လိြဳင္ေကာ္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထားရိွျခင္းကို ကန္႔ကြက္ေနရာမွ NLD ရံုးေရွ႕ သပိတ္စခန္းဖြင့္ဆႏၵျပလာသည့္ လူငယ္မ်ားထံ ျပည္နယ္ပါတီဥကၠဌက ေမတၱာရပ္ခံစာေပးပို႔

လိြဳင္ေကာ္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထားရိွျခင္းကို ကန္႔ကြက္ေနရာမွ NLD ရံုးေရွ႕ သပိတ္စခန္းဖြင့္ဆႏၵျပလာသည့္ လူငယ္မ်ားထံ ျပည္နယ္ပါတီဥကၠဌက ေမတၱာရပ္ခံစာေပးပို႔
ဖေဖော်ဝါရီ 5, 2019
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕၊ ကႏၶာေဟဝန္ပန္းၿခံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ထုထားရိွျခင္းအား ဖယ္ရွားေပးရန္ ေတာင္းဆိုေနရာမွ NLD ပါတီ၏ CEC မ်ားႏွင့္ေတြ႔ခြင့္ရရန္ ျပည္နယ္ရံုးေရွ႕တြင္ သပိတ္စခန္းလာဖြင့္ေနသည့္ လူငယ္မ်ားအား သပိတ္စခန္းဆက္မဖြင့္ရန္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၄)ရက္ေန႔တြင္ ပါတီ၏ျပည္နယ္ဥကၠဌက ေမတၱာရပ္ခံစာ ေပးပို႔ထားသည္။

အဆိုပါလူငယ္မ်ားသည္ ယင္းကဲ့သို႔လုပ္ေဆာင္ေနျခင္းမွာ ရုပ္ထုကိုကန္႔ကြက္ျခင္းေခါင္းစဥ္မွ NLD ကို တိုက္ခုိက္ရာေရာက္ေနၿပီး ႏိုင္ငံေရးအျမတ္ထုတ္ေနသည့္ အသြင္သ႑ာန္ ျဖစ္လာသျဖင့္ ယင္းသို႔လုပ္ေဆာင္ျခင္းအား ကန္႔ကြက္ေၾကာင္းကိုလည္း အဆိုပါ ေမတၱာရပ္ခံစာတြင္ ေဖၚျပထားသည္။

ကယားျပည္နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္နယ္ရံုးေရွ႕တြင္ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၂)ရက္ေန႔ ညေန (၃)နာရီဝန္းက်င္ကစၿပီး ကရင္နီျပည္လူငယ္အင္အားစုအမည္ျဖင့္ လူငယ္တခ်ိဳ႕က NLD ၏ CEC မ်ားႏွင့္ေတြ႔ဆံုရန္ဟုဆိုကာ လာေရာက္ေစာင့္ဆုိင္းခဲဲ့သျဖင့္ CEC မ်ား လာေရာက္ခဲ့ပါက ေတြ႔ဆံုႏုိင္ရန္ စီစဥ္ေပးမည္ဟု ပါတီတာဝန္ရိွသူမ်ားက ေျပာၾကားခဲ့ေသာ္လည္း အဆိုပါလူငယ္မ်ားက ပါတီရံုးေရွ႕တြင္ ဆက္လက္ေစာင့္ဆုိင္းေနၾကျခင္းျဖစ္ေၾကာင္း အဆိုပါ အေၾကာင္းၾကားစာတြင္ ေဖၚျပထားခ်က္အရ သိရသည္။

“ ကၽြန္ေတာ္တို႔ သပိတ္စခန္းေကာ္မတီဝင္ေတြကို NLD ဥကၠဌက ဒီေန႔ညေနပိုင္းမွာ ေခၚေတြ႔တယ္။သူေပးထားတဲ့ စာနဲ႔ပတ္သက္ၿပီး ရွင္းျပတာပဲရွိတယ္။ ကၽြန္ေတာ္တို႔ ေတာင္းဆိုထားတာနဲ႕ပက္သက္ၿပီး တစ္စုံတစ္ရာ အေျဖမရခဲ့ဘူး“ ဟု ဆႏၵျပေနသည့္အဖြဲ႕မွ ကိုဒီးဒီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖၚဝါရီလ (၄)ရက္ေန႔ ညေနပိုင္းတြင္ေျပာသည္။

