ဘဂၤလားေဒ့ရွ္မွ ဒူဘိုင္းသို႔ ပ်ံသန္းမည့္ ေလယာဥ္အား အပိုင္စီးရန္ ႀကိဳးစားသူ ကိုင္ေဆာင္သည့္ ေသနတ္မွာ အစစ္မဟုတ္ေၾကာင္း ေသဆံုးသြားမွ သိရ

ဘဂၤလားေဒ့ရွ္မွ ဒူဘိုင္းသို႔ ပ်ံသန္းမည့္ ေလယာဥ္အား အပိုင္စီးရန္ ႀကိဳးစားသူ ကိုင္ေဆာင္သည့္ ေသနတ္မွာ အစစ္မဟုတ္ေၾကာင္း ေသဆံုးသြားမွ သိရ
ဖေဖော်ဝါရီ 26, 2019
By Tachileik News Agency

ဘဂၤလားေဒ့ရွ္မွ ဒူဘိုင္းသို႔ ပ်ံသန္းမည့္ ေလယာဥ္အား အပိုင္စီးရန္ ႀကိဳးစားသျဖင့္ အေသပစ္ခတ္ ဖမ္းဆီးခံရသည့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံသားတြင္ ကေလးကစားသည့္ ေသနတ္သာ ပါဝင္ၿပီး ၎ၿခိမ္းေျခာက္သကဲ့သို႔ ေပါက္ကြဲေစတတ္ေသာ ပစၥည္းမ်ားလည္း ပါဝင္ျခင္း မရိွေၾကာင္း အယ္လ္ဂ်ာဇီးယား သတင္းဌာနက ေဖၚျပလုိက္သည္။

ဘဂၤလားေဒ့ရွ္ နုိင္ငံပိုင္ ေလေၾကာင္းလုိင္း ေလယာဥ္ျဖင့္ လုိက္ပါလာသည့္ ခရီးသည္အမ်ိဳးသားက ေသနတ္ကို ေဝွ႔ယမ္းၿခိမ္းေျခာက္ၿပီး ေလယာဥ္မွဴးအခန္းအတြင္းသို႔ ဝင္ေရာက္ရန္ ႀကိဳးပမ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေလယာဥ္အပိုင္စီးစဥ္က ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာႏွင့္ စကားေျပာခြင့္ေတာင္းခဲ့သည့္ အဆိုပါ အမ်ိဳးသားသည္ ဇနီးျဖစ္သူႏွင့္ အဆင္မေျပျဖစ္ၿပီး စိတ္ထိခိုက္ေနသူျဖစ္သည္ဟုလည္း သိရိွရၿပီး ေလယာဥ္ျပန္ေပးဆြဲျခင္း၏ အေၾကာင္းရင္းကို တာဝန္ရိွသူမ်ားက စံုစမ္းဆဲျဖစ္သည္ဟု ဆိုသည္။

အဆိုပါ ေလယာဥ္သည္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ၿမိဳ႕ေတာ္ ဒါကာမွေန၍ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၄)ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ညေန(၄)နာရီ (၃၅)မိနစ္တြင္ ဒူဘိုင္းသို႔ထြက္ခြာခဲ့ျခင္းျဖစ္ကာ မိနစ္ (၄၀)အၾကာတြင္ စစ္တေကာင္းေလဆိပ္သို႔ အေရးေပၚ ဆင္းသက္ခဲ့ျခင္းျဖစ္သည္။

ေလယာဥ္ဆင္းသက္ၿပီးေနာက္ ျပန္ေပးဆြဲသူအား လက္နက္ခ်ခုိင္းစဥ္ ကစားစရာေသနတ္တုျဖင့္ ပစ္ခတ္ဟန္ ျပဳသျဖင့္ အထူးတပ္ဖြဲ႕က ပစ္သတ္လုိက္ျခင္းျဖစ္သည္ဟု ထုတ္ျပန္လုိက္ေၾကာင္း သိရသည္။

