အေမရိကန္သမၼတ ထရမ့္ႏွင့္ေတြ႔ဆံုမည့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ၿပံဳယမ္းမွ ဗီယက္နမ္သို႔ ရထားျဖင့္ထြက္ခြ

အေမရိကန္သမၼတ ထရမ့္ႏွင့္ေတြ႔ဆံုမည့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ၿပံဳယမ္းမွ ဗီယက္နမ္သို႔ ရထားျဖင့္ထြက္ခြ
ဖေဖော်ဝါရီ 24, 2019
By 🌸
အေမရိကန္ျပည္ေထာင္စုသမၼတ ေဒၚနယ္ထရမ့္ႏွင့္ ေတြ႔ဆံုမည့္ ေျမာက္ကိုးရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ သည္ ၿပံဳယမ္းမွ ဗီယက္နမ္ႏိုင္ငံသို႔ ရထားစီးနင္းလာရာ တရုတ္ - ဗီယက္နမ္နယ္စပ္ ဒုံဒမ္သို႔ ေဖေဖၚဝါရီလ (၂၃)ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည (၉)နာရီတြင္ ေရာက္ရိွေၾကာင္း ၿပံဳယမ္းအေျခစိုက္သတင္းတြင္ ေဖၚျပထားေၾကာင္း သိရသည္။
အဆိုပါ အထူးရထားသည္ ေျမာက္ကိုးရီးယားႏုိင္ငံ ၿပံဳယမ္းၿမိဳ႕မွ ေဒသစံေတာ္ခ်ိန္ ညေန (၅)နာရီ၌ ထြက္ခြာသြားျခင္းျဖစ္ေၾကာင္း ရုရွားသတင္းေအဂ်င္စီတစ္ခုက သံတမန္သတင္းရင္းျမစ္ကို ကိုးကားေဖၚျပထားသည္။
ကင္ႏွင့္ ထရမ့္တို႔သည္ ဗီယက္နမ္ႏိုင္ငံ၊ ဟႏိြဳင္းၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၇)ရက္ေန႔ႏွင့္ (၂၈)ေန႔မ်ား၌ ဒုတိယအႀကိမ္ ေတြ႔ဆံုၾကမည္ျဖစ္ၿပီး ကင္အေနျဖင့္ ဗီယက္နမ္သမၼတႏွင့္လည္း ေတြ႔ဆံုဖြယ္ရိွသည္ဟု ခန္႔မွန္းထားၾကသည္။
ကင္သည္ တရုတ္ - ဗီယက္နမ္နယ္စပ္ ဒုံဒမ္မွတစ္ဆင့္ ဟႏိြဳင္းသို႔ ေမာ္ေတာ္ယာဥ္ျဖင့္သြားေရာက္မည္ဟု ယူဆရၿပီး ဘူတာႏွင့္ ၿမိဳ႕ေတာ္ၾကားလမ္းမ်ားကို  လံုၿခံဳေရးတင္းက်ပ္ထားေၾကာင္း သိရသည္။
Tachileik News Agency
Ref: Kyodo News

~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမေရိကန်သမ္မတ ထရမ့်နှင့်တွေ့ဆုံမည့် မြောက်ကိုရီးယားခေါင်းဆောင် ပြုံယမ်းမှ ဗီယက်နမ်သို့ ရထားဖြင့်ထွက်ခွာ
*********
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည့် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန္သည် ပြုံယမ်းမှ ဗီယက်နမ်နိုင်ငံသို့ ရထားစီးနင်းလာရာ တရုတ် - ဗီယက်နမ်နယ်စပ် ဒုံဒမ်သို့ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့ ဒေသစံတော်ချိန် ည (၉)နာရီတွင် ရောက်ရှိကြောင်း ပြုံယမ်းအခြေစိုက်သတင်းတွင် ဖေါ်ပြထားကြောင်း သိရသည်။

အဆိုပါ အထူးရထားသည် မြောက်ကိုးရီးယားနိုင်ငံ ပြုံယမ်းမြို့မှ ဒေသစံတော်ချိန် ညနေ (၅)နာရီ၌ ထွက်ခွာသွားခြင်းဖြစ်ကြောင်း ရုရှားသတင်းအေဂျင်စီတစ်ခုက သံတမန်သတင်းရင်းမြစ်ကို ကိုးကားဖေါ်ပြထားသည်။

ကင်နှင့် ထရမ့်တို့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့နှင့် (၂၈)နေ့များ၌ ဒုတိယအကြိမ် တွေ့ဆုံကြမည်ဖြစ်ပြီး ကင်အနေဖြင့် ဗီယက်နမ်သမ္မတနှင့်လည်း တွေ့ဆုံဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။

ကင်သည် တရုတ် - ဗီယက်နမ်နယ်စပ် ဒုံဒမ်မှတစ်ဆင့် ဟနွိုင်းသို့ မော်တော်ယာဉ်ဖြင့်သွားရောက်မည်ဟု ယူဆရပြီး ဘူတာနှင့် မြို့တော်ကြားလမ်းများကို  လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

Tachileik News Agency
Ref: Kyodo News

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~