ခရီးသည္ ၁၃၄ ဦးလုိက္ပါလာသည့္ ေလယာဥ္အပိုင္စီးသည့္ ဘဂၤလားေဒ့ရွ္ႏို္င္ငံသားကို အေသပစ္ခတ္ဖမ္းဆီး

ခရီးသည္ ၁၃၄ ဦးလုိက္ပါလာသည့္ ေလယာဥ္အပိုင္စီးသည့္ ဘဂၤလားေဒ့ရွ္ႏို္င္ငံသားကို အေသပစ္ခတ္ဖမ္းဆီး
ဖေဖော်ဝါရီ 25, 2019
By 🌸
ဘဂၤလားေဒ့ရွ္ႏုိင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၄)ရက္ေန႔က ခရီးသည္တင္ေလယာဥ္တစ္စီးကို အပိုင္စီးသူတစ္ဦးအား ဘဂၤလားေဒ့ရွ္ကြန္မန္ဒိုအဖြဲ႕က ပစ္ခတ္ဖမ္းဆီးလုိက္ေၾကာင္း သိရသည္။

ေလယာဥ္အပိုင္စီးသူမွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံသား အသက္ (၂၆)ႏွစ္အရြယ္ မဟာဒီဟုသိရၿပီး စစ္တေကာင္းေလဆိပ္သို႔ ေလယာဥ္ေဘးကင္းစြာ ဆင္းသက္ၿပီးခ်ိန္တြင္ အထူးတပ္ဖြဲ႕က ၎အား အေသပစ္ခတ္ဖမ္းဆီးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ခရီးသည္ (၁၃၄)ဦးႏွင့္ ေလယာဥ္အမႈထမ္း (၁၄)ဦးပါဝင္သည့္ Bangladesh Biman ေလယာဥ္ BG147 ကို ေဘးမသီရန္မခ ကယ္တင္ႏုိင္လုိက္သည္ဟု သက္ဆုိင္ရာက သတင္းထုတ္ျပန္ထားသည္။

“ကၽြန္ေတာ္တုိ႔ အထူးတပ္ဖြဲ႕က လက္နက္ခ်ဖို႔ေျပာေပမဲ့ ျငင္းဆန္တဲ့အတြက္ ပစ္ခတ္လုိက္ရတာပါ။ သူ႔လက္ထဲက ပစၥတိုကလြဲလုိ႔ ဘာမွမေတြ႕ရဘူး”ဟု ဘဂၤလားေဒ့ရွ္စစ္တပ္အရာရိွတစ္ဦးက ေျပာသည္။

ေလဆိပ္အား ရဲတပ္ဖြဲ႕၊ စစ္တပ္၊ ေရတပ္အဖြဲ႕မ်ားျဖင့္ ပိတ္ဆို႔လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒါကာကေန ေလယာဥ္တက္ၿပီး ဆယ္မိနစ္ေလာက္မွာ ေသနတ္ႏွစ္ခ်က္ ပစ္ေဖာက္တယ္”ဟု ခရီးသည္တစ္ဦးက ေျပာၾကားသည္။

ေလဆိပ္တြင္ အထူးတပ္ဖြဲ႕က ျပင္ဆင္ေနခ်ိန္တြင္ ေလဆိပ္တာဝန္ရိွသူက ျပန္ေပးဆြဲသူအား ဖုန္းမွ ညိႇႏိႈင္းေနခဲ့ရာ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာႏွင့္ စကားေျပာလိုသည္ဟု ျပန္ေပးဆြဲသူက ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

ျပန္ေပးဆြဲသူက ေလယာဥ္ေပၚတြင္ ဗံုးသယ္လာသည္ဟု ၿခိမ္းေျခာက္ခဲ့ၿပီး ခရီးသည္မ်ားက အေရးေပၚထြက္ေပါက္မ်ားဆီ ထြက္ေျပးခဲ့ၾကေၾကာင္း သိရသည္။

ေလဆိပ္ဆင္းသက္ၿပီး ပစ္ခတ္ဖမ္းဆီးခ်ိန္မွာ ဆယ္မိနစ္ခန္႔သာၾကာျမင့္ခဲ့ၿပီး ေလယာဥ္အား လိုအပ္သည့္ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ ဆက္လက္ပ်ံသန္းခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

ျပန္ေပးဆြဲသူလက္မွေတြ႕ရသည့္ ေသနတ္မွာ အတုအစစ္မခြဲျခားရေသးေၾကာင္းႏွင့္ ေလဆိပ္စစ္ေဆးေရးမ်ားကို ျဖတ္ေက်ာ္၍ လက္နက္သယ္ေဆာင္လာျခင္းႏွင့္ပတ္သက္၍ စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။
Ref:Channel News Asia

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ခရီးသည် ၁၃၄ ဦးလိုက်ပါလာသည့် လေယာဉ်အပိုင်စီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို အသေပစ်ခတ်ဖမ်းဆီး
**********
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့က ခရီးသည်တင်လေယာဉ်တစ်စီးကို အပိုင်စီးသူတစ်ဦးအား ဘင်္ဂလားဒေ့ရှ်ကွန်မန်ဒိုအဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

လေယာဉ်အပိုင်စီးသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အသက် (၂၆)နှစ်အရွယ် မဟာဒီဟုသိရပြီး စစ်တကောင်းလေဆိပ်သို့ လေယာဉ်ဘေးကင်းစွာ ဆင်းသက်ပြီးချိန်တွင် အထူးတပ်ဖွဲ့က ၎င်းအား အသေပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည် (၁၃၄)ဦးနှင့် လေယာဉ်အမှုထမ်း (၁၄)ဦးပါဝင်သည့် Bangladesh Biman လေယာဉ် BG147 ကို ဘေးမသီရန်မခ ကယ်တင်နိုင်လိုက်သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ အထူးတပ်ဖွဲ့က လက်နက်ချဖို့ပြောပေမဲ့ ငြင်းဆန်တဲ့အတွက် ပစ်ခတ်လိုက်ရတာပါ။ သူ့လက်ထဲက ပစ္စတိုကလွဲလို့ ဘာမှမတွေ့ရဘူး”ဟု ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတစ်ဦးက ပြောသည်။
လေဆိပ်အား ရဲတပ်ဖွဲ့၊ စစ်တပ်၊ ရေတပ်အဖွဲ့များဖြင့် ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါကာကနေ လေယာဉ်တက်ပြီး ဆယ်မိနစ်လောက်မှာ သေနတ်နှစ်ချက် ပစ်ဖောက်တယ်”ဟု ခရီးသည်တစ်ဦးက ပြောကြားသည်။

လေဆိပ်တွင် အထူးတပ်ဖွဲ့က ပြင်ဆင်နေချိန်တွင် လေဆိပ်တာဝန်ရှိသူက ပြန်ပေးဆွဲသူအား ဖုန်းမှ ညှိနှိုင်းနေခဲ့ရာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် စကားပြောလိုသည်ဟု ပြန်ပေးဆွဲသူက တောင်းဆိုခဲ့ကြောင်း သိရသည်။
ပြန်ပေးဆွဲသူက လေယာဉ်ပေါ်တွင် ဗုံးသယ်လာသည်ဟု ခြိမ်းခြောက်ခဲ့ပြီး ခရီးသည်များက အရေးပေါ်ထွက်ပေါက်များဆီ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

လေဆိပ်ဆင်းသက်ပြီး ပစ်ခတ်ဖမ်းဆီးချိန်မှာ ဆယ်မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး လေယာဉ်အား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဆက်လက်ပျံသန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲသူလက်မှတွေ့ရသည့် သေနတ်မှာ အတုအစစ်မခွဲခြားရသေးကြောင်းနှင့် လေဆိပ်စစ်ဆေးရေးများကို ဖြတ်ကျော်၍ လက်နက်သယ်ဆောင်လာခြင်းနှင့်ပတ်သက်၍ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Ref:Channel News Asia

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~