မုိင္းျဖတ္ၿမိဳ႕ ဟိုနားေက်းရြာတြင္ ဌာန(၉)ခုျဖင့္ OSS ကြင္းဆင္းေဆာင္ရြက္မႈအတြင္း လုပ္ငန္းေပါင္း (၁၅၉)ခု လာေရာက္ ေဆာင္ရြက္

မုိင္းျဖတ္ၿမိဳ႕ ဟိုနားေက်းရြာတြင္ ဌာန(၉)ခုျဖင့္ OSS ကြင္းဆင္းေဆာင္ရြက္မႈအတြင္း လုပ္ငန္းေပါင္း (၁၅၉)ခု လာေရာက္ ေဆာင္ရြက္
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕ရိွ ရပ္ကြက္၊ ေက်းရြာမ်ားအလုိက္ ဌာန(၉)ခု ပါ၀င္သည့္  OSS အဖြဲ႔မွ  ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၄)ရက္ေန႔တြင္ ဟိုနားေက်းရြာ၌ ေဆာင္ရြက္ေပးေနရာ လုပ္ငန္းေပါင္း (၁၅၉)ခု ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ရီလ(၁၉)ရက္ေန႔ကစတင္ကာ  ဌာန (၉) ခုပါဝင္သည့္ One Stop Shop(OSS) အဖြဲ႕က ကြင္းဆင္းေဆာင္ရြက္ေပးေနရာ ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔က  မိုင္းျဖတ္ေက်းရြာ အုပ္စု၊ ဟိုနား(ေစာမြန္)ေက်းရြာတြင္ ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဟိုနား(ေစာမြန္)ေက်းရြာတြင္ ေဆာင္ရြက္ေပးခဲ့သည့္ လုပ္ငန္းမ်ားမွာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန မွ (၅၇)ခု၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ(၂)ခု၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာန မွ (၇၁)ခု ႏွင့္ က်န္းမာေရး၀န္ႀကီးဌာန မွ (၂၉)ခု၊ စုစုေပါင္း(၁၅၉)ခုျဖစ္ေၾကာင္း သိရသည္။

One Stop Shop(OSS) အဖြဲ႕တြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးေကာ္မတီ၊ လွ်ပ္စစ္၀န္ႀကီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနႏွင့္ က်န္းမာေရး၀န္ႀကီးဌာနတို႔ ပါ၀င္ကာ အဆိုပါ ဌာနမ်ားနွင့္ သက္ဆုိင္သည့္ ကိစၥရပ္မ်ားကို ခ်က္ခ်င္း ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး ခ်က္ခ်င္းေဆာင္ရြက္၍ မျဖစ္ႏုိင္သည့္ လုပ္ငန္းမ်ားကို သက္ဆိုင္ရာ ဌာနမ်ားမွ ေလွ်ာက္လႊာမ်ားလက္ခံရယူၿပီး ေဆာင္ရြက္ၿပီးစီးပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးမ်ားမွ တစ္ဆင့္ ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဒသခံမ်ားႏွင့္ ပိုမိုနီးကပ္သည့္ ဆက္ဆံေရးရရိွေစရန္ ရည္ရြယ္ခ်က္ျဖင့္ ဌာနဆုိင္ရာမ်ား ပူးေပါင္း ပါဝင္သည့္ OSS အဖြဲ႕မ်ားျဖင့္ ရပ္ကြက္၊ ေက်းရြာမ်ားအထိ ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို တာခ်ီလိတ္ခရိုင္တြင္ ေဖေဖၚဝါရီလမွစတင္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု -  ကိုသာ



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် ဌာန(၉)ခု ပါဝင်သည့် OSS အဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ဟိုနားကျေးရွာ၌ ဆောင်ရွက်ပေးနေရာ လုပ်ငန်းပေါင်း (၁၅၉)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ရီလ(၁၉)ရက်နေ့ကစတင်ကာ ဌာန (၉) ခုပါဝင်သည့် One Stop Shop(OSS) အဖွဲ့က ကွင်းဆင်းဆောင်ရွက်ပေးနေရာ ဖေဖော်ဝါရီလ(၂၄)ရက်နေ့က မိုင်းဖြတ်ကျေးရွာ အုပ်စု၊ ဟိုနား(စောမွန်)ကျေးရွာတွင် ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

ဟိုနား(စောမွန်)ကျေးရွာတွင် ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ (၅၇)ခု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ(၂)ခု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မှ (၇၁)ခု နှင့် ကျန်းမာရေးဝန်ကြီးဌာန မှ (၂၉)ခု၊ စုစုပေါင်း(၁၅၉)ခုဖြစ်ကြောင်း သိရသည်။

One Stop Shop(OSS) အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ကာ အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်သည့် OSS အဖွဲ့များဖြင့် ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို တာချီလိတ်ခရိုင်တွင် ဖေဖော်ဝါရီလမှစတင် ဆောင်ရွက်နခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ကိုသာရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် ဌာန(၉)ခု ပါဝင်သည့် OSS အဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ဟိုနားကျေးရွာ၌ ဆောင်ရွက်ပေးနေရာ လုပ်ငန်းပေါင်း (၁၅၉)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ရီလ(၁၉)ရက်နေ့ကစတင်ကာ ဌာန (၉) ခုပါဝင်သည့် One Stop Shop(OSS) အဖွဲ့က ကွင်းဆင်းဆောင်ရွက်ပေးနေရာ ဖေဖော်ဝါရီလ(၂၄)ရက်နေ့က မိုင်းဖြတ်ကျေးရွာ အုပ်စု၊ ဟိုနား(စောမွန်)ကျေးရွာတွင် ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

ဟိုနား(စောမွန်)ကျေးရွာတွင် ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ (၅၇)ခု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ(၂)ခု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မှ (၇၁)ခု နှင့် ကျန်းမာရေးဝန်ကြီးဌာန မှ (၂၉)ခု၊ စုစုပေါင်း(၁၅၉)ခုဖြစ်ကြောင်း သိရသည်။

One Stop Shop(OSS) အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ကာ အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်သည့် OSS အဖွဲ့များဖြင့် ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို တာချီလိတ်ခရိုင်တွင် ဖေဖော်ဝါရီလမှစတင် ဆောင်ရွက်နခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~