အဆိုပါ လူငယ္မ်ားအား ပါတီ CEC မ်ားျဖင့္ေတြ႔ဆံုလုိပါက ၎တို႔ လာေရာက္ခ်ိန္တြင္ ေတြ႔ဆံုနို္င္ရန္ စီစဥ္ေပးမည္ျဖစ္ေၾကာင္းႏွင့္ ယင္းကဲ့သို႔ ေစာင့္ဆုိင္းေနျခင္းေၾကာင့္ လူငယ္မ်ား အေအးမိ ေနမေကာင္းျဖစ္ၾကမည္ကို စိုးရိမ္ေၾကာင္း ေျပာၾကားေျဖရွင္းခဲ့ေသာ္လည္း လူငယ္မ်ားက ဆက္လက္ေစာင့္ဆိုင္းေနသျဖင့္ မ်ားစြာ စိတ္မေကာင္းျဖစ္ရပါသည္ဟုလည္း ေဖၚျပထားသည္။

လိြဳင္ေကာ္ၿမိဳ႕ ကႏၶာေဟဝန္ပန္းၿခံတြင္ ဇန္နဝါရီလ (၃၁) ရက္ေန႔က ဗိုလ္ခ်ဳပ္ေအင္ဆန္းေၾကးရုပ္ စိုက္ထူျခင္းကို ကန္႔ကြက္ေၾကာင္းႏွင့္ ဖယ္ရွားေပးရန္ လူငယ္အခ်ိဳ႕က ခြင့္ျပဳခ်က္မယူဘဲ ဆႏၵထုတ္ေဖၚခဲ့သျဖင့္ ဦးေဆာင္သူ (၂၀)ဦးကို ၿငိမ္းစုစီဥပေဒျဖင့္ တရားစြဲထားၿပီး ေဖေဖၚဝါရီလ (၂)ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ျဖစ္ေျမာက္ေရးေကာ္မတီက ဦးေဆာင္သည့္ လူဦးေရ (၂၀၀၀)ေက်ာ္ျဖင့္ ရုပ္ထုထားရိွျခင္းအား ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚမႈတစ္ခု လုပ္ေဆာင္ခဲ့သည္။

ၿငိမ္းစုစီဥပေဒျဖင့္ တရားစြဲဆိုခံထားရသူ (၇)ဦးက ဦးေဆာင္ၿပီး စုစုေပါင္း (၁၅)ဦးပါဝင္သည့္ သပိတ္စခန္းေကာ္မတီကို ေဖေဖၚဝါရီလ (၃)ရက္ေန႔တြင္ ဖြဲ႔စည္းလုိက္ၿပီး လိြဳင္ေကာ္ၿမိဳ႕ရိွ NLD ပါတီျပည္နယ္ရံုးေရွ႕တြင္ သပိတ္စခန္းဖြင့္လွစ္ ဆႏၵျပေနၾကျခင္းျဖစ္သည္။

အဆိုပါရုပ္တုထားရိွျခင္းႏွင့္ပတ္သက္၍ ကန္႔ကြက္လုိပါက ရုပ္ထုျဖစ္ေျမာက္ေရးေကာ္မတီႏွင့္ေဆြးေႏြးရန္ ျပည္နယ္အစိုးရက ေျဖၾကားထားၿပီးေနာက္ NLD ပါတီ၏ CEC မ်ားအေနျဖင့္ ေျဖရွင္းေပးရန္အဆိုပါ ကန္႔ကြက္သူမ်ားက ေတာင္းဆိုလာျခင္းျဖစ္ၿပီး ေဖေဖၚဝါရီလ (၄)ရက္ေန႔ ညေနအထိ ပါတီရံုးေရွ႕တြင္ ဆက္လက္ရိွေနဆဲျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းကို ကန့်ကွက်နေရာမှ NLD ရုံးရှေ့ သပိတ်စခန်းဖွင့်ဆန္ဒပြလာသည့် လူငယ်များထံ ပြည်နယ်ပါတီဥက္ကဌက မေတ္တာရပ်ခံစာပေးပို့
******************
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဓာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိခြင်းအား ဖယ်ရှားပေးရန် တောင်းဆိုနေရာမှ NLD ပါတီ၏ CEC များနှင့်တွေ့ခွင့်ရရန် ပြည်နယ်ရုံးရှေ့တွင် သပိတ်စခန်းလာဖွင့်နေသည့် လူငယ်များအား သပိတ်စခန်းဆက်မဖွင့်ရန် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄)ရက်နေ့တွင် ပါတီ၏ပြည်နယ်ဥက္ကဌက မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

