Update News

တာခ်ီလိတ္တြင္ ထိုင္းႏုိင္ငံသားတစ္ဦးထံက မူးယစ္ေဆး၀ါး ေတြ႔ရွိရ၍ အမႈဖြင့္အေရးယူ


ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္း ထိုင္းႏိုင္ငံသားတစ္ဦးထံက မူးယစ္ေဆး၀ါး သိမ္းဆည္းရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆး၀ါး ႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒ ၁၆(ဂ)ျဖင့္ အမႈဖြင့္အေရးယူလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဟံသာ၀တီ(၁)လမ္းရွိ ေနအိမ္အခန္းငွားတြင္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦး ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔က သတင္းအရ ၀င္ေရာက္ စစ္ေဆး ရွာေဖြရာက အသက္(၂၅)ႏွစ္ ၀န္းက်င္ရွိ ထိုင္းႏိုင္ငံသား ဆုမ္ဖြန္းဆ၀ပ္ခ်ာဒိထံက အေလးခ်ိန္ (၀.၂၅)ဂရမ္၀န္းက်င္ရွိ  ICE(မက္တာဖက္တမင္း)ကို ရွာေဖြေတြ႔ရွိရ၍ ဖမ္းဆီးအေရးယူလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသည္ ထိုင္းႏိုင္ငံ ဖီဆႏူးလြတ္တြင္ ေနထိုင္သူ ျဖစ္ေၾကာင္းႏွင့္ ၎သည္ မယ္ဆိုင္မွ တဆင့္ တာခ်ီလိတ္သို႔ တရား၀င္ ၀င္ေရာက္လာသူျဖစ္ၿပီး မူးယစ္ေဆး၀ါးကို သံုးစြဲရန္ လက္၀ယ္ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးထံက ဆိုသည္။

၎အား တာခ်ိလိတ္ၿမိဳ႕ရဲစခန္းတြင္ မယ(ပ)၁၅/၂၀၁၉၊  မူးယစ္ေဆး၀ါး ႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒ ၁၆(ဂ)ျဖင့္ အမႈဖြင့္အေရးယူထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ထိုင်းနိုင်ငံသားတစ်ဦးထံက မူးယစ်ဆေးဝါး သိမ်းဆည်းရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဟံသာဝတီ(၁)လမ်းရှိ နေအိမ်အခန်းငှါးတွင် တာချီလိတ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက် စစ်ဆေး ရှာဖွေရာက အသက်(၂၅)နှစ် ဝန်းကျင်ရှိ ထိုင်းနိုင်ငံသား ဆုမ်ဖွန်းဆဝပ်ချာဒိထံက အလေးချိန် (ဝ.၂၅)ဂရမ်ဝန်းကျင်ရှိ ICE(မက်တာဖက်တမင်း)ကို ရှာဖွေတွေ့ရှိရ၍ ဖမ်းဆီးအရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသည် ထိုင်းနိုင်ငံ ဖီဆနူးလွတ်တွင် နေထိုင်သူ ဖြစ်ကြောင်းနှင့်၎င်းသည် မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ တရားဝင် ဝင်ရောက်လာသူဖြစ်ပြီး မူးယစ်ဆေးဝါးကို သုံးစွဲရန် လက်ဝယ်တွေ့ရှိရခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးထံက ဆိုသည်။

၎င်းအား တာချိလိတ်မြို့ရဲစခန်းတွင် မယ(ပ)၁၅/၂၀၁၉၊ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::