ျမစ္ဆံုဆည္အလိုမရွိေၾကာင္း မေကြးၿမိဳ႕မွ အရပ္ဖက္အဖြဲ႔အစည္းမ်ားႏွင့္ မေကြး ဝိဇၨာ/သိပၸံ တကၠသိုလ္ေက်ာင္းသားသမဂၢတို႔ စေတကာ ကမ္ပိန္းလုပ္ေဆာင္

ျမစ္ဆံုဆည္အလိုမရွိေၾကာင္း မေကြးၿမိဳ႕မွ အရပ္ဖက္အဖြဲ႔အစည္းမ်ားႏွင့္ မေကြး ဝိဇၨာ/သိပၸံ တကၠသိုလ္ေက်ာင္းသားသမဂၢတို႔ စေတကာ ကမ္ပိန္းလုပ္ေဆာင္
ဖေဖော်ဝါရီ 23, 2019
By Tachileik News Agency

ျမစ္ဆံုႏွင့္ ပတ္သက္၍ မေကြးၿမိဳ႕တြင္ အရပ္ဖက္အဖြဲ႔အစည္းအေ၀းမ်ား ႏွင့္  မေကြး ဝိဇၨာ/သိပၸံ တကၠသိုလ္ေက်ာင္းသား သမဂၢတို႔ ပူးေပါင္း၍ ျမစ္ဆံုဆည္ အလိုမရိွ စတစ္ကာကမ္ပိန္းအား ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၃)ရက္ေန႔ ညေနပိုင္းက မေကြးၿမိဳ႕ ရြာသစ္ပဲြႀကိဳရပ္ကြက္ (၁၅)လမ္းႏွင့္ ျပည္ေတာ္သာလမ္းဆံုတြင္ ျပဳလုပ္ခဲ့သည္။

“ဟိုအရင္ ဦးသိန္းစိန္ လက္ထက္ကတည္းက တစ္ႏိုင္ငံလံုး ဝိုင္းၿပီးေတာင္းဆိုခဲ့ၾကတာပါ။ အခိုက္အတန္႔ ရပ္သြား တုန္းကေတာ့ ဒီအေရးဟာ အနည္းငယ္ ၿငိမ္သက္သြားခဲ့ေပမယ့္ အခု တရုတ္သံအမတ္ရဲ႕ ျပန္လည္ေျပာၾကားခ်က္ေတြအရ ကြ်န္ေတာ္တို႔ ႏိုင္ငံသားေတြဟာ ဒီအေပၚမွာရတက္မေအး ျပန္ျဖစ္လာခဲ့ ၾကပါတယ္။ ပညာရွင္ေတြေျပာၾကား ခ်က္အရ ဒီျမစ္ဆံုဆည္ဟာ က်ေနာ္တို႔ႏိုင္ငံမွာ မလုပ္သင့္တဲ့ကိစၥလို႔ သိရတာေၾကာင့္ ဆန္႔က်င္မွရမယ္ ဆိုၿပီး မေကြးျပည္သူေတြနဲ႔ အရပ္ဖက္လူ႔အဖဲြ႔အစည္းေတြ ေက်ာင္းသား သမဂၢေတြ ပူးေပါင္းၿပီး ဆႏၵတူညီစြာနဲ႔ လုပ္ျဖစ္ၾကတာပါ”ဟု ျမစ္ေကြ႔ဧရာလူမႈကြန္ယက္ တာဝန္ခံ ဦးခင္ေမာင္ၾကည္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကမ္ပိန္းတြင္ ျမစ္ေကြ႔ဧရာလူမႈကြန္ယက္၊ မေကြး ဝိဇၨာ/သိပၸံတကၠသိုလ္ေက်ာင္းသားသမဂၢ၊ အရပ္ဖက္လူမႈအဖဲြ႔အစည္းမ်ားႏွင့္ စိတ္ဝင္စားသည့္ျပည္သူမ်ား ပူးေပါင္းပါဝင္ကာ “SAVE OUR MYITSONE”  “ျမစ္ဆံုဆည္ အလိုမရိွ” စာတမ္းမ်ားပါ စတစ္ကာ (၂,၀၀၀)ခန္႔ကို ကား/ဆိုင္ကယ္ ယာဥ္မ်ားတြင္ ကပ္ေပးၾကေၾကာင္း သိရသည္။

“ျမစ္ဆံုဆည္ မေဆာက္ခင္မွာကိုပဲ ဧရာဝတီက ဒီေလာက္နာမက်န္းျဖစ္ေနတာ ေဆာက္လိုက္လို႔ရိွရင္ ကြ်န္ေတာ္တို႔ ႏိုင္ငံရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ ဧရာဝတီႀကီးပ်က္ဆီးသြားမယ္။ ဒီလိုပ်က္ဆီးရင္ ျမစ္ကိုအမွီျပဳေနတဲ့ သဘာဝ အရင္းအျမစ္ေတြ ေပ်ာက္ပ်က္ကုန္မယ္။ ဒီလိုသာျဖစ္ခဲ့ရင္ ကြ်န္ေတာ္တို႔ တိုင္းျပည္လည္း ရပ္တည္ဖို႔ခက္သြားမယ္။ ဒီကေန႔ ကြ်န္ေတာ္တို႔ အစိုးရကလည္း ျပည္သူနဲ႔အတူလို႔ ေၾကြးေၾကာ္ထားတာျဖစ္လို႔ ျပည္သူ႔ဆႏၵက ဒီလိုရိွတယ္ဆိုရင္ အစိုးရကလည္း မ်က္ကြယ္ျပဳမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ဒီလိုကမ္ပိန္းလုပ္ၾကတဲ့အတြက္ အက်ိဳးသက္ေရာက္မႈရိွ လိမ့္မယ္လို႔ ယံုၾကည္ပါတယ္”ဟု မေကြး ဝိဇၨာ/သိပၸံတကၠသိုလ္ ေက်ာင္းသားသမဂၢ တဲြဘက္ဘ႑ာေရးမွဴး ေမာင္ သန္႔ေဇာ္မ်ိဳး က ေျပာသည္။

