တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးတြင္ အသံုးျပဳႏုိင္ရန္အတြက္ MPT က က်ပ္(၁၅)သိန္းေက်ာ္တန္ အင္တာနက္ စက္ပစၥည္း ႏွင့္အတူ အင္တာနက္ အသံုးျပဳခြင့္ (၂)ႏွစ္စာ လွဴဒါန္း

တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးတြင္ အသံုးျပဳႏုိင္ရန္အတြက္ MPT က က်ပ္(၁၅)သိန္းေက်ာ္တန္ အင္တာနက္ စက္ပစၥည္း ႏွင့္အတူ အင္တာနက္ အသံုးျပဳခြင့္ (၂)ႏွစ္စာ လွဴဒါန္း
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊  တာခ်ီလိတ္ၿမိဳ႕ ခရိုင္ျပည္သူေဆးရံုႀကီးတြင္ တာ၀န္ထမ္းေဆာင္ေနသည့္ ေဆးရံု ၀န္ထမ္းမ်ား အင္တာနက္အခမဲ့ အသံုးျပဳႏိုင္ရန္ အတြက္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း(MPT) က စက္ပစၥည္း အပါအ၀င္ (၂) ႏွစ္တာ အင္တာနက္အသံုးျပဳခြင့္ကိုပါ လွဴဒါန္း ေပးခဲ့ေၾကာင္း သိရသည္။

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း အေနျဖင့္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ သေဘာတူညီခ်က္အရ တာခ်ီလိတ္ ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၈) ရက္ေန႔မွ ၂၀၂၁ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၇) ရက္ေန႔အထိ (၂) ႏွစ္တာ အင္တာနက္အသံုးျပဳခြင့္ႏွင့္ စက္ပစၥည္း၀ယ္ယူ တပ္ဆင္ စရိတ္ (၁,၅၅၉,၀၀၀)က်ပ္ တန္ဖိုးရိွ (3Mb) ျမန္ႏႈန္းရိွ ADSL အင္တာနက္လိုင္းကို ေဖေဖာ္၀ါရီလ (၂၈) ရက္ေန႔က တပ္ဆင္ေပးခဲ့ၿပီး (၂) ႏွစ္တာ ကာလ ေက်ာ္လြန္သြားပါက MPT မွ စံသတ္မွတ္ထားသည့္ ၀န္ေဆာင္ခအေပၚ မူတည္ၿပီး ႏွစ္ဦးႏွစ္ဖက္ ညိႇႏိႈင္းမႈျဖင့္ ႏႈန္းထားတစ္ခုကိုသတ္မွတ္ကာ ေဆြးေႏြး ညိႇႏိႈင္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ယခုလို နည္းတူ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕ရွိ ျပည္သူ႔ေဆးရံုတြင္လည္း လွဴဒါန္းေပးသြားရန္ ရွိေၾကာင္း သိရသည္။

“ေဆးရံုက ၀န္ထမ္းေတြ အင္တာနက္အခမဲ့သံုးရေအာင္ ရည္ရြယ္ၿပီး လွဴဒါန္းတာပါ။ အသံုးျပဳခြင့္ (၂) ႏွစ္စာနဲ႔ ပစၥည္းေတြ လွဴလိုက္တာေပါ့။ ၀န္ထမ္းေတြ အင္တာနက္ က်ယ္က်ယ္ျပန္႔ျပန္႔ သံုးစြဲႏိုင္ေအာင္ပါ။ မိုင္းျဖတ္ေဆးရံုမွာလည္း လွဴဒါန္းသြားမွာပါ”ဟု ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာခ်ီလိတ္ၿမဳိ႕နယ္ တာ၀န္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
 

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးအတြက္ အင္တာနက္ စက္ပစၥည္း ႏွင့္ (၂) ႏွစ္တာ အင္တာနက္ အသံုးျပဳခြင့္ လွဴဒါန္းမႈကို ခုတင္ (၁၀၀)ဆံ့ တာခ်ီလိတ္ခရိုင္ျပည္သူေဆးရံုႀကီးရွိ ရံုးခန္းတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၈)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ရာ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ  ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ျပည္နယ္မန္ေနဂ်ာ ဦးသိန္းေဌးျမင့္ ႏွင့္အဖြဲ႔မွ ေပးအပ္လွဴဒါန္းရာ ခရုိင္က်န္းမာေရးဦးစီးဌာန၊ ခရုိင္ျပည္သူ႔ေဆးရံု၊ ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊ၀င္းမွ လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းအား ျပန္လည္ေပးအပ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ ခရိုင်ပြည်သူဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဆေးရုံ ဝန်ထမ်းများ အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) က စက်ပစ္စည်း အပါအဝင် (၂) နှစ်တာ အင်တာနက်အသုံးပြုခွင့်ကိုပါ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနဖြေင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သဘောတူညီချက်အရ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့အထိ (၂) နှစ်တာ အင်တာနက်အသုံးပြုခွင့်နှင့် စက်ပစ္စည်းဝယ်ယူ တပ်ဆင် စရိတ် (၁,၅၅၉,ဝဝဝ)ကျပ် တန်ဖိုးရှိ (3Mb) မြန်နှုန်းရှိ ADSL အင်တာနက်လိုင်းကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့က တပ်ဆင်ပေးခဲ့ပြီး (၂) နှစ်တာ ကာလ ကျော်လွန်သွားပါက MPT မှ စံသတ်မှတ်ထားသည့် ဝန်ဆောင်ခအပေါ် မူတည်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုဖြင့် နှုန်းထားတစ်ခုကိုသတ်မှတ်ကာ ဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလို နည်းတူ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ ပြည်သူ့ဆေးရုံတွင်လည်း လှူဒါန်းပေးသွားရန် ရှိကြောင်း သိရသည်။

“ဆေးရုံက ဝန်ထမ်းတွေ အင်တာနက်အခမဲ့သုံးရအောင် ရည်ရွယ်ပြီး လှူဒါန်းတာပါ။ အသုံးပြုခွင့် (၂) နှစ်စာနဲ့ ပစ္စည်းတွေ လှူလိုက်တာပေါ့။ ဝန်ထမ်းတွေ အင်တာနက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင်ပါ။ မိုင်းဖြတ်ဆေးရုံမှာလည်း လှူဒါန်းသွားမှာပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် အင်တာနက် စက်ပစ္စည်း နှင့် (၂) နှစ်တာ အင်တာနက် အသုံးပြုခွင့် လှူဒါန်းမှုကို ခုတင် (၁၀၀)ဆံ့ တာချီလိတ်ခရိုင်ပြည်သူဆေးရုံကြီးရှိ ရုံးခန်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့် နှင့်အဖွဲ့မှ ပေးအပ်လှူဒါန်းရာ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းအား ပြန်လည်ပေးအပ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~