Mister Global၊ Miss & Mrs Queen of the World Tachileik မွ ၿပိဳင္ပြဲဝင္ အလွေမာင္၊ အလွမယ္မ်ား၏ လူမႈေရးလုပ္ငန္းေဆာင္ရြက္မႈမ်ား စတင္

Mister Global၊ Miss & Mrs Queen of the World Tachileik မွ ၿပိဳင္ပြဲဝင္ အလွေမာင္၊ အလွမယ္မ်ား၏ လူမႈေရးလုပ္ငန္းေဆာင္ရြက္မႈမ်ား စတင္
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္က်င္းပမည့္ ရွမ္းျပည္အေရွ႕ပိုင္းကိုယ္စားျပဳ Mister Global၊ Miss & Mrs Queen of the World Tachileik မွ ၿပိဳင္ပြဲဝင္ အလွေမာင္၊ အလွမယ္မ်ားသည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၉)ရက္ေန႔ နံနက္(၉)နာရီက လူမႈေရးလုပ္ငန္းေဆာင္ရြက္မႈမ်ားအျဖစ္   (ပရဟိတ)ေရႊြေတာင္တန္းေက်ာင္းတိုက္တြင္ အလွဴဒါနျပဳလုပ္ၾကသည္။

Mister Global၊ Miss & Mrs Queen of the World Tachileik မွ ၿပိဳင္ပြဲဝင္မ်ားႏွင့္ POWER ZHULIAN တို႔မွ သြားေရာက္ၿပီး POWER ZHULIAN မွ ေသာက္ေရသန္႔စက္တစ္လံုး၊ Myanmar Male Pageant Academy (MMPA)မွ တာ၀န္ရိွသူမ်ားႏွင့္ ၿပိဳင္ပြဲ၀င္ အလွေမာင္၊ မယ္မ်ား၏ စုေပါင္းထည့္၀င္ေငြမ်ား အပါအ၀င္ ပရဟိတေက်ာင္းေန ကေလးငယ္ (၁၅၀) ေက်ာ္အတြက္ ဗလာစာအုပ္ႏွင့္ ေဘာပင္မ်ား၊ မုန္႔မ်ားေ၀ငွေပးခဲ့သည္။

Mister Global၊ Miss & Mrs Queen of the World Tachileik ၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၁) ရက္ေန႔ ညေန (၆)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံတရုတ္(တာ့ဟြား)ဘံုေက်ာင္း၌ က်င္းပသြားမည္ျဖစ္ၿပီး အဆိုေတာ္ဖိုးျပည့္ႏွင့္အဖြဲ႕မွ ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း သိရသည္။

Mister Global၊ Miss & Mrs Queen of the World Tachileik ကို ဦးစီးက်င္းပသည့္ MMPA သည္ တရားဝင္မွတ္ပံုတင္ထားသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ႏိုင္ငံတကာအဆင့္ အလွမယ္၊ အလွေမာင္ႏွင့္ အိမ္ေထာင္ရွင္အလွမယ္ ေရြးခ်ယ္ပြဲမ်ားကို စီစဥ္က်င္းပေနသည့္အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်ကျင်းပမည့် ရှမ်းပြည်အရှေ့ပိုင်းကိုယ်စားပြု Mister Global၊ Miss & Mrs Queen of the World Tachileik မှ ပြိုင်ပွဲဝင် အလှမောင်၊ အလှမယ်များသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်(၉)နာရီက လူမှုရေးလုပ်ငန်းဆောင်ရွက်မှုများအဖြစ် (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်တွင် အလှူဒါနပြုလုပ်ကြသည်။

Mister Global၊ Miss & Mrs Queen of the World Tachileik မှ ပြိုင်ပွဲဝင်များနှင့် POWER ZHULIAN တို့မှ သွားရောက်ပြီး POWER ZHULIAN မှ သောက်ရေသန့်စက်တစ်လုံး၊ Myanmar Male Pageant Academy (MMPA)မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အလှမောင်၊ မယ်များ၏ စုပေါင်းထည့်ဝင်ငွေများ အပါအဝင် ပရဟိတကျောင်းနေ ကလေးငယ် (၁၅၀) ကျော်အတွက် ဗလာစာအုပ်နှင့် ဘောပင်များ၊ မုန့်များေဝငှပေးခဲ့သည်။

Mister Global၊ Miss & Mrs Queen of the World Tachileik ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ညနေ (၆)နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံတရုတ်(တာ့ဟွား)ဘုံကျောင်း၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုတော်ဖိုးပြည့်နှင့်အဖွဲ့မှ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

Mister Global၊ Miss & Mrs Queen of the World Tachileik ကို ဦးစီးကျင်းပသည့် MMPA သည် တရားဝင်မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာအဆင့် အလှမယ်၊ အလှမောင်နှင့် အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲများကို စီစဉ်ကျင်းပနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~