ကမ္ပိန္းအၿပီးတြင္ မေကြးၿမိဳ႕ ကမ္းနားလမ္း၌ “SAVE OUR MYITSONE”  “ျမစ္ဆံုဆည္ အလိုမရိွ” စာတမ္းပါ ပိုစတာဗီႏိုင္းကို စိုက္ထူခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု  -  ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြစ်ဆုံနှင့် ပတ်သက်၍ မကွေးမြို့တွင် အရပ်ဖက်အဖွဲ့အစည်းအေဝးများ နှင့် မကွေး ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ကျောင်းသား သမဂ္ဂတို့ ပူးပေါင်း၍ မြစ်ဆုံဆည် အလိုမရှိ စတစ်ကာကမ်ပိန်းအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းက မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက် (၁၅)လမ်းနှင့် ပြည်တော်သာလမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

“ဟိုအရင် ဦးသိန်းစိန် လက်ထက်ကတည်းက တစ်နိုင်ငံလုံး ဝိုင်းပြီးတောင်းဆိုခဲ့ကြတာပါ။ အခိုက်အတန့် ရပ်သွား တုန်းကတော့ ဒီအရေးဟာ အနည်းငယ် ငြိမ်သက်သွားခဲ့ပေမယ့် အခု တရုတ်သံအမတ်ရဲ့ ပြန်လည်ပြောကြားချက်တွေအရ ကျွန်တော်တို့ နိုင်ငံသားတွေဟာ ဒီအပေါ်မှာရတက်မအေး ပြန်ဖြစ်လာခဲ့ ကြပါတယ်။ ပညာရှင်တွေပြောကြား ချက်အရ ဒီမြစ်ဆုံဆည်ဟာ ကျနော်တို့နိုင်ငံမှာ မလုပ်သင့်တဲ့ကိစ္စလို့ သိရတာကြောင့် ဆန့်ကျင်မှရမယ် ဆိုပြီး မကွေးပြည်သူတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ကျောင်းသား သမဂ္ဂတွေ ပူးပေါင်းပြီး ဆန္ဒတူညီစွာနဲ့ လုပ်ဖြစ်ကြတာပါ”ဟု မြစ်ကွေ့ဧရာလူမှုကွန်ယက် တာဝန်ခံ ဦးခင်မောင်ကြည် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကမ်ပိန်းတွင် မြစ်ကွေ့ဧရာလူမှုကွန်ယက်၊ မကွေး ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် စိတ်ဝင်စားသည့်ပြည်သူများ ပူးပေါင်းပါဝင်ကာ “SAVE OUR MYITSONE” “မြစ်ဆုံဆည် အလိုမရှိ” စာတမ်းများပါ စတစ်ကာ (၂,ဝဝဝ)ခန့်ကို ကား/ဆိုင်ကယ် ယာဉ်များတွင် ကပ်ပေးကြကြောင်း သိရသည်။

“မြစ်ဆုံဆည် မဆောက်ခင်မှာကိုပဲ ဧရာဝတီက ဒီလောက်နာမကျန်းဖြစ်နေတာ ဆောက်လိုက်လို့ရှိရင် ကျွန်တော်တို့ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီကြီးပျက်ဆီးသွားမယ်။ ဒီလိုပျက်ဆီးရင် မြစ်ကိုအမှီပြုနေတဲ့ သဘာဝ အရင်းအမြစ်တွေ ပျောက်ပျက်ကုန်မယ်။ ဒီလိုသာဖြစ်ခဲ့ရင် ကျွန်တော်တို့ တိုင်းပြည်လည်း ရပ်တည်ဖို့ခက်သွားမယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရကလည်း ပြည်သူနဲ့အတူလို့ ကြွေးကြော်ထားတာဖြစ်လို့ ပြည်သူ့ဆန္ဒက ဒီလိုရှိတယ်ဆိုရင် အစိုးရကလည်း မျက်ကွယ်ပြုမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုကမ်ပိန်းလုပ်ကြတဲ့အတွက် အကျိုးသက်ရောက်မှုရှိ လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု မကွေး ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွဲဘက်ဘဏ္ဍာရေးမှူး မောင် သန့်ဇော်မျိုး က ပြောသည်။

ကမ်ပိန်းအပြီးတွင် မကွေးမြို့ ကမ်းနားလမ်း၌ “SAVE OUR MYITSONE” “မြစ်ဆုံဆည် အလိုမရှိ” စာတမ်းပါ ပိုစတာဗီနိုင်းကို စိုက်ထူခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~