ျပန္ေပးသမားျဖစ္သည့္ အသက္(၂၅)ႏွစ္အရြယ္ ဘဂၤလားေဒ့ရွ္ႏုိင္ငံသား မဟာဒီသည္ ေသနတ္ ဒဏ္ရာမ်ားျဖင့္ ေဆးရံုမေရာက္မီ ေသဆံုးသြားေၾကာင္းသိရၿပီး ၎သည္ အၾကမ္းဖက္သမားျဖစ္သည္ဟု တာဝန္ရိွသူမ်ားက သတင္းထုတ္ျပန္သည္။

အဆိုပါ ခရီးစဥ္တြင္ လုိက္ပါသြားသည့္ ခရီးသည္ (၁၄၃)ဦးႏွင့္ ေလယာဥ္အမႈထမ္း (၇)ဦးတုိ႔မွာ အႏၱရာယ္ကင္းစြာျဖင့္ ဒူဘုိင္းသို႔ ဆက္လက္ထြက္ခြာသြားႏုိင္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
Ref; Aljazeera
Photo: fighterjetsworld.com


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဘင်္ဂလားဒေ့ရှ်မှ ဒူဘိုင်းသို့ ပျံသန်းမည့် လေယာဉ်အား အပိုင်စီးရန် ကြိုးစားသဖြင့် အသေပစ်ခတ် ဖမ်းဆီးခံရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွင် ကလေးကစားသည့် သေနတ်သာ ပါဝင်ပြီး၎င်းခြိမ်းခြောက်သကဲ့သို့ ပေါက်ကွဲစေတတ်သော ပစ္စည်းများလည်း ပါဝင်ခြင်း မရှိကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြလိုက်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် လေကြောင်းလိုင်း လေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်အမျိုးသားက သေနတ်ကို ဝှေ့ယမ်းခြိမ်းခြောက်ပြီး လေယာဉ်မှူးအခန်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ်အပိုင်စီးစဉ်က ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် စကားပြောခွင့်တောင်းခဲ့သည့် အဆိုပါ အမျိုးသားသည် ဇနီးဖြစ်သူနှင့် အဆင်မပြဖြေစ်ပြီး စိတ်ထိခိုက်နေသူဖြစ်သည်ဟုလည်း သိရှိရပြီး လေယာဉ်ပြန်ပေးဆွဲခြင်း၏ အကြောင်းရင်းကို တာဝန်ရှိသူများက စုံစမ်းဆဲဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လေယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှနေ၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ ဒေသစံတော်ချိန် ညနေ(၄)နာရီ (၃၅)မိနစ်တွင် ဒူဘိုင်းသို့ထွက်ခွာခဲ့ခြင်းဖြစ်ကာ မိနစ် (၄၀)အကြာတွင် စစ်တကောင်းလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ဆင်းသက်ပြီးနောက် ပြန်ပေးဆွဲသူအား လက်နက်ချခိုင်းစဉ် ကစားစရာသေနတ်တုဖြင့် ပစ်ခတ်ဟန် ပြုသဖြင့် အထူးတပ်ဖွဲ့က ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပြန်ပေးသမားဖြစ်သည့် အသက်(၂၅)နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မဟာဒီသည် သေနတ် ဒဏ်ရာများဖြင့် ဆေးရုံမရောက်မီ သေဆုံးသွားကြောင်းသိရပြီး၎င်းသည် အကြမ်းဖက်သမားဖြစ်သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်သည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါသွားသည့် ခရီးသည် (၁၄၃)ဦးနှင့် လေယာဉ်အမှုထမ်း (၇)ဦးတို့မှာ အန္တရာယ်ကင်းစွာဖြင့် ဒူဘိုင်းသို့ ဆက်လက်ထွက်ခွာသွားနိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
Ref; Aljazeera
Photo: fighterjetsworld.com

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~