပါက လိုအပ္သလို အေရးယူမႈ ျပဳလုပ္ သြားမည္ ျဖစ္ေၾကာင္း အေၾကာင္းၾကားထားသည့္အျပင္  တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲ ထားသည့္ ကာလအတြင္း လံုၿခံဳေရး သတိကင္းမဲ့စြာ ေဆာင္ရြက္ခဲ့ၾကေသာ တပ္မေတာ္မွ အရာရွိမ်ားကုိလည္း စစ္စည္းကမ္းႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အပစ္ရပ္အဖြဲ႕မ်ားအျပင္ အပစ္မရပ္ေသးသည့္အဖြဲ႕မ်ားျဖင့္ပါ ၿငိမ္းခ်မ္းေရးေဆြးေႏြးႏုိင္ရန္ တပ္မေတာ္က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀)ရက္ေန႔အထိ စစ္ဆင္ေရးနယ္ေျမ အလုိက္ စစ္ေရးဆုိင္ရာလႈပ္ရွားမႈအားလံုး ရပ္ဆုိင္းေပးေၾကာင္း၂၀၁၈ ခုနွစ္ ဒီဇင္ဘာလ (၂၁)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တပ်မတော်၏ အပစ်ရပ်ကြငြောထားသည့်နယ်မြေတွင် ပါဝင်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းနှင့် ကျိုင်းတုံကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ RCSS/SSA အဖွဲ့က စစ်ယာဉ်တစ်စီးပေါ်တွင် ပါရှိသည့် အသုံးအဆောင် ပစ္စည်းများကို ယူဆောင်သွားသည့်အတွက် တပ်မတော်ထံ အမြန်ဆုံးပြန်ပေးရန် အကြောင်းကြားထားကြောင်း သိရသည်။

မိုင်းပျဉ်းနှင့် ကျိုင်းတုံကြားတွင် ဆက်ကြေးကောက်နေသည့် RCSS/SSA အဖွဲ့မှ အင်အား (၅၀) ဦးခန့်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က တပ်ရင်း (၂)ရင်းမှ ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံ သို့ ပြန်လာသည့် တပ်ရင်းမှူး နှစ်ဦး စီးနင်းလာသော ၁/၄ တန် စစ်ယာဉ် (၁) စီး အား တားဆီး၍ ယာဉ်ပေါ် ပါရှိသည့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းသွားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)အား ချိုးဖောက်ရာရောက်ပြီး တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသည့် ထုတ်ပြန်ချက်ကို ချိုးဖောက်ရာရောက်သည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

RCSS/SSA အဖွဲ့အနဖြေင့် တပ်မတော်သို့ ပစ္စည်းများ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်း ကြားထားကာ ပြန်လည် ပေးအပ်ခြင်းမရှိပါက လိုအပ်သလို အရေးယူမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း အကြောင်းကြားထားသည့်အပြင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း လုံခြုံရေး သတိကင်းမဲ့စွာ ဆောင်ရွက်ခဲ့ကြသော တပ်မတော်မှ အရာရှိများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အပစ်ရပ်အဖွဲ့များအပြင် အပစ်မရပ်သေးသည့်အဖွဲ့များဖြင့်ပါ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ စစ်ဆင်ရေးနယ်မြေ အလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးကြောင်း၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~