ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ အလွေမာင္၊ အလွမယ္ႏွင့္ အိမ္ေထာင္ရွင္အလွမယ္ၿပိဳင္ပြဲအတြက္ ေလွ်ာက္လႊာပိတ္ရက္ ထပ္တိုးေပးထား

ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ အလွေမာင္၊ အလွမယ္ႏွင့္ အိမ္ေထာင္ရွင္အလွမယ္ၿပိဳင္ပြဲအတြက္ ေလွ်ာက္လႊာပိတ္ရက္ ထပ္တိုးေပးထား
ဖေဖော်ဝါရီ 5, 2019
By 🌸
ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္က်င္းပမည့္ ရွမ္းျပည္အေရွ႕ပိုင္းကိုယ္စားျပဳ Mister Global၊ Miss & Mrs Queen of the World Tachileik အတြက္ လူေတြ႔စစ္ေဆးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၇)ရက္ေန႔၌ ဂိုးလ္ဒင္းခ်ယ္ရီဟိုတယ္တြင္ က်င္းပမည္ျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို လူေတြ႔စစ္ေဆးျခင္း မတုိင္မီအထိ လက္ခံေပးေနေၾကာင္း သိရသည္။

“လက္ရိွၿပိဳင္ပြဲဝင္ဖို႔ ေလွ်ာက္ထားသူေတြအျပင္ ထပ္ၿပီးစံုစမ္းသူေတြလည္းရိွေနတဲ့အတြက္ ေလွ်ာက္လႊာပိတ္ရက္ကို ထပ္တိုးေပးထားပါတယ္။ ေလွ်ာက္လႊာေတြကို အခမဲ့ရယူေလွ်ာက္ထားႏုိင္ပါတယ္”ဟု အဆိုပါၿပိဳင္ပြဲကို ဦးစီးက်င္းပသည့္ MMPA ၏ Regional Director ဦးေစာစိုးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွအခ်ိန္ထိ ေလွ်ာက္လႊာတင္ထားသည့္ Mister  (၄၀) ဦး၊ Miss (၄၈) ဦးႏွင့္ Mrs (၇၅) ဦးရိွေနၿပီျဖစ္ၿပီး စံုစမ္းသူမ်ားလည္းရိွေနဆဲျဖစ္သျဖင့္ ေလွ်ာက္လႊာပိတ္ရက္ကို ထပ္တိုးေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲမွာ အိမ္ေထာင္မရိွသည့္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးလူငယ္မ်ားအတြက္ Mister ႏွင့္ Miss ေရြးခ်ယ္ပြဲအျပင္ အိမ္ေထာင္ရွင္အမ်ိဳးသမီးမ်ားအတြက္ Mrs ၿပိဳင္ပြဲကိုပါထည့္သြင္းက်င္းပျခင္းျဖစ္ၿပီး ၿပိဳင္ပြဲကို ကမၻာ့အဆင့္မီၿပိဳင္ပြဲမ်ားအတုိင္း က်င္းပမည္ဟု MMPA ၏တာဝန္ရိွသူက ဆိုသည္။

“ကၽြန္မတို႔ ဒီပြဲရဲ႕ထူးျခားခ်က္က ဘာလဲဆိုေတာ့ ေဒသတြင္းမွာ က်င္းပတယ္ဆိုေပမဲ့ ကမၻာ့အဆင့္မီပြဲတစ္ခုလိုပဲ က်င္းပသြားမွာပါ။ ၿပိဳင္ပြဲဝင္ေတြကို ေလ့က်င့္တာ၊ ၿပိဳင္ပြဲအမွတ္ေပးစနစ္ကအစ ကမၻာ့အဆင့္မီပြဲလိုပဲ လုပ္ေဆာင္သြားမွာပါ။ ေနာက္တစ္ခုက အိမ္ေထာင္ရွင္အလွမယ္ေရြးပြဲကို ဒီေဒသမွာ မက်င္းပေသးတဲ့အတြက္ တစ္ခါတည္း ထည့္သြင္းက်င္းပတာပါ။ အမ်ိဳးသမီးေတြဟာ အိမ္ေထာင္က်သြားၿပီဆိုတာနဲ႔ သူတုိ႔အရည္အခ်င္းေတြ ျပသခြင့္မရိွေတာ့တာမဟုတ္ဘူးဆိုတာ သိေစခ်င္လုိ႔ပါ”ဟု MMPA ၏ နာယကျဖစ္သူ Mrs.Queen of the World International 2018 ဆုရ အလွမယ္ မ်ိဳးမမက ၿပိဳင္ပြဲႏွင့္ပတ္သက္၍ ရွင္းလင္းသည္။

ၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၁) ရက္ေန႔ ညေန (၆)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံတရုတ္(တာ့ဟြား)ဘံုေက်ာင္းတြင္ က်င္းပသြားမည္ျဖစ္ၿပီး အဆိုေတာ္ဖိုးျပည့္ႏွင့္အဖြဲ႕ ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း သိရသည္။

 Mister Global၊ Miss & Mrs Queen of the World Tachileik ကို ဦးစီးက်င္းပသည့္ MMPA သည္ တရားဝင္မွတ္ပံုတင္ထားသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ႏိုင္ငံတကာအဆင့္ အလွမယ္၊ အလွေမာင္ႏွင့္ အိမ္ေထာင္ရွင္အလွမယ္ ေရြးခ်ယ္ပြဲမ်ားကို စီစဥ္က်င္းပေနသည့္အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလီယန္ အမွတ္ (၅) ပါလ်ံ (၃)၊ BT ဆီပန္႔ႏွင့္ မ်က္ႏွာခ်င္းဆုိင္၊ ဘုရင့္ေနာင္ေစ်းရံုးခန္း၊ ဂိုးလ္ဒင္းခ်ယ္ရီဟိုတယ္၊လိြဳင္နမ့္ခံုးခရီးသည္ပို႔ေဆာင္ေရးအဆင့္ျမင့္ယာဥ္လုိင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ စိုင္းဟိန္းမာန္ Royal Art ဆက္သြယ္ေရးရံုး၊ သစ္တစ္ပင္ေတာင္ ႏွင့္ မိုင္းဆတ္ၿမိဳ႕တြင္ အိမ္အမွတ္ (၁၁၂)၊ မယ္ဆြမ္ေတာင္ (ေနာင္ဟီး)ရပ္တို႔၌ အခမဲ့ရယူႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲႏွင့္ပတ္သက္၍ အေသးစိတ္သိရိွလိုပါက ဖုန္း 09 428231070ႏွင့္ 09 250478077 တုိ႔သို႔ ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၏ အလှမောင်၊ အလှမယ်နှင့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲအတွက် လျှောက်လွှာပိတ်ရက် ထပ်တိုးပေးထား
***********
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်ကျင်းပမည့် ရှမ်းပြည်အရှေ့ပိုင်းကိုယ်စားပြု Mister Global၊ Miss & Mrs Queen of the World Tachileik အတွက် လူတွေ့စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့၌ ဂိုးလ်ဒင်းချယ်ရီဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး လျှောက်လွှာများကို လူတွေ့စစ်ဆေးခြင်း မတိုင်မီအထိ လက်ခံပေးနေကြောင်း သိရသည်။