အဆိုပါလူငယ်များသည် ယင်းကဲ့သို့လုပ်ဆောင်နေခြင်းမှာ ရုပ်ထုကိုကန့်ကွက်ခြင်းခေါင်းစဉ်မှ NLD ကို တိုက်ခိုက်ရာရောက်နေပြီး နိုင်ငံရေးအမြတ်ထုတ်နေသည့် အသွင်သဏ္ဍာန် ဖြစ်လာသဖြင့် ယင်းသို့လုပ်ဆောင်ခြင်းအား ကန့်ကွက်ကြောင်းကိုလည်း အဆိုပါ မေတ္တာရပ်ခံစာတွင် ဖေါ်ပြထားသည်။

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးရှေ့တွင် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်ကစပြီး ကရင်နီပြည်လူငယ်အင်အားစုအမည်ဖြင့် လူငယ်တချို့က NLD ၏ CEC များနှင့်တွေ့ဆုံရန်ဟုဆိုကာ လာရောက်စောင့်ဆိုင်းခဲ့သဖြင့် CEC များ လာရောက်ခဲ့ပါက တွေ့ဆုံနိုင်ရန် စီစဉ်ပေးမည်ဟု ပါတီတာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း အဆိုပါလူငယ်များက ပါတီရုံးရှေ့တွင် ဆက်လက်စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖေါ်ပြထားချက်အရ သိရသည်။

“ ကျွန်တော်တို့ သပိတ်စခန်းကော်မတီဝင်တွေကို NLD ဥက္ကဌက ဒီနေ့ညနေပိုင်းမှာ ခေါ်တွေ့တယ်။သူပေးထားတဲ့ စာနဲ့ပတ်သက်ပြီး ရှင်းပြတာပဲရှိတယ်။ ကျွန်တော်တို့ တောင်းဆိုထားတာနဲ့ပက်သက်ပြီး တစ်စုံတစ်ရာ အဖြေမရခဲ့ဘူး“ ဟု ဆန္ဒပြနေသည့်အဖွဲ့မှ ကိုဒီးဒီက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖေါ်ဝါရီလ (၄)ရက်နေ့ ညနေပိုင်းတွင်ပြောသည်။

အဆိုပါ လူငယ်များအား ပါတီ CEC များဖြင့်တွေ့ဆုံလိုပါက ၎င်းတို့ လာရောက်ချိန်တွင် တွေ့ဆုံနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ စောင့်ဆိုင်းနေခြင်းကြောင့် လူငယ်များ အအေးမိ နေမကောင်းဖြစ်ကြမည်ကို စိုးရိမ်ကြောင်း ပြောကြားဖြေရှင်းခဲ့သော်လည်း လူငယ်များက ဆက်လက်စောင့်ဆိုင်းနေသဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါသည်ဟုလည်း ဖေါ်ပြထားသည်။

လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ဇန်နဝါရီလ (၃၁) ရက်နေ့က ဗိုလ်ချုပ်အေင်ဆန်းကြေးရုပ် စိုက်ထူခြင်းကို ကန့်ကွက်ကြောင်းနှင့် ဖယ်ရှားပေးရန် လူငယ်အချို့က ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်ခဲ့သဖြင့် ဦးဆောင်သူ (၂၀)ဦးကို ငြိမ်းစုစီဥပဒေဖြင့် တရားစွဲထားပြီး ဖေဖေါ်ဝါရီလ (၂)ရက်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်သည့် လူဦးရေ (၂၀၀၀)ကျော်ဖြင့် ရုပ်ထုထားရှိခြင်းအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖေါ်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။

ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆိုခံထားရသူ (၇)ဦးက ဦးဆောင်ပြီး စုစုပေါင်း (၁၅)ဦးပါဝင်သည့် သပိတ်စခန်းကော်မတီကို ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး လွိုင်ကော်မြို့ရှိ NLD ပါတီပြည်နယ်ရုံးရှေ့တွင် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေကြခြင်းဖြစ်သည်။

အဆိုပါရုပ်တုထားရှိခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ရုပ်ထုဖြစ်မြောက်ရေးကော်မတီနှင့်ဆွေးနွေးရန် ပြည်နယ်အစိုးရက ဖြေကြားထားပြီးနောက် NLD ပါတီ၏ CEC များအနေဖြင့် ဖြေရှင်းပေးရန်အဆိုပါ ကန့်ကွက်သူများက တောင်းဆိုလာခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ (၄)ရက်နေ့ ညနေအထိ ပါတီရုံးရှေ့တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~