ရွမ္းျပည္နယ္ ၿမိဳ႕နယ္ (၄)ခုတြင္ မတ္လအတြင္း ယာဥ္ႏွင့္ ယာဥ္ေမာင္းလုိင္စင္မ်ား နယ္လွည့္သက္တမ္းတိုးေပးမည္

ရွမ္းျပည္နယ္ ၿမိဳ႕နယ္ (၄)ခုတြင္ မတ္လအတြင္း ယာဥ္ႏွင့္ ယာဥ္ေမာင္းလုိင္စင္မ်ား နယ္လွည့္သက္တမ္းတိုးေပးမည္
ဖေဖော်ဝါရီ 24, 2019
By 🌸
ရွမ္းျပည္နယ္ မိုးနဲ၊ ကြတ္ခုိင္၊ နမ့္ဆန္၊ မုိင္းတံုႏွင့္ မိုင္းဆတ္ၿမိဳ႕နယ္တို႔တြင္ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆုိင္ကယ္ႏွင့္ ယာဥ္ေမာင္းလုိင္စင္မ်ား သက္တမ္းတိုးျခင္းလုပ္ငန္းမ်ားကို ၂၀၁၉ ခုႏွစ္၊ မတ္လအတြင္း ၿမိဳ႕နယ္အလုိက္ နယ္လွည့္ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

မတ္လအတြင္း တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၄)ခုရိွ ၿမိဳ႕နယ္ေပါင္း (၃၉)ခုတြင္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ရာ ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္၊ ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႕နယ္၊ ကရင္ျပည္နယ္ လိႈင္းဘြဲ႕ၿမိဳ႕နယ္ႏွင့္ ဝင္းကေက်း၊ စစ္ကိုင္းတုိင္းေဒသႀကီး ကနီ၊ ဒီပဲယင္း၊ ကေလးဝ၊ ေမာ္လုိက္ႏွင့္ မင္းကင္းၿမိဳ႕နယ္မ်ား၊ တနသၤာရီတုိင္းေဒသႀကီး ေရျဖဴႏွင့္ ပုေလာၿမိဳ႕နယ္မ်ား၊ ပဲခူးတိုင္းေဒသႀကီး ေဝါ၊ ေပါင္းတည္ႏွင့္ လက္ပံတန္းၿမိဳ႕နယ္မ်ား၊ မေကြးတုိင္းေဒသႀကီး ေခ်ာက္၊ ဂန္႔ေဂါ၊ စလင္း၊ ေအာင္လံႏွင့္ မင္းလွၿမိဳ႕နယ္မ်ားတြင္လည္းေကာင္း၊ ခ်င္းျပည္နယ္ မင္းတပ္ႏွင့္ မတူပီၿမိဳ႕နယ္မ်ား၊ မႏၱေလးတုိင္းေဒသႀကီး မတၱရာ၊ ေညာင္ဦး၊ ျမစ္သားႏွင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မ်ား၊ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္၊ ရခုိင္ျပည္နယ္ ေက်ာက္ျဖဴႏွင့္ ရမ္းၿဗဲၿမိဳ႕နယ္မ်ား၊ ရန္ကုန္တုိင္းေဒသႀကီး လွည္းကူးႏွင့္ ဒလၿမိဳ႕နယ္မ်ား၊ ဧရာဝတီတုိင္းေဒသႀကီး ငပုေတာ၊ ေညာင္တုန္း၊ ဇလြန္ႏွင့္ ဘိုကေလးၿမိဳ႕နယ္မ်ားတြင္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနက ၿမိဳ႕နယ္အလုိက္ နယ္လွည့္ေဆာင္ရြက္ေပးျခင္းကို လစဥ္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအတြင္း ၿမိဳ႕နယ္မ်ားအလိုက္ အလွည့္က်ေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

ယင္းကဲ့သို႔ နယ္လွည့္ေဆာင္ရြက္ေပးျခင္းကို ေဖေဖၚဝါရီလအတြင္းက တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၁)ခုရိွ ၿမိဳ႕နယ္ (၃၁)ခုတြင္ ေဆာင္ရြက္ေပးရာ၌ ရွမ္းျပည္နယ္အတြင္းမွ ဟိုပံုး၊ ရြာငံ၊ ခုိလမ္ႏွင့္ နမ့္ခမ္းတုိ႔တြင္ ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ် မြို့နယ် (၄)ခုတွင် မတ်လအတွင်း ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ နယ်လှည့်သက်တမ်းတိုးပေးမည်
********
ရှမ်းပြည်နယ် မိုးနဲ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်တို့တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း မြို့နယ်အလိုက် နယ်လှည့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုရှိ မြို့နယ်ပေါင်း (၃၉)ခုတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နှင့် ဝင်းကကျေး၊ စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ ဒီပဲယင်း၊ ကလေးဝ၊ မော်လိုက်နှင့် မင်းကင်းမြို့နယ်များ၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူနှင့် ပုလောမြို့နယ်များ၊ ပဲခူးတိုင်းဒေသကြီး ဝေါ၊ ပေါင်းတည်နှင့် လက်ပံတန်းမြို့နယ်များ၊ မကွေးတိုင်းဒေသကြီး ချောက်၊ ဂန့်ဂေါ၊ စလင်း၊ အောင်လံနှင့် မင်းလှမြို့နယ်များတွင်လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ ညောင်ဦး၊ မြစ်သားနှင့် ပျော်ဘွယ်မြို့နယ်များ၊ မွန်ပြည်နယ် ရေးမြို့နယ်၊ ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးနှင့် ဒလမြို့နယ်များ၊ ဧရာဝတီတိုင်းဒေသကြီး ငပုတော၊ ညောင်တုန်း၊ ဇလွန်နှင့် ဘိုကလေးမြို့နယ်များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မြို့နယ်အလိုက် နယ်လှည့်ဆောင်ရွက်ပေးခြင်းကို လစဉ် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း မြို့နယ်များအလိုက် အလှည့်ကျဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ နယ်လှည့်ဆောင်ရွက်ပေးခြင်းကို ဖေဖေါ်ဝါရီလအတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၁)ခုရှိ မြို့နယ် (၃၁)ခုတွင် ဆောင်ရွက်ပေးရာ၌ ရှမ်းပြည်နယ်အတွင်းမှ ဟိုပုံး၊ ရွာငံ၊ ခိုလမ်နှင့် နမ့်ခမ်းတို့တွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~