ေရခဲေနသည့္ ခ်ီကာဂိုၿမိဳ႕ ရာသီဥတုအတြင္းမွ အိမ္ေျခမဲ့ (၁၀၀)ေက်ာ္ကို အမ်ိဳးသမီးတစ္ဦးက စတင္လုိက္သည့္ကူညီမႈေၾကာင့္ ဟိုတယ္သို႔ ေရႊ႕ေျပာင္းေပးႏုိင္ခဲ့

ေရခဲေနသည့္ ခ်ီကာဂိုၿမိဳ႕ ရာသီဥတုအတြင္းမွ အိမ္ေျခမဲ့ (၁၀၀)ေက်ာ္ကို အမ်ိဳးသမီးတစ္ဦးက စတင္လုိက္သည့္ကူညီမႈေၾကာင့္ ဟိုတယ္သို႔ ေရႊ႕ေျပာင္းေပးႏုိင္ခဲ့
ဖေဖော်ဝါရီ 4, 2019
By 🌸
အေမရိကန္ျပည္ေထာင္စု၊ ခ်ီကာဂိုတြင္ လြန္ခဲ့သည့္ရက္ပုိင္းက ေအးခဲေနသည့္ရာသီဥတုအတြင္း အမ်ိဳးသမီးတစ္ဦးကစတင္လုိက္သည့္ ကူညီမႈေၾကာင့္ အိမ္ေျခမဲ့ (၁၀၀)ေက်ာ္ကို ဟိုတယ္အခန္းမ်ားသို႔ ေျပာင္းေရႊ႕ေနရာခ်ထားေပးႏုိင္ခဲ့ေၾကာင္း သိရသည္။

ခ်ီကာဂိုတြင္ စံခ်ိန္တင္ေအးခဲေနသည့္အခ်ိန္အတြင္း အမ်ိဳးသမီးတစ္ဦးက အိမ္ေျခမဲ့မ်ားေနထုိင္ရာသို႔ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၉)ရက္ေန႔တြင္ သြားေရာက္ၾကည့္ရႈၿပီးေနာက္ ကိုယ္ပိုင္ေငြျဖင့္ ဟိုတယ္အခန္း (၂၀)ကို ငွားရမ္းကာ အိမ္ေျခမဲ့မ်ားအား စတင္ေရႊ႕ေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အိမ္ေျခမဲ့မ်ားကို ဆက္လက္ကူညီႏုိင္ေရးအတြက္ လူမႈကြန္ယက္စာမ်က္ႏွာတြင္ အိမ္ေျခမဲ့မ်ားအတြက္ လူမႈကူညီေရးအျဖစ္ ေဖၚျပလုိက္ၿပီးေနာက္ ပူးေပါင္းကူညီသူမ်ား တျဖည္းျဖည္းတိုးလာကာ ေဒၚလာ (၈၀၀၀)အထိရလာၿပီး ခ်ီကာဂိုရိွ အိမ္ေျခမဲ့ (၁၀၀)ေက်ာ္ကို ဟိုတယ္ခန္းမ်ားသို႔ ေရႊ႕ေျပာင္းေပးႏုိင္ခဲ့သည့္အျပင္ အဝတ္အစား၊ အစားအေသာက္မ်ားပါ ျဖည့္ဆည္းေပးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ဝင္ရိုးစြန္းေလေအးထုျဖတ္သန္းတုိက္ခတ္မႈေၾကာင့္ စံခ်ိန္တင္အပူခ်ိန္က်ဆင္းခဲ့ကာ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ ျမစ္မ်ား၊ ေရတံခြန္မ်ား ေရခဲသြားသည္အထိ ေအးခဲသြားခဲ့ျခင္းျဖစ္သည္။
အေအးဒဏ္ေၾကာင့္ လူေသဆံုးမႈမ်ားအျပင္ ဆီးႏွင္းမ်ားေၾကာင့္ ေမာ္ေတာ္ယာဥ္မေတာ္တဆျဖစ္ကာ ေသဆံုးမႈမ်ားလည္း ရိွခဲ့ရာ စုစုေပါင္း လူ(၂၄)ဦးထက္မနည္းေသဆံုးခဲ့ကာ ႏွင္းကိုက္သည့္ဒဏ္ေၾကာင့္ ေျခ၊လက္မ်ား ျဖတ္ပစ္ရသူမ်ားအပါအဝင္ ရာႏွင့္ခ်ီေသာ ထိခုိက္ခံစားရသူမ်ား ရိွခဲ့ျခင္းျဖစ္သည္။

ဝင္ရိုးစြန္းေလေအးထုျဖတ္သန္းတုိက္ခတ္မႈေက်ာ္လြန္သြားပါက အခ်ိဳ႕ေနရာမ်ားတြင္ ေရႀကီးလႊမ္းမိုးႏုိင္မႈမ်ားလည္း ျဖစ္ပြားႏုိင္သည္ဟု မိုးေလဝသဌာနက ခန္႔မွန္းထားသည္။

ဇာႏွင္း -Tachileik News Agency
Ref:Daily Mail

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရေခဲနေသည့် ချီကာဂိုမြို့ ရာသီဥတုအတွင်းမှ အိမ်ခြေမဲ့ (၁၀၀)ကျော်ကို အမျိုးသမီးတစ်ဦးက စတင်လိုက်သည့်ကူညီမှုကြောင့် ဟိုတယ်သို့ ရွှေ့ပြောင်းပေးနိုင်ခဲ့
***************
အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုတွင် လွန်ခဲ့သည့်ရက်ပိုင်းက အေးခဲနေသည့်ရာသီဥတုအတွင်း အမျိုးသမီးတစ်ဦးကစတင်လိုက်သည့် ကူညီမှုကြောင့် အိမ်ခြေမဲ့ (၁၀၀)ကျော်ကို ဟိုတယ်အခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးနိုင်ခဲ့ကြောင်း သိရသည်။

ချီကာဂိုတွင် စံချိန်တင်အေးခဲနေသည့်အချိန်အတွင်း အမျိုးသမီးတစ်ဦးက အိမ်ခြေမဲ့များနေထိုင်ရာသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် သွားရောက်ကြည့်ရှုပြီးနောက် ကိုယ်ပိုင်ငွေဖြင့် ဟိုတယ်အခန်း (၂၀)ကို ငှားရမ်းကာ အိမ်ခြေမဲ့များအား စတင်ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အိမ်ခြေမဲ့များကို ဆက်လက်ကူညီနိုင်ရေးအတွက် လူမှုကွန်ယက်စာမျက်နှာတွင် အိမ်ခြေမဲ့များအတွက် လူမှုကူညီရေးအဖြစ် ဖေါ်ပြလိုက်ပြီးနောက် ပူးပေါင်းကူညီသူများ တဖြည်းဖြည်းတိုးလာကာ ဒေါ်လာ (၈၀၀၀)အထိရလာပြီး ချီကာဂိုရှိ အိမ်ခြေမဲ့ (၁၀၀)ကျော်ကို ဟိုတယ်ခန်းများသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည့်အပြင် အဝတ်အစား၊ အစားအသောက်များပါ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် ဝင်ရိုးစွန်းလေအေးထုဖြတ်သန်းတိုက်ခတ်မှုကြောင့် စံချိန်တင်အပူချိန်ကျဆင်းခဲ့ကာ မြို့ကြီးအချို့တွင် မြစ်များ၊ ရေတံခွန်များ ရေခဲသွားသည်အထိ အေးခဲသွားခဲ့ခြင်းဖြစ်သည်။
အအေးဒဏ်ကြောင့် လူသေဆုံးမှုများအပြင် ဆီးနှင်းများကြောင့် မော်တော်ယာဉ်မတော်တဆဖြစ်ကာ သေဆုံးမှုများလည်း ရှိခဲ့ရာ စုစုပေါင်း လူ(၂၄)ဦးထက်မနည်းသေဆုံးခဲ့ကာ နှင်းကိုက်သည့်ဒဏ်ကြောင့် ခြေ၊လက်များ ဖြတ်ပစ်ရသူများအပါအဝင် ရာနှင့်ချီသော ထိခိုက်ခံစားရသူများ ရှိခဲ့ခြင်းဖြစ်သည်။

ဝင်ရိုးစွန်းလေအေးထုဖြတ်သန်းတိုက်ခတ်မှုကျော်လွန်သွားပါက အချို့နေရာများတွင် ရေကြီးလွှမ်းမိုးနိုင်မှုများလည်း ဖြစ်ပွားနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဇာနှင်း - Tachileik News Agency
Ref:Daily Mail

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~