“လက်ရှိပြိုင်ပွဲဝင်ဖို့ လျှောက်ထားသူတွေအပြင် ထပ်ပြီးစုံစမ်းသူတွေလည်းရှိနေတဲ့အတွက် လျှောက်လွှာပိတ်ရက်ကို ထပ်တိုးပေးထားပါတယ်။ လျှောက်လွှာတွေကို အခမဲ့ရယူလျှောက်ထားနိုင်ပါတယ်”ဟု အဆိုပါပြိုင်ပွဲကို ဦးစီးကျင်းပသည့် MMPA ၏ Regional Director ဦးစောစိုးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိအချိန်ထိ လျှောက်လွှာတင်ထားသည့် Mister  (၄၀) ဦး၊ Miss (၄၈) ဦးနှင့် Mrs (၇၅) ဦးရှိနေပြီဖြစ်ပြီး စုံစမ်းသူများလည်းရှိနေဆဲဖြစ်သဖြင့် လျှောက်လွှာပိတ်ရက်ကို ထပ်တိုးပေးထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲမှာ အိမ်ထောင်မရှိသည့် အမျိုးသားနှင့် အမျိုးသမီးလူငယ်များအတွက် Mister နှင့် Miss ရွေးချယ်ပွဲအပြင် အိမ်ထောင်ရှင်အမျိုးသမီးများအတွက် Mrs ပြိုင်ပွဲကိုပါထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ကမ္ဘာ့အဆင့်မီပြိုင်ပွဲများအတိုင်း ကျင်းပမည်ဟု MMPA ၏တာဝန်ရှိသူက ဆိုသည်။

“ကျွန်မတို့ ဒီပွဲရဲ့ထူးခြားချက်က ဘာလဲဆိုတော့ ဒေသတွင်းမှာ ကျင်းပတယ်ဆိုပေမဲ့ ကမ္ဘာ့အဆင့်မီပွဲတစ်ခုလိုပဲ ကျင်းပသွားမှာပါ။ ပြိုင်ပွဲဝင်တွေကို လေ့ကျင့်တာ၊ ပြိုင်ပွဲအမှတ်ပေးစနစ်ကအစ ကမ္ဘာ့အဆင့်မီပွဲလိုပဲ လုပ်ဆောင်သွားမှာပါ။ နောက်တစ်ခုက အိမ်ထောင်ရှင်အလှမယ်ရွေးပွဲကို ဒီဒေသမှာ မကျင်းပသေးတဲ့အတွက် တစ်ခါတည်း ထည့်သွင်းကျင်းပတာပါ။ အမျိုးသမီးတွေဟာ အိမ်ထောင်ကျသွားပြီဆိုတာနဲ့ သူတို့အရည်အချင်းတွေ ပြသခွင့်မရှိတော့တာမဟုတ်ဘူးဆိုတာ သိစေချင်လို့ပါ”ဟု MMPA ၏ နာယကဖြစ်သူ Mrs.Queen of the World International 2018 ဆုရ အလှမယ် မျိုးမမက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းသည်။

ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ညနေ (၆)နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံတရုတ်(တာ့ဟွား)ဘုံကျောင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုတော်ဖိုးပြည့်နှင့်အဖွဲ့ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 Mister Global၊ Miss & Mrs Queen of the World Tachileik ကို ဦးစီးကျင်းပသည့် MMPA သည် တရားဝင်မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာအဆင့် အလှမယ်၊ အလှမောင်နှင့် အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲများကို စီစဉ်ကျင်းပနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို တာချီလိတ်မြို့တွင် ဇူလီယန် အမှတ် (၅) ပါလျံ (၃)၊ BT ဆီပန့်နှင့် မျက်နှာချင်းဆိုင်၊ ဘုရင့်နောင်ဈေးရုံးခန်း၊ ဂိုးလ်ဒင်းချယ်ရီဟိုတယ်၊လွိုင်နမ့်ခုံးခရီးသည်ပို့ဆောင်ရေးအဆင့်မြင့်ယာဉ်လိုင်း၊ ကျိုင်းတုံမြို့တွင် စိုင်းဟိန်းမာန် Royal Art ဆက်သွယ်ရေးရုံး၊ သစ်တစ်ပင်တောင် နှင့် မိုင်းဆတ်မြို့တွင် အိမ်အမှတ် (၁၁၂)၊ မယ်ဆွမ်တောင် (နောင်ဟီး)ရပ်တို့၌ အခမဲ့ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း 09 428231070နှင့် 09 250478077 တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~