တာချီလိတ်တွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့် ဆက်စပ်၍ စုံစမ်းမှုများပြုလုပ်စဉ် ထိုင်းနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

တာချီလိတ်တွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့် ဆက်စပ်၍ စုံစမ်းမှုများပြုလုပ်စဉ် ထိုင်းနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency


ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြန်မာတိုးနယားကွင်းတွင် ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ည(၈)နာရီကျော်က ထိုင်းနိုင်ငံသားတစ်ဦးအား ငွေပေးရန် ချိန်းဆိုပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့မှုဖြစ်ပွား၍ ဆက်စပ်ဖွယ်ရှိသော နေရာများအား ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးနေရာ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ကွင်းလမ်းရှိ ထိုင်းနိုင်ငံသား၏ နေအိမ်ကို ရှာဖွေဝရမ်းဖြင့် ညနေ (၅)နာရီ (၄၅)မိနစ်တွင် ဝင်ရောက် ရှာဖွေခြင်း ဖြစ်ကြောင်း သိရသည်။


၎င်းသည် တရားဝင်ဗီဇာဖြင့် ဝင်ရောက်နေထိုင်သူဖြစ်သဖြင့် ဗီဇာစည်းကမ်းဖေါက်ဖျက်မှုဖြင့် လဝကဥပဒေဖြင့်ပါ ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးနေပြီး တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၉/၂၀၁၉၊ မူး/စိတ် ၁၆(၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံသား သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ဆက်စပ်ဖွယ်ရှိသော နေရာများအား ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးမှုများကို လုပ်ဆောင်နေရာ ဝိန်းကျောက်ရပ်ကွက်အပိုင်း၊ တော်ကော့(တွင်း)လမ်းတွင် နေထိုင်သည့် ထိုင်းနိုင်ငံသား၏ နေအိမ်မှ အိုက်စ် (ဝ.၈)ဂရမ်ခန့်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့က တွေ့ရှိရ၍ ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြန်မာတိုးနယားကွင်းတွင် ဖေဖော်ဝါရီလ (၈)ရက်နေ့ ည(၈)နာရီကျော်က ထိုင်းနိုင်ငံသားတစ်ဦးအား ငွေပေးရန် ချိန်းဆိုပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့မှုဖြစ်ပွား၍ ဆက်စပ်ဖွယ်ရှိသော နေရာများအား ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးနေရာ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ကွင်းလမ်းရှိ ထိုင်းနိုင်ငံသား၏ နေအိမ်ကို ရှာဖွေဝရမ်းဖြင့် ညနေ (၅)နာရီ (၄၅)မိနစ်တွင် ဝင်ရောက် ရှာဖွခြေင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်တွင် ထိုင်းနိုင်ငံသား Sumeth ကို တွေ့ရပြီး၎င်းထိုင်နေသည့် ဆိုဖာခုံရှေ့တွင် အိုက်စ် အလေးချိန် (ဝ.၈)ဂရမ်ခန့်ကို အအေးစုပ်ပိုက်တပ်လျှက် ရေသန့်ဗူးတွင် ထည့်ထားသည်ကို တွေ့ရကြောင်း သိရသည်။

၎င်းသည် တရားဝင်ဗီဇာဖြင့် ဝင်ရောက်နေထိုင်သူဖြစ်သဖြင့် ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် လဝကဥပဒဖြေင့်ပါ ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးနပြေီး တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၉/၂၀၁၉၊ မူး/စိတ် ၁၆